Connect with us

Hi, what are you looking for?

ဆောင်းပါး

ပဲခူးတိုင်းမှာစစ်တပ်စစ်​​ကြောင်းပျက်အောင် ဘယ်လိုတိုက်ခဲ့ကြလဲ

ပဲခူးတိုင်းမှာ ၂၀၂၆ နှစ်ဆန်းပိုင်းကတည်းက PDF ​​​တွေအပါအဝင် ​တော်လှန်​ရေးတပ်​တွေရဲ့ ထိုးစစ်အရှိန် မြှင့်လာခဲ့တာမှာ ဇန်နဝါရီ ၂၈ ရက်​နေ့ကလည်း ပဲခူးတိုင်းအ​ရှေ့ရှမ်းမှာ စစ်တပ်စစ်​ကြောင်း ပျက်​အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။

People’s Spring

ပဲခူးတိုင်းမှာ ၂၀၂၆ နှစ်ဆန်းပိုင်းကတည်းက PDF ​​​တွေအပါအဝင် ​တော်လှန်​ရေးတပ်​တွေရဲ့ ထိုးစစ်အရှိန် မြှင့်လာခဲ့တာမှာ ဇန်နဝါရီ ၂၈ ရက်​နေ့ကလည်း ပဲခူးတိုင်းအ​ရှေ့ရှမ်းမှာ စစ်တပ်စစ်​ကြောင်း ပျက်​အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။

ပဲခူးတိုင်း ၊ပေါက်ခေါင်းမြို့နဲ့ အုတ်တွင်းမြို့ကိုဆက်သွယ်ထားတဲ့ လမ်းပိုင်းကိုနယ်​မြေရှင်းလင်းဖို့စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်းပျက်​အောင်တိုက်ခိုက်ခဲ့တာပါ။စစ်​ကြောင်းတစ်​ကြောင်းလုံးပျက်​အောင် ဘယ်တိုက်ခိုက်ခဲ့တယ်ဆိုတာကိုအခုတစ်ပါတ်​ပြောပြပါမယ် ။

ဇန်နဝါရီ ၂၈ရက် ညနေပိုင်းမှာ ပေါက်ခေါင်းမြို့က​နေ အုတ်တွင်းမြို့ နယ်ကိုမြေရှင်းလင်းဖို့ထွက် လာတဲ့ အင်အား ၁၅၀ ပါ စစ်တပ် စစ်ကြောင်းကို ပြောင်းချောင်းကျေးရွာအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကဖြတ်​တောက် တိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲဒီ စစ်ကြောင်းဟာနယ်မြေရှင်းဖို့ ဇန်နဝါရီ ၂၀ရက်က စပြီး စစ်ကြောင်းထိုး ဝင်လာတာကို သတင်းရတဲ့အတွက် PDF ပူးပေါင်းတပ်က ​​စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။

မထင်ထားတဲ့အချိန်မှာ ဖြတ်​တောက်တိုက်ခိုက်ခဲ့တာဖြစ်သလို၊ ၅ နာရီကြာတိုက်ခိုက်ခဲ့တာ​ကြောင့် စစ်တပ်အထိနာခဲ့ပါတယ် ။ PDF ၊ပကဖ ပူး​ပေါင်းတပ်​တွေကတိုက်ခိုက်ရင် နာရီအနည်းငယ်သာကြာတက်​ပေမယ့် ၅ နာရီကြာထိုးစစ်မှာ စစ်တပ် အငိုက်မိခဲ့ပါတယ် ။

“ တိုက်ပွဲထိတွေ့မှုဖြစ်တဲ့အချိန်မှာသူတို့ဘက်က ပထမတုန်းက တစ်နာရီ နှစ်နာရီ လောက်ပဲခဏပဲပစ်ပြီး ဆုတ်မယ်ထင်တာ၊ ကျွန်တော်တို့က အဲ့လိုမျိုးမဟုတ်ဘူး။ ကျွန်တော်တို့က ဒီစစ်ကြောင်းတစ်ကြောင်းလုံးကို ပျက်အောင်တိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ပုံဖော်တိုက်ခဲ့ကြတာဖြစ်တယ်။ အဲ့မှာ ၅ နာရီဝန်းကျင်လောက်ကြာတဲ့အခါမှာ သူတို့ဘက်က တပ်ဆုပ်ခွာထွက်ပြေးတဲ့ အနေအထားဖြစ်တယ်” လို့ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ရဲ့ တာဝန်ခံက​ ​ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ တိုင်းဗဟို (၆) တပ်မှအင်အား(၁၂၀)ဝန်းကျင်နဲ့ ပြည် -ပေါက်ခေါင်း ကို​​ရောက်လာတာပါ ။အဲဒီ​နောက် အင်အား (၃၀)ခန့် ထပ် ဖြည့်ပြီး အုတ်တွင်း -ပေါက်ခေါင်း လမ်းပိုင်းကို နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ် ။

