Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ပညာရှင်တွေ ၊အလုပ်သမားတွေကို ခေါ်တဲ့နေရာမှာ နိုင်ငံရေးနောက်ခံ သန့်ရှင်းရင်အားလုံးခေါ်ပါတယ်”

ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People’s Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

(ပြန်လည်ထူ​​ထောင်​ရေးကာလကိုဖြတ်သန်း​နေပြီဖြစ်တဲ့ ကိုးကန့်​ဒေသ ။ဓါတ်ပုံ- The Kokang)
(ပြန်လည်ထူ​​ထောင်​ရေးကာလကိုဖြတ်သန်း​နေပြီဖြစ်တဲ့ ကိုးကန့်​ဒေသ ။ဓါတ်ပုံ- The Kokang)

MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းနဲ့ မေးမြန်းခန်း

ကိုးကန့်တပ်မတော်(MNDAA) အပါအဝင် ညီနောင်မဟာမတ် ၃ဖွဲ့ဟာ ကိုးကန့်ဒေသအပါအဝင် ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ကို ၂၀၂၃ ​အောက်တိုဘာ ၂၃ ရက်ကစပြီး​တော့ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၄ ဇန်နဝါရီ လဆန်းမှာပဲ ကိုးကန့်ဒေသ တစ်ခုလုံးကို MNDAAက ထိန်းချုပ်ထားနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်မှု​ကြောင့် ၂၀၂၄ ဇန်နဝါရီ ၁၀ ရက်မှာ ဟိုက်ဂင်သ​​ဘောတူညီချက်နဲ့ ရှမ်း​မြောက်မှာတိုက်ပွဲ​တွေရပ်နားခဲ့ပါတယ်။ အပစ်ရပ်ထားတဲ့ကာလမှာ MNDAA ဟာ ကိုးကန့်​ဒေသမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါတယ်။ ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People’s Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

▪︎ရန်ရန်/People’s Spring

မေး။ကိုးကန့်ဒေသ အလုပ်သမားတွေ ခေါ်ရာမှာ သူလျှိုတွေ အေးဂျင့်တွေ မပါလာဖို့ စိစစ်ဖို့ ထုတ်ပြန်ထားတာတွေ့ရတယ်။အဲဒီအပေါ်ရှင်းပြပေးပါလား။

ဖြေ။ကျနော်တို့က အလုပ်သမား အလုပ်အမှုဆောင် ကော်မတီ ဖွဲ့မှာပေါ့နော်။ပြင်ပကလာတဲ့ အလုပ်သမား မှန်သမျှ အဲဒီ အလုပ်အမှုဆောင်ကော်မတီမှာ သွားပြီးတော့ အချက်အလက်တွေ တင်ရမယ်။ သတင်းတွေ ပို့ရမယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေကိုလည်း အဲဒီကော်မတီမှာပဲ လုပ်သွားမှာ ဖြစ်တယ်။ အကယ်၍ လုပ်ငန်းပိုင်ရှင်တွေက အလုပ်သမားကို လိုချင်ရင်လည်း ဒီကော်မတီမှာ အလုပ်သမားကို လာပြီးတော့ ခေါ်လို့ရတာပေါ့။ အလုပ်အမှုဆောင်ကော်မတီက မခေါ်ချင်လည်းရတယ်။ မိမိကိုယ်ကိုယ် လမ်းကြောင်းရှိရင် မိမိ ကိုယ့်ဆန္ဒနဲ့ကိုယ် ခေါ်လို့ရတယ်။ ဒါပေမဲ့ ဒီခေါ်လာတဲ့သူက နိုင်ငံရေးနောက်ခံ မသန့်ရှင်းဘူး သို့မဟုတ် သူလျှိုတွေဖြစ်နေရင်တော့ ပိုင်ရှင်ကို ကျနော်တို့က အရေးယူမှာပေါ့။

Public Service Announcement

Public Service Announcement

မေး။ ဗမာလူမျိုးတွေ ကိုးကန့်ဒေသ ဝင်ရောက်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်နဲ့ ပတ်သတ်ပြီး မူဝါဒ ဘယ်ရှိရှိပါသလဲ။ဘာအသိပေးလိုပါသလဲ။

ဖြေ။ဗမာလူမျိုးအပေါ် မူဝါဒရယ်ဆိုတာ မရှိပါဘူး ကျနော်တို့က။ ပြင်ပကလာတဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံး မှန်သမျှကို ကျနော်တို့က အလုပ်အမှုဆောင်ကော်မတီကနေ တဆင့်ပဲလုပ်သွားမှာ ဖြစ်တယ်။ ဒီလူမျိုး ခွဲခြားပြီးတော့ ပြဌာန်းထားတဲ့ မူဝါဒဆိုတာ မရှိပါဘူးဗျ။

မေး။MNDAA တပ်ဖွဲ့ဝင်အချို့ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ သတင်းတွေ တွေ့ရလို့ ဒါနဲ့ ပတ်သက်ပြီး ဘာပြောလိုပါသလဲ။

ဖြေ။ကျနော်တို့ MNDAA တပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတာ ကျနော်ကတော့ လုံး၀ မယုံဘူးဗျ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ဒီတော်လှန်ရေးတလျှောက်လုံးမှာ ရောက်တဲ့နေရာတိုင်း ကျနော်တို့ ပြည်သူလူထုရဲ့ ကြိုးတမျှင် အပ်တစ်ချောင်းကိုမှ ကျနော်တို့ ယူတာမရှိပါဘူး။ ကျနော်တို့ ရောက်တဲ့နေရာတိုင်း ရောက်တိုက်ရွာတိုင်း သွားပြီး စုံစမ်းကြည့်လို့ရပါတယ်။ ကျနော်တို့ ပစ္စည်းလုယက်တာတို့ ခိုးယူတာတို့ ဆိုတာ လုံး၀မရှိဘူး။ ကျနော်တို့ လိုချင်တဲ့ အရာတွေကို ကျနော်တို့က ပိုက်ဆံပေးပြီး ဝယ်တယ် အမြဲတမ်း။ ဒါကတော့ ကျနော်တို့ တော်လှန်ရေးတလျှောက်မှာ ဒီလိုပဲ လာခဲ့တာဖြစ်တယ်။ ကျနော်တို့က စည်းကမ်းကြီး သုံးရပ်နဲ့ မူဝါဒ ၈ရပ်ကို တစိုက်မတ်မတ်လိုက်နာဆောင်ရွက်ခဲ့တဲ့ စစ်မှန်တဲ့ ပြည်သူ့စစ်သားဖြစ်တယ်။

မေး။ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်နေတာ ဘယ်အဆင့်လောက်ရောက်ပြီလဲ။ပြန်လည်ထူထောင်ရေးကာလမှာ ကြုံနေရတဲ့ အခက်အခဲက ဘာတွေရှိနေပါသလဲ။

ဖြေ။ပြန်လည်ထူထောင်ရေးမှာတော့ အခက်အခဲတော့ရှိမှာပဲ။ အခုလမ်းကြောင်းတွေ ပိတ်နေတယ်။ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ မီးတွေ အကုန်လုံး ပြတ်တောက်ခံနေရတယ်