Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“တိုက်ပွဲက ၁၁ကြိမ်၊ ၁၂ကြိမ်လောက်တော့ ဖြစ်ခဲ့ပြီ။ သူတို့ဘက်က အကျအဆုံးက ၂၀နဲ့ ၃၀ ကြားရှိမယ်”

ကျွန်တော်တို့ ချင်းပြည်နယ်က ကျွန်တော်တို့ တိုက်ပွဲဖော်တဲ့ပုံစံက ခြုံခိုတိုက်ပွဲ ပုံစံနဲ့ တိုက်တာ ဆိုတော့ ကျွန်တော်တို့ဘက်က အကုန် အကာအကွယ်တွေကြိုတင်ယူထားတာမျိုး နယ်မြေကျွမ်းကျင်တာမျိုးရှိတယ်ဆိုတော့ အထိအခိုက်က တော်တော်နည်းသွားတာဖြစ်တာပေါ့။ ဒါပေမဲ့ သူတို့က ဒီနေ့အထိ သူတို့ ရည်မှန်းထားတဲ့ စစ်ဗျူဟာတွေကို ရောက်ရှိဖို့တော့ သူတို့ကတော့ ဖိတာတွေ ရှေ့တိုးတာတွေ ဆက်လက်ပြီးတော့ ကြိုးစားနေတယ်ပေါ့။

-CNF ပြောရေးဆိုခွင့်ရှိသူနှင့်အင်တာဗျူး

အာဏာသိမ်းစစ်ကောင်စီတပ်သည် ချင်းပြည်နယ်သို့ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းနေရာ သံချပ်ကာယာဉ်အပါအဝင် စစ်ကား ၅၀ထက်မနည်း ဖလမ်းမြို့သို့ရောက်ရှိခဲ့သည်။ အဆိုပါ စစ်ကောင်စီယာဉ်များသည် အောက်တိုဘာ ၁၃ရက်တွင် ဟားခါးမြို့သို့ ဆက်လက် ထွက်ခွာခဲ့ရာ ချင်းအမျိုးသားတပ်ဦး(CNF/CAN)နှင့် ချင်းပြည်ကာကွယ်ရေးတပ်(CDF) တို့ ပူးပေါင်းပြီး ဖလမ်း-ဟားခါးလမ်းတွင် ကြားဖြတ်တိုက်ခိုက်နေသောကြောင့်ခရီးမဆက်နိုင်ဘဲ ဖြစ်နေသည်။ ဖလမ်း-ဟားခါးလမ်းတိုက်ပွဲအခြေအနေနှင့် ချင်းပြည်နယ်တွင်ဖြစ်ပွားနေသော တိုက်ပွဲအခြေအနေများနှင့်ပန်သက်ပြီး ချင်းအမျိုးသားတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို အောက်တိုဘာ ၁၉ရက်ညတွင် ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