PDF ​တွေက သတင်းကို​သေချာ​ထောက်လှမ်းပြီး ဗျူဟာ (၂၂)ကွပ်ကဲမှု နဲ့ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်မှာရှိတဲ့ အမှတ် (၃၆၀၁)တပ်ရင်း တပ်ခွဲ(5) ၊ ဗျူဟာ (၂၂)ကွပ်ကဲမှုအောက်ရှိ ဗျူဟာ ရုံးတိုက်ခိုက်​ရေးတပ်ဖွဲ့ ၊ ပဲခူးခရိုင်တပ်ရင်း (၃၇၀၁) တပ်ခွဲ (၂)နဲ့ တပ်ရင်းရုံးအဖွဲ့၊သာယာဝတီခရိုင်တပ်ရင်း (၃၈၀၁) တပ်ရင်းကတပ်ခွဲ (၂)၊တပ်ခွဲ(၆) ၊တပ်ရင်းရုံးတပ်ဖွဲ့၊သာယာဝတီခရိုင်( ၃၈၀၂) တပ်ရင်း မှ တပ်ခွဲ (၁)၊တပ်ခွဲ( ၅ )BTZM ၊သာယာဝတီခရိုင် တပ်ရင်း( ၃၈၀၃) တပ်ရင်း-Myanmar Defence Force (MDF) ၊ သာယာဝတီခရိုင်ပကဖ တပ်ဖွဲ့ (၁)ရဲ့တပ်ခွဲ (၃)၊ သာယာဝတီခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့၊ ပြည်ခရိုင်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့၊ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့-၇ တပ်ခွဲ (၁)တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲမှာ စစ်တပ်ကစစ်သား ၅၀ ဝန်းကျင် သေဆုံးပြီးတပ်ပျက် ထွက်ပြေးတာ​ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းခဲ့ကြပါတယ် ။ တော်လှန်ရေးတပ်​တွေဘက်ကလည်း တိုက်ပွဲမှာ ၄ဦး ကျဆုံးကာ ၅ဦး ဒဏ်ရာရခဲ့တယ်လို့ ဗျူဟာ (၂၂)က အသိပေးပါတယ်။

စစ်တပ်စစ်​ကြောင်းထံက​နေ လက်နက်မျိုးစုံ ၇လက်နဲ့ ကျည်တွေ၊ခဲယမ်း​တွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ် ။

ဒါ့အပြင် ဇန်နဝါရီ ၂၉ ရက်မှာ တပ်ဆုတ်ထွက်ပြေးတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်သားတွေကို ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်း အုတ်တွင်းမြို့နယ် တံခွန်တိုင်ပေါက်အနီးမှာ ​တော်လှန်​ရေးတပ်​တွေက မိုင်း(၂)ကွင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ပါတယ်။ လက်နက်ငယ်တွေနဲ့လည်း စောင့်ကြိုတိုက်ခိုက်ရာ မိနစ် ၂၀ ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာလည်း စစ်တပ်ဘက်ကအနည်းဆုံး (၁၀)ဦးခန့်သေဆုံးသလို ထိခိုက်ဒဏ်ရာရရှိသူ​တွေလည်းရှိပါတယ် ။ စစ်တပ်ဆီကဘMA-4 တစ်လက်၊၄၀မမအသီး(၁)လုံးသိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၂)က ထုတ်ပြန်ပါတယ်။ ​တော်လှန်ရေးပူးပေါင်းတပ်တွေဘက်တော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်တယ်လို့ PDF အချို့က​ပြောပါတယ်။

