Connect with us

Hi, what are you looking for?

ဆောင်းပါး

မီးမီးလေး လက် ပြန်ကောင်းပြီ

ဇန်နဝါရီလဆန်းရဲ့ အေးစိမ့်စိမ့် ညနေခင်းတစ်ခုမှာကရင်နီပြည်နယ်ရဲ့ တောတွင်းတနေရာမှာဖွင့်လှစ်ထားတဲ့ အိုဝမ်း(O-1)ဆေးရုံကို သမီးလေးတစ်ယောက်ရောက်လာခဲ့တယ်။

စိတ်မကောင်းစရာတစ်ခုက ဝဝကစ်ကစ်ဖြူဖြူဖွေးဖွေးနဲ့ အသက်လေးလအရွယ် သမီးလေးဟာ သူ့အရွယ်နဲ့ မမျှတဲ့ လက်နက်ကြီးစထိပြီး ဒဏ်ရာတွေနဲ့အတူ ရောက်ရှိလာတာပါ။

ဟာနာဆန်/People’s Spring

ဇန်နဝါရီလဆန်းရဲ့ အေးစိမ့်စိမ့် ညနေခင်းတစ်ခုမှာကရင်နီပြည်နယ်ရဲ့ တောတွင်းတနေရာမှာဖွင့်လှစ်ထားတဲ့ အိုဝမ်း(O-1)ဆေးရုံကို သမီးလေးတစ်ယောက်ရောက်လာခဲ့တယ်။

စိတ်မကောင်းစရာတစ်ခုက ဝဝကစ်ကစ်ဖြူဖြူဖွေးဖွေးနဲ့ အသက်လေးလအရွယ် သမီးလေးဟာ သူ့အရွယ်နဲ့ မမျှတဲ့ လက်နက်ကြီးစထိပြီး ဒဏ်ရာတွေနဲ့အတူ ရောက်ရှိလာတာပါ။

လက်နက်ကြီးအစဟာ သမီးလေးရဲ့ လက်ကို ဟိုဘက်ဒီဘက် ဖောက်ဝင်သွားတယ်။ အရွယ်နဲ့မမျှတဲ့ ဒဏ်ရာကြောင့် သမီးလေးရဲ့အသံဟာ အိုဝမ်းဆေးရုံငယ်လေးထဲမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေတယ်။

Public Service Announcement

Public Service Announcement

ဆေးရုံမရောက်ခင်တွေ့တဲ့သူတွေဆိုရင် ကလေးလေး လက်ပြတ်သွားပြီလို့ပြောတဲ့သူကပြောကြတယ်။

“ကလေးငယ်ငယ်နဲ့ဆို ဒါဏ်ရာကလည်း တော်တော်ဆိုးတာကိုး။ လက်ဖျံရိုးအဖျားပိုင်းက ထုတ်ခြင်းပေါက်ပဲ။”လို့ ခွဲစိတ်ကုသရာမှာပါဝင်ခဲ့တဲ့ ဆရာတစ်ဦးက ပြောပါတယ်။

အဲဒီသမီးလေးဟာ အဲဒီနေ့မနက် ၁၁ နာရီလောက်မှာ သူတို့နေတဲ့နေအိမ်လေးပေါ်ကို လက်နက်ကြီးကျပြီး ဒဏ်ရာရခဲ့တယ်။ သူနဲ့အတူတူလက်နက်ကြီးအစထိခဲ့တဲ့ သူ့အမဝမ်းကွဲနဲ့ သူ့အဒေါ် မိန်းကလေးနှစ်ယောက်ကတော့ ဆေးရုံပေါ်တောင် ရောက်မလာနိုင်တော့ဘဲ ဘဝတပါးကို မသက်မသာ ကူးပြောင်းသွားခဲ့ကြတယ်။

စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုတွေနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် သမီးလေးဟာ အိုဝမ်းဆေးရုံကို ညနေ ၅ နာရီလောက်မှ ရောက်လာနိုင်ခဲ့တယ်။ ရောက်လာတော့လည်း သမီးလေးရဲ့ရှေ့မှာ ခွဲခန်းဝင်နေရတဲ့လူနာတွေက တပုံတပင်မို့ စောင့်ရတယ်။

သူ့အမေကတော့ သူတို့ဘာသာအရ ဆုတောင်းနေတယ်။ သူတို့သမီးလေးကို အတက်နိုင်ဆုံး ကြိုးစားပေးဖို့ တောင်းပန်တယ်။ ဆေးရုံက ဆရာဆရာမတွေကလည်း ကလေးလေးရဲ့လက်ကိုမဖြတ်ရအောင်လုပ်ပေးမယ်လို့အားပေးခဲ့တယ်။အဲညက ၁၁ နာရီဝန်းကျင်လောက်မှာသူ့ကိုခွဲခန်းစဝင်ပြီးတော့ ခွဲခန်းမှာကုပေးတယ်။ သမီးလေးရဲ့လက်ဟာ လက်နက်ကြီးအစကြောင့် အရိုးလေးတွေကျိုး၊ သွေးကြောတွေပြတ်၊ အသားတွေ စုတ်ဖွာသွားခဲ့တယ်။ အရွယ်နဲ့မမျှတဲ့ဒဏ်ရာတွေကြောင့်ကလေးကိုကုသဖို့ဆရာဆရာမတွေခေါင်းပူခဲ့ကြတယ်။