မေး-ချင်းမြောင်ပိုင်းမှာ အောက်တိုဘာ ၁၃ရက်နေ့ကတည်းကနေ စစ်ကောင်စီတပ်က အင်အားဖြည့်နေတာ လက်ရှိ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ-ချင်းပြည်နယ်ထဲမှာ အောက်တိုဘာ ၁၃ကနေ ဒီနေ့အထိ စစ်ရေးအခြေအနေက ကျွန်တော်တို့ ချင်းပြည်နယ်ကို စစ်ကောင်စီရဲ့ တောင်ပိုင်းမှာ မတူပီဗျူဟာရှိတယ် မြောင်ပိုင်းမှာ ဟားခါးဗျူဟာရှိတယ်။ အဲဒီ စစ်ဗျူဟာ ၂ခုကို လမ်းကြောင်း ၂ကြောင်းကနေ စစ်ကောင်စီ အင်အား ဖြည့်တင်းလာနေတယ်။ အခုကတော့ ချင်းပြည်နယ်ထဲကို ရောက်ရှိပေမယ့် သူတို့ ရှိရမယ့် ဗျူဟာအသီးသီးကို မရောက်နိုင်ကြသေးဘူးပေါ့။ အဲဒီလို မရောက်နိုင်အောင် ကျွန်တော်တို့ CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ကြားထဲမှာ တိုက်ပွဲတွေ ဖော်ဆောင်နေတာ။ အဲဒီအခြေအနေ ရှိနေပါတယ်။ တိုက်ပွဲက ကွက်ကြား၊ကွက်ကြား ရှိနေပါတယ်။ စစ်ကောင်စီဘက်က သူတို့ မျှော်မှန်းထားတဲ့ စစ်ဗျူဟာတွေကို မရောက်နိုင်ကြသေးဘူး။ ကြားထဲမှာ တိုက်ပွဲက ၁၁ကြိမ် ၊၁၂ကြိမ်လောက်တော့ ဖြစ်ခဲ့ပြီ။ သူတို့ဘက်က အကျအဆုံးက ၂၀နဲ့ ၃၀ ကြားရှိမယ်။ ထိခိုက်ဒဏ်ရာနဲ့ဆိုရင် ၄၀၊ ၅၀ ထိခိုက်ဒဏ်ရာ ရရှိဖို့တော့ ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်က ဒီနေ့အထိ တစ်ယောက်တော့ ဒဏ်ရာရရှိတယ်။ အဲဒီလို ကျွန်တော်တို့ဘက်က အထိအခိုက်က တစ်ယောက်လောက် ရှိတယ်ဆိုတာ ယုံနိုင်စရာလားဆိုတဲ့ မေးခွန်းတွေရှိပါတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ချင်းပြည်နယ်က ကျွန်တော်တို့ တိုက်ပွဲဖော်တဲ့ပုံစံက ခြုံခိုတိုက်ပွဲ ပုံစံနဲ့ တိုက်တာ ဆိုတော့ ကျွန်တော်တို့ဘက်က အကုန် အကာအကွယ်တွေကြိုတင်ယူထားတာမျိုး နယ်မြေကျွမ်းကျင်တာမျိုးရှိတယ်ဆိုတော့ အထိအခိုက်က တော်တော်နည်းသွားတာဖြစ်တာပေါ့။ ဒါပေမဲ့ သူတို့က ဒီနေ့အထိ သူတို့ ရည်မှန်းထားတဲ့ စစ်ဗျူဟာတွေကို ရောက်ရှိဖို့တော့ သူတို့ကတော့ ဖိတာတွေ ရှေ့တိုးတာတွေ ဆက်လက်ပြီးတော့ ကြိုးစားနေတယ်ပေါ့။

မေး-တိုက်ပွဲက ဖလမ်း – ဟားခါးလမ်းမှာပဲ ဖြစ်တာလာ။ မင်းတပ် – မတူပီ လမ်းမှာရောဖြစ်ပါသလား။

ဖြေ-မတူပီဘက်မှာတော့ နှစ်ကြိမ် ၊သုံးကြိမ်လောက်ရှိတယ်။ တိုက်ပွဲငယ်လေပေါ့။ အဓိကတော့ ဖလမ်း – ဟားခါအကြား ဖြစ်တာများတာပေါ့။

မေး-ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ ဖလမ်း-ဟားခါလမ်းက ထလန်ရောန်ဆိုတဲ့ ရွာကို ရောက်နေတယ်လို့မျိုးကြားပါတယ်။ အဲဒီကနေ သူတို့ရှေ့ဆက်တိုးနိုင်ပြီလား။