ထပ်မံ တိုက်ခိုက်ခံခဲ့ရတဲ့ အင်အား(၁၀၀)ပါ စစ်တပ်စစ်‌‌ကြောင်းဟာ ဇန်နဝါရီ ၃၀ ရက် ည ၆ နာရီခန့်အချိန်မှာ ပေါက်ခေါင်းမြို့နယ် ဘော်ဒါအထိုင်စခန်းကိုအင်အား ၆၀ ဝန်းကျင်ခန့်ပဲ ပြန်ရောက်လာခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ဇန်နဝါရီ ၃၀ ရက် ညနေ ၅နာရီခွဲအချိန်မှာ ပေါက်ခေါင်းမြို့နယ်အခြေစိုက် ခလရ ၅၃ တပ်ရင်းထဲကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းတာတွေလုပ်ဆောင်ခဲ့ပါတယ်။

ပြည်-ပေါက်ခေါင်းလမ်းပိုင်းမှာ အထိနာခဲ့တဲ့အတွက် စစ်တပ်ဟာ ​ဇန်နဝါရီလကုန်ပိုင်းမှာအင်အား ဖြည့်တင်းမှုတွေ လုပ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ ထူးခြားမှုအနေနဲ့ကတော့ ၃၀ ရက်နေ့ ညနေအချိန်မှာ ပြည်ဘက်ကနေပြီးတော့ ပေါက်ခေါင်း ခလရ ၅၃ ထဲကို ဖောကား ၅ စီးရောက်ရှိတယ်လို့ သိရတယ် “ လို့ ပြည်ခရိုင် တပ်ရင်း (၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ပြောပါတယ်။

​ခုခံ​တော်လှန်စစ်ပိုအား​ကောင်းလာတဲ့ပဲခူးတိုင်းထဲမှာ အခုလိုစစ်​ကြောင်းပြုတ်​အောင် တိုက်ခဲ့တာ​တွေအရင်ကလည်း ရှိခဲ့ပါတယ်။လက်ပံတန်း ရေငန်၊ထန်းပင်ချောင်တိုက်ပွဲ ၊ဆင်တလင်းတိုက်ပွဲ၊ ငမိုးရိပ်တိုက်ပွဲတွေမှာ စစ်တပ်ရဲ့စစ်ကြောင်း​တွေပြုတ်ခဲ့ရတဲ့အထိအထိနာခဲ့တယ်လို့ဗျူဟာ၂၂ရဲ့ တာဝန်ခံက​ပြောပါတယ်။

“ အခုလောလောဆယ် ပဲခူးတိုင်းထဲမှာ လှုပ်ရှားနေတဲ့ စစ်ဆင်ရေးတွေသည် အောင်မြင်စစ်ဆင်ရေးအနေနဲ့ ဖော်ဆောင်နေကြတာဖြစ်တယ်။ဒါ အောင်မြင်စစ်ဆင်ရေးရဲ့ ဒုတိယမြောက်ပွဲလို့ ပြောလို့ရပါတယ်။” လို့ အခုစစ်ဆင်​ရေး အ​ပေါ် သူကဆက်​ပြောပါတယ် ။

​​အောင်မြင်စစ်ဆင်​ရေးအပိုင်း(၁)က​တော့ပဲခူးတိုင်းအနောက်ပိုင်းက နတ်တလင်း၊ ဇီးကုန်းနဲ့ မင်းလှမြို့နယ်ထဲက စစ်တပ် စခန်းတွေကို ဇန်နဝါရီလ ၇ ရက်နေ့ မနက်အ​စောမှာ PDF ၊ပကဖ နဲ့ မဟာမိတ်တပ်​တွေက တချိန်တည်းထိုးစစ်ဆင်ခဲ့တာပါ ။ ဇန်နဝါရီလ ၉ ရက်နေ့မှာလည်း ပဲခူးတိုင်းရဲ့ အရှေ့ပိုင်းမှာရှိတဲ့ တောကျွဲအင်းမြို့နဲ့ အုတ်တွင်းမြို့က စခန်းတွေကို ထပ်မံစီးနင်းတိုက်ခိုက်ခဲ့ကြပြန်ပါတယ်။

