Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“စစ်ဘေးရှောင်ကားတွေကို (စစ်​ကောင်စီက) လေယာဥ်နဲ့ ပစ်တာ၊ ဗုံးကျဲတာတွေလုပ်ခဲ့တယ်”

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာလည်းဖြစ် ၊ကရင်နီကြားကာလအတိုင်ပင်ခံ​ကောင်စီ (IEC)အတွင်း​ရေးမှူးလည်းဖြစ်တဲ့ ဦးဗညားခွန်း​အောင်ကို လူထုနွေဦး (People’s Spring )က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးဗညားခွန်း​အောင်
ဦးဗညားခွန်း​အောင်

ကရင်နီကြားကာလအတိုင်ပင်ခံ​ကောင်စီ (IEC)အတွင်း​ရေးမှူးဦးဗညားခွန်း​အောင်နဲ့​မေးမြန်းခန်း

နိုဝင်ဘာ ၁၁ ရက်ကစပြီး​တော့ ကရင်နီ(ကယား)ပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်အပါအဝင်၊ ဒီးမော့ဆို၊မိုးဗြဲ နဲ့ ဖယ်ခုံမြို့​တွေမှာ တိုက်ပွဲ​တွေ အပြင်းအထန်ဖြစ်ပွား​နေပါတယ်။ မြို့​ပေါ်တိုက်ပွဲ​တွေအတွင်း ပိတ်မိနေတဲ့ ပြည်သူ​သောင်းနဲ့ချီရှိသလို ၊ထွက်​ပြေးတိမ်း​ရှောင်​နေကြတဲ့ ပြည်သူ ​သောင်းနဲ့ချီ ရှိ​နေပါတယ် ။ တိုက်ပွဲ​တွေအတွင်းက စစ်​ဘေး​ရှောင် ပြည်သူ​တွေရဲ့ အခက်အခဲ​တွေကို ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာလည်းဖြစ် ၊ကရင်နီကြားကာလအတိုင်ပင်ခံ​ကောင်စီ (IEC)အတွင်း​ရေးမှူးလည်းဖြစ်တဲ့ ဦးဗညားခွန်း​အောင်ကို လူထုနွေဦး (People’s Spring )က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ လက်တ​လော ကရင်နီ ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်အရေးကိုအရင်ဆုံးပြောပြ​ပေးပါလား။

ဖြေ။လက်ရှိအခြေအနေအရ စစ်ဘေးရှောင်ရတဲ့ပြည်သူ တွေ ပိုများလာတယ်။လွိုင်ကော်က ထွက်လာနိုင်တဲ့ ပြည်သူတွေ က မိုးဗြဲ၊ဖယ်ခုံနဲ့ ရှမ်းပြည်နယ် ဘက်တွေကိုအများစု တိမ်ရှောင်နေရတယ်။လောလောဆယ် စာရင်း ပမာဏ အရ ၂၅,၀၀၀ ဝန်းကျင်ရှိတယ်။စစ်ပွဲအတွင်း တိမ်ရှောင်လာရတဲ့အတွက် စားဖို့သောက်ဖို့မပါတာ။အဝတ်ပိုမပါလာတဲ့သူတွေများလို့ အခက်အခဲတွေရှိတယ်။နောက်နေရာထိုင်ခင်း ကိစ္စတွေ အရေးပေါ်စီစဥ်ရတာ တွေရှိတယ်။နောက် အခြေခံဆေးဝါး တွေ အပါအဝင် စိန်ခေါ်မှုကြီးတယ်။ဒါကို ကြိုးစားပြီး ဆောင်ရွက်နေရတယ်။

မေး။အခုလက်ရှိ တိုက်ပွဲ ပြင်းထန်နေတဲ့ လွိုင်ကော်၊မိုးဗြဲ ဘက်မှာ ပြည်သူတွေသေဆုံးထိခိုက်မှုတွေ မြင့်တက်နေတာ နဲ့ပတ်သက်ပြီး​တော့​ရောပြောပေးပါဦးဗျ။

Public Service Announcement

Public Service Announcement

ဖြေ။အခုနောက်ဆုံးကောက်ယူထားတဲ့စာရင်းတွေအရ ဆို ၃၅ ယောက်အထက်မှာ သေဆုံးမှုရှိတယ်။အများစုက လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကနေ သေဆုံးခဲ့ရတယ်။နောက် လေယာဥ်ပျံနဲ့ တိုက်ခိုက်မှုကြောင့်ပဲ။ သေဆုံးတဲ့အရပ်သားတွေအရ အသက်အငယ်ဆုံးက ၈ နှစ်အရွယ် ကလေး ဖြစ်ပြီး အသက် ကြီး ဆုံးက အသက် ၇၀ စွန်းစွန်းပါတယ်။