သမီးလေးဟာလေးလအရွယ်သာရှိသေးတာမို့ ဆရာဆရာမတွေ သေချာဂရုတစိုက်လုပ်ကြရတယ်။

” မေ့ဆေးထုံဆေးပေးရမှာတွေကအစ ချိန်ထိုးရတာတွေ အများကြီး ရှိတယ်။ ဘယ်ဆေးကိုသုံးရမလဲ ဒါမျိုးတွေကအစ။”လို့ O-1 ဆေးရုံ တာဝန်ခံ ဒေါက်တာTracyက ပြောပြတယ်။

သမီးလေးဟာ နောက်ဆက်နေရမယ့်သက်တမ်း အများကြီး ကျန်သေးတဲ့အတွက်ကြောင့်မို့လက်မဖြတ်ရရေးကိုတော့ အဓိကဦးစားပေးပြီးတော့ လုပ်ခဲ့တယ်လို့ ဒေါက်တာTracyက ပြောတယ်။

မေ့ဆေးထုံဆေးအဖွဲ့တွေကလည်း အဆင်ပြေဆုံး၊ ကလေးကို သက်သောင့်သက်သာအဖြစ်ဆုံး ဖြစ်အောင်လုပ်ခဲ့ကြတယ်။ ကလေးက လေးလအရွယ်သာ ရှိသေးတာကြောင့် အခက်အခဲက တော်တော်များခဲ့တယ်။ လက်ရိုးလေးတွေ ရသလောက် ပြန်ဆက်တယ်။ အသားလေးတွေ ပေါင်းချုပ်တယ်။

ချည်စရာရှိတာ ချည်၊ ဖယ်စရာရှိတာ ဖယ်တယ်။ O-1 team အနေနဲ့ ရတဲ့အချိန်လေးအတွင်း အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့တယ်လို့ သိရတယ်။ အကြမ်းဖျင်းခွဲစိတ်မှု ၃ နာရီဝန်းကျင်လောက်ပဲ ကြာတယ်။ သမီးလေးရဲ့ခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပါတယ်။ ဆေးရုံပေါ်မှာ နေရတဲ့ရက်တွေမှာလည်း သမီးလေးကို အကုန်လုံးက ဝိုင်းစောင့်ရှောက်ခဲ့ကြတယ်။

“အရိုးဆရာဝန်ကစလို့ ခွဲခန်းထဲက နာ့စ်တွေ၊ သူနာပြုတွေ၊ ခွဲခန်းသန့်ရှင်းရေးလုပ်ပေးတဲ့အဒေါ်တွေကအစ ဆေးရုံတက်နေရတဲ့ကာလအတွင်း ဆေးရုံတာဝန်ကျဆရာဆရာမတွေ အကုန်လုံးရဲ့ အားပေါ့လေ။”လို့ဒေါက်တာTracyကပြောတယ်။

ရက်သတ္တပတ်အနည်းငယ်အကြာမှာ သမီးလေးရဲ့ ဒဏ်ရာတွေသက်သာလာလို့ ဆေးရုံဆင်းခွင့်ရတယ်။စေတနာလည်း မှန်သလို ပညာလည်း ပါတဲ့အတွက် ခွဲစိတ်မှုလေး အဆင်ပြေခဲ့သလို သမီးလေးရဲ့လက်ကလေးလည်း အမြန်ဆုံး ပြန်ကောင်းလာခဲ့တယ်။

သမီးလေးရဲ့ လက်ချောင်းကလေးတွေတောင် ပြန်လှုပ်လာတယ်လို့ ဒေါက်တာTracy ကပြောတယ်။ O-1 ဆေးရုံအဖွဲ့သားတွေ ပျော်ခဲ့ရတယ်။ ပီတိတွေ ဖြစ်ခဲ့ရတယ်။

သမီးလေးကို ကုသပေးခဲ့တဲ့ O-1 Medical Team ရဲ့ O-1 ဆေးရုံဟာ ကရင်နီပြည်နယ်မှာ ပြည်သူလူထုကျန်းမာရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဆေးရုံတစ်ခုပါ။ ကရင်နီပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုအသီးသီးကရဲဘော်တွေအတွက် အခြေခံကျန်းမာရေးဝန်ဆောင်တွေ၊ ကူးစက်ရောဂါကုသရေးဝန်ဆောင်မှုတွေ၊ မကူးစက်တတ်တဲ့ ရောဂါများ ကုသရေးဝန်ဆောင်မှုတွေကို စနစ်တကျရောဂါရှာဖွေရေးလုပ်ငန်းများနဲ့ တွဲဖက်ပြီး လုပ်ကိုင်နေတဲ့အပြင် အရေးပေါ်ခွဲစိတ်ကုသမှုတွေကိုလည်း တတ်စွမ်းသမျှလုပ်ကိုင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရှေ့တန်းစစ်မြေပြင်ကနေ နောက်အထိုင်ဆေးရုံတွေအထိ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်တဲ့ ဆေးဝါးပစ္စည်း ကိရိယာတွေ မပြည့်စုံ၊ မလုံ