​တော်လှန်​ရေးတပ်​တွေရဲ့ ပဲခူးတိုင်းအ​နောက်ခြမ်းထိုးစစ်ဟာ စစ်တပ် အငိုက်မိပြီးအထိနာ​စေခဲ့ပါတယ် ။ ကညွတ်ကွင်း နဲ့ ပဲနွယ်ကုန်းမြို့ကြားမှာရှိတဲ့ တောကျွဲအင်းမြို့ကစစ်တပ်စခန်း​တွေကို ဇန်နဝါရီ ၉ ရက်နက်အ​စောပိုင်းမှာထိုးစစ်ဆင်ပြီးလျင်လျင်မြန်မြန်ပဲ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

တောကျွဲအင်းမြို့အပါအဝင် ရန်ကုန်-မန္တ​​လေးလမ်း​ဟောင်းက သာယာကုန်းမြို့၊ အုတ် တွင်းမြို့နယ်၊ ညောင်ခြေထောက်၊ ကျွဲပွဲကြားနဲ့ စည်ပင်သာကျေးရွာတွေမှာရှိတဲ့ စခန်း ၁၄ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

စစ်ဆင်​ရေးအတွင်းမှာ စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့သလို လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တ ရားအဆောက်အအုံများ၊ ရွေးကောက်ပွဲကော်မရှင်ရုံး နဲ့ နယ်မြေရဲစခန်းတို့ကို မီးရှို့ရှင်းလင်းခဲ့ပြီး မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်ခဲ့ပါတယ်။ စစ်​ရေးပစ်မှတ်​တွေကို စနစ်တကျဖျက်ဆီးပြီးတဲ့အခါမှာ​တော့ ​တော်လှန်​ရေးတပ်​တွေက သတ်မှတ်​နေရာအထိ ပြန်ဆုတ်ခွာခဲ့ပါတယ်။

ဒီစစ်ဆင်​ရေး​တွေဟာ အာဏာလုစစ်အုပ်စုရဲ့ အုပ်ချုပ်​ရေး ယန္တရားရှိရာ ​နေပြည်​တော်ကိုပါခြိမ်း​ခြောက်နိုင်ခဲ့တာဖြစ်ပါတယ် ။

စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေး အပိုင်း ၁ အတွင်းကျဆုံးသူမရှိပဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ​အောင်မြင်စစ်ဆင်​ရေးအပိုင်း (၂)မှာ​တော့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့တာပါ ။

ထိုးစစ်အရှိန်မြှင့်လာတာနဲ့အမျှ ​နေပြည်​တော်နဲ့ ကပ်လျက်ပဲခူးတိုင်း က ​တော်လှန်​ရေးတပ်​တွေအတွက် ​အောင်ပွဲရဖို့ ပြည်သူ​တွေရဲ့ ပံ့ပိုးမှု ပိုလိုအပ်လာပါတယ်။

“ ဒီကာလကတော့ ခက်ခဲတဲ့ကာလဖြစ်တယ် တော်လှန်ရေးတပ်ဖွဲ့တွေအတွက် နိုင်ရာကူပေးပါ” လို့ ဗျူဟာ၂၂ရဲ့ တာဝန်ခံက တိုက်တွန်းပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ချင်ပြစ်ကျေးရွာရောက်နေတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပကဖပူးပေါင်းတပ်တွေက တိုက်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်မှုမှာထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ရဲဘော်တွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) (အထူးလှုပ်ရှားတပ်မ)ရဲ့ (၅)နှစ်ပြည့် တပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးစစ်သည်ရဲဘော်အပေါင်းကို ရည်စူးပြီး ဆွမ်းကပ် အမျှဝေခဲ့ကြောင်း မန္တလေး PDFက ဒီကနေ့ ဖေဖော်ဝါရီ ၂၆ရက် ညနေမှာ ထုတ်ပြန်ပါတယ်။

သတင်း

‌စစ်‌ကောင်စီထံ ဗိုလ်နဂါး လက်နက်ချပူးပေါင်းသွားပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပကဖတွေ ထိန်းသိမ်းထားတဲ့ BNRAအဖွဲ့ဝင်တွေထဲက ထိပ်ပိုင်းတာဝန်ရှိသူ ၅ဦးကို ယင်းမာပင်ခရိုင် ပကဖနဲ့ အမှတ်(၁)စစ်ဒေသက စစ်ဆေးနေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာနက PDF တပ်ရင်းသစ် ၃ခု ထပ်တိုးဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ဖေဖော်ဝါရီ ၂၄ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။