မေး။လွိုင်ကော်မှာ ပိတ်မိနေတဲ့ ပြည်သူတွေကို စစ်ကောင်စီဘက်က စစ်ရှောင်ခွင့်မပြုဘူးလို့သိရပါတယ်။နောက်ပြီး ကိုယ့်အစီအစဥ်နဲ့ကို စစ်ရှောင်သွား တဲ့ပြည်သူတွေကိုလည်း လမ်းပိုင်းအချို့မှာ စစ်ကောင်စီဘက်က ပိတ်ဆို့ ဖြတ်သန်းခွင့်မပြုဘူးဆိုတဲ့သတင်း​တွေလည်းကြားရလို့ ဒီသတင်း​တွေက အတည်ပြု​ပေးပါလား။

ဖြေ။စစ်ကောင်စီဘက်က ပြည်သူတွေကို စစ်ဘေးရှောင်ခွင့်မပြုဘဲ ပိတ်မိအောင် လုပ်လိုက်တာပေါ့။တိုက်ပွဲစတဲ့ ၁၁ ရက်နေ့ကတည်းက လမ်းတွေကိုပိတ်ပြီး မြို့ပြင်ထွက်ခွင့်မပေးတော့တာပေါ့။မနေ့က (နိုဝင်ဘာ ၁၅ ရက်)ကတော့ UN အေဂျင်စီတွေ ထွက်ဖို့ရှိတာနဲ့ ပြည်သူတချို့ထွက်လာနိုင်တယ်။ဒါပေမယ့် ၁၀ နာရီကျော်ကျော်လောက်မှာ တော်တော်များများလမ်းတွေကို စစ်ကောင်စီက ပြန်ပိတ်ပြီး စစ်ဘေးရှောင်ကားတွေကို လေယာဥ်နဲ့ ပစ်တာ၊ဗုံးကျဲတာတွေ လုပ်ခဲ့တယ်။မနေ့က တော့ တစ်သောင်းဝန်းကျင်လောက် မြို့ကနေ ထွက်လာနိုင်တယ်။လွိုင်ကော်မြို့တွင်းထဲမှာတော့ ၃၅,၀၀၀ လောက်ကျန်နေသေးတယ်။

မေး။စစ်ဘေးရှောင်ပြည်သူတွေ တိုးလာတာ​တော့ အရင် ရှိပြီးသား စစ်ဘေးရှောင် တွေနဲ့ပါ ဆိုရင် လက်ရှိ ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် ဘယ်လောက်ရှိ​နေပြီလဲ။သူတို့ အတွက် အရေးပေါ် အကူအညီ ဘာတွေလိုအပ်နေပါသလဲဗျ။

ဖြေ။အခုပုံစံဆို အနည်းဆုံး စစ်ရှောင်အရေအတွက် ၅၀, ၀၀၀ အနည်းဆုံးတိုးလာနိုင်တယ်။လောလော ဆယ် ၂၀,၀၀၀ ကျော်ကျော်တော့ စာရင်းရထားပြီ။ဒီနှစ်ပိုင်း အကုန်လောက်ဆို အရင် ရှိပြီးသား စစ်ဘေးရှောင် ၂၅၀,၀၀၀ နဲ့ဆို သုံးသိန်းလောက်ကပ်သွားနိုင်တယ်။လိုအပ်တဲ့ ငွေကြေး၊ စားနပ်ရိက္ခာတွေ၊ကျန်း မာရေးဆိုင်ရာ ကိစ္စတွေ အတွက် စစ်ကောင်စီကိုယ်၌က လမ်းပိတ်ဆို့ထားတာတွေကြောင့် ကုန်စျေးနှုန်းအဆ မတန် ပေးပြီး ဝယ်ရတာရှိတယ်။နောက် နိုင်ငံတကာ အကူအညီဆိုတာလည်း ထင်သလောက်မရောက်လာတဲ့အတွက် အခက်အခဲများစွာရှိနေတယ်။

မေး။လက်ရှိ ကရင်နီ ဒေသအရေးနဲ့ပတ်သက်လို့ရော ပြည်တွင်း၊ပြည်ပ က ပြည်သူတွေနဲ့ နိုင်ငံတကာ ကို အသိပေးလိုတာ ရှိရင်လည်း People’s Spring ကတစ်
ဆင့် ပြောပေးပါဦး။