ဖြေ- အဲဒီ ထလန်ရောင်ကနေ ရှေ့ကို တဖြည်းဖြည်းနဲ့ တိုးဖို့ သူတို့လုပ်နေပါတယ်။ အဲဒါကို ကျွန်တော်တို့ ဟိုတစ်နေ့က တိုက်တော့ သူတို့ မော်တော်ယာဉ် ၉စီးကို ကျွန်တော်တို့က ဖောက်ခွဲလိုက်တယ်။ ဖျက်ဆီးလိုက်တယ်။ ပြီးတော့ အဲဒီ မော်တော်ယာဉ် ခွဲလိုက်လို့ နောက်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်ကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ တိုက်တယ်။ တိုက်တော့ ၇ယောက်လောက် သူတို့ အဲဒီမှာ ကျသွားတယ်။ နောက်ပြီး ဟားခါးဘက်ကို သွားနေတဲ့ ယာဉ်တန်းကို သွားကြိုမယ့် ဟားခါးမှာ အခြေချပြီးသား စစ်ကောင်စီတပ်ကို အဲဒီကို သွားကြိုဖို့ မြို့အထွက်မှာ ကျွန်တော်တို့က ပြန်ပြီး တိုက်ခိုက်တာ အဲဒီမှာ သူတို့ ၅ယောက်ကျတာပေါ့။ သူတို့ ထလန်ရောင်ကနေ ဆက်တိုးလာနေတာကို တွေ့ရတယ်။ အဲဒါကို ကြားကနေ ဖြတ်တိုက် ဖြတ်တိုက် အဲဒီလိုပုံစံနဲ့လုပ်နေတာပါ။

မေး-စစ်ကား ၉စီးကို တိုက်ခိုက်တယ်ဆိုတာ တစ်ကြိမ်တည်း ၉စီးလား။

ဖြေ- ကျွန်တော်တို့ အဲဒီ ကား ဖောက်ခွဲတာက နှစ်ကြိမ်လုပ်တယ်။ တစ်ကြိမ်က ၇စီးပေါ့။ အခုက ဒုတိယအကြိမ်က ၉စီး။ အားလုံး ၁၆စီးဖြစ်တယ်။

မေး-လက်ရှိတိုက်ပွဲတွေနဲ့ပတ်သပ်ပြီးဘာပြောလိုပါသလဲ။

ဖြေ-အခုအခြေအနေမှာ သူတို့ စစ်ကောင်စီတွေက သူတို့ရဲ့ ရည်မှန်းထားတဲ့ ပထမဦးဆုံးဗျူဟာကို ရောက်ဖို့ တိုးဖို့လုပ်တယ်။ အဲဒီဟာက ကျွန်တော်တို့ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အဓိက CNF/CNA စခန်းတွေ ပြီးတော့ နယ်မြေထဲမှာ ရှိနေတဲ့ CDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖြိုဖို့ နေ့ညမပြတ် သူတို့ တွန်းနေပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ စိုးရိမ်တာက ပြည်သူလူထုကို ထိခိုက်မှာကိုတော့ ကျွန်တော်တို့က ကိုယ့်ပြည်သူတွေအတွက် စိုးရိမ်မှုတော့ရှိပါတယ်။ဒါပေမဲ့ တိုက်ပွဲ ဖြစ်ပြီဆိုရင်တော့ အထိအခိုက်က အနည်းနဲ့ အများတော့ ရှိမှာပါ။ ရှိကို ရှိနေပါပြီ။ ကျွန်တော်တို့က ဦးတည်ချက်ရှိရှိနဲ့ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင်တော့ အတက်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးနဲ့ ခုခံတိုက်ခိုက်သွားမယ်လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်ဗျ။

You May Also Like

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ယခုနှစ် ဖေဖော်ဝါရီ ၁ရက်အတွင်း တိုက်ပွဲပေါင်း ၈,၀၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၆,၈၇၆ ဦးသေဆုံးကာ ၅,၅၁၉ ဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

သတင်း

"မနေ့ ၈ ရက်နေ့ည ၉ ခွဲဝန်းကျင်မှ ၁၀ နာရီဝန်းကျင်လောက်ထိ သွားရောက်ပစ်ခတ်ခဲ့တာပါ"ဟု မကွေးခရိုင် PDF တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေးမြန်းခန်း

စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်​တွေသေဆုံးမှုရှိခဲ့ပြီး လက်နက်မျိုးစုံ ၄၀ ကျော်ကို ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။

သတင်း

ယမန်နေ့ မွန်းလွဲပိုင်းက ရေဦးမြို့ပေါ်မှထွက်လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သေးသည်။