လောက်တဲ့အခါမှာ ရဲဘော်တွေရဲ့ အသက်‌‌​တွေကို လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေ ရှိခဲ့ဖူးပါတယ်။

O-1 Hospital ကို စတင်တည်ထောင်ခဲ့တာ လာမယ့် ၂၀၂၅ မေလကုန်ဆို ၄ နှစ်ပြည့်ပါပြီ။ ၂၀၂၁ မေလအစကတည်းကဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ မြေပြင်က သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေ ပူးပေါင်းပြီး တစ်ပိုင်တစ်နိုင် ဆေးတွေဖြည့်ပေး၊ Cdm ကျန်းမာရေးလုပ်သားတွေကို တတ်အားသရွေ့ကူညီပေးရင်းကနေ ဒေသခံ ကျန်းမာရေး CDM ဝန်ထမ်း‌တွေရဲ့အကူအညီနဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆို(အနောက်ခြမ်း) တစ်နေရာမှာ ဆေးပေးခန်းအနေနဲ့ O-1 Medical Team ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။

ဆေးပေးခန်းလေးအဆင့်မှသည် ပြည်သူတွေ ၊ရဲဘော်တွေအတွက် အဓိကခွဲစိတ်ကုသမှု ‌( major surgery cases)တွေ အပြင် Medical case တွေ , Child case and OG case တွေပါ ကုသမှုပေးနေနိုင်တဲ့ ဆေးရုံအဖြစ် ဆက်လက်ကြိုးစားရပ်တည်လျက်ရှိပါတယ်။

O-1 Medical Team အနေနဲ့ စစ်ရှောင်ပြည်သူတွေ ၊ ရဲဘော်တွေအတွက် လိုအပ်သော ဆေးကုသမှု‌တွေကို ဆက်လုပ်သွားမယ်လို့ သိရတယ်။

O-1 Medical Teamရဲ့ ကုသပေးမှုနဲ့ အသက်ရှင်သန်ခွင့်ရခဲ့တဲ့သူတွေ၊ ရောဂါဝေဒနါ သက်သာပျောက်ကင်းသွားသူတွေ ကရင်နီပြည်နယ်မှာ အများကြီးပါ။ လက်တလော သမီးလေးရဲ့လက်ကို အကြပ်အတည်းအခက်အခဲတွေကြားကနေ မဖြတ်မတောက်ရဘဲ အကောင်းဆုံးကုသပေးလိုက်နိုင်လို့ အိုဝမ်းတစ်ဖွဲ့လုံး ပျော်မဆုံး​ဖြစ်ခဲ့ကြတယ်။

“သူ့တစ်သက်လုံး ရှေ့ဆက်ရမယ့်သက်တမ်းတစ်ခုမှာ လက်ပြတ်ကြီးနဲ့မနေရတော့ဘူးဆိုတဲ့ အမြင်လေးပေါ့။ အဲဒီအသိလေးကတော့ တော်တော်လေးပျော်ဖို့ကောင်းတယ်။ ကျွန်မတို့ဘယ်လောက် ပင်ပန်းခဲ့ရ tပင်ပန်းခဲ့ရ တန်တယ်ပေါ့နော်။ အဲဒီဖီလင်တစ်ခုပဲ။ ကျွန်မတို့ပျော်တယ်။”လို့ ဒေါက်တာ Tracy က ပြောတယ်။

ဆက်စပ်သတင်းများ

သတင်း

ထားဝယ်မြို့မှတဆင့် မြစ်ကြောင်းအတိုင်းစုန်ဆင်းလာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် စက်လှေတစ်စင်းအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ မီးလောင်သွားကြောင်း ထားဝယ်တပ်ပေါင်းစုက ယနေ့(မတ်လ ၁၁ရက်) အသိပေး ထုတ်ပြန်သည်။

သတင်း

မူဆယ်မြို့သည် စစ်ကောင်စီထိန်းချုပ်ထားသည် မြို့ဖြစ်ပြီး ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်နေသည်ဟု မြို့ခံများကပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက် တိုးလာပြီး စုစုပေါင်း ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၇ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

အာရက္ခတပ်တော်(AA) တိုက်ခိုက်သိမ်းပိုက်ထားသည့် သံတွဲမြို့ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂၆ရက်မနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်နေသည့် အရပ်သား ပြည်သူ ၁၄ဦး သေဆုံးကာ ၂၅ဦး ဒဏ်ရာရခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။