​ဖြေ။ UN အဖွဲ့အစည်းတွေအနေနဲ့ ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့အတူ နည်းလမ်းပေါင်စုံရှာပြီး ကူညီဖို့လိုအပ်ပါတယ်။အခုဆို UN အေဂျင်စီအနေနဲ့ ပြည်နယ်ကနေထွက်သွားပြီ။ဒါပေမယ့် သူတို့ရှိတဲ့အရပ်ကနေ ပြည်သူတွေကို ကူညီပံ့ပိုးဖို့ လိုအပ်တယ်။သူတို့မလုပ်နိုင်လို့ ထွက်သွားတဲ့ကာလမှာ လုပ်နိုင်တဲ့ လူမှုအဖွဲ့အစည်းတွေကို ငွေကြေးအရဖြစ်စေ ပစ္စည်းအရ ဖြစ်စေ ပေးနိုင်ဖို့ မျှော်လင့်တယ်။ဒါကြောင့် UN အဖွဲ့အစည်းအနေနဲ့ နည်းလမ်းရှာပြီး ကူညီပေးဖို့ တောင်းဆိုလိုပါတယ်။လူအခွင့်အရေးကိစ္စတွေကို လူ့အခွင့်အရေး မျက်လုံးနဲ့ကြည့်ဖို့ တိုက်တွန်းတယ်။ဒီအရေးက နိုင်ငံရေးရှုထောင့်က မြင်ရင်လည်းရသလို စစ်ရေးရှုထောင့်က မြင်ရင်လဲရတယ်။သို့တည်းမဟုတ် လူသားချင်းစာနာထောက်ထားမှုဘက်ကနေ မြင်ရင်လဲရတယ်။ဘယ်လိုပဲ ပြောပြော လူတွေရဲ့အသက်ကို ကာကွယ်လို့ ရနိုင်တဲ့အခြေအနေ ရှိတာကို ကာကွယ်ဖို့လိုပါတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေက သူတို့မှာရှိတဲ့ အရင်းအမြစ်ဖြစ်တဲ့ ငွေကြေး၊နည်းပညာ၊လူအင်အား တွေကို အတက်နိုင်ဆုံး ကရင်နီပြည်နယ်ရဲ့ ကြား ကာလ အုပ်ချုပ်ရေး ကောင်စီကို သော်လည်းကောင်း အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်းကောင်း ချဥ်းကပ်ပြီး ကူညီကြပါ။ဒီကနေတဆင့် ပိုမိုအားကောင်းသော အနှစ်သာရရှိသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီးကို ချီတက်နိုင်မှာ ဖြစ်ပါတယ်။ဆက်ပြီး ကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်။

မေး။ ဖြည့်စွက်ပြောလိုတာ ရှိ ပြောပေးပါ ခင်ဗျ။

ဖြေ။အဝေးရောက်ကရင်နီ မိသားစုတွေနဲ့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေကို ကနဦး ကျေးဇူးတင်ရှိကြောင်း ပြောလိုတယ်။အခုလို အရေးပေါ်ဖြစ်နေတဲ့ကာလမှာ ဝိုင်းဝန်းပံ့ပိုးကြတာ ကျေးဇူးတင်တယ်။ဆက်လက်ကူညီပေးကြဖို့လည်း နှိုးဆော်တိုက်တွန်းပါတယ်။ကျွန်တော်တို့ရဲ့ ပြည်နယ်က ပြည်ထောင်စုရဲ့အရေးပါ သော ပြည်နယ်တစ်ခုဖြစ်တယ်။ပြည်နယ်တစ်ခုချင်းစီ အားကောင်းမှ ပြည်ထောင်စုလည်း အားကောင်းမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ ချီတက်နေတာ ဖြစ်တဲ့အတွက် ပြည်နယ်သူပြည်နယ်သားရော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေအားလုံးက လက်ရှိ အခက်အခဲ စိန်ခေါ်မှုတွေကို ကျော်ဖြတ်တဲ့အချိန်မှာ စိတ်ပိုင်းဆိုင် ရာ ရုပ်ပိုင်းဆိုင်ရာတွေကို အားပေးနှစ်သိမ့်ခြင်းက ပိုမိုကောင်းမွန်တဲ့ ပြည် ထောင်စုကြီးကို တည်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဆက်ပြီးတော့ အားပေးကူညီကြပါ။

People’s Spring -ကျေးဇူးတင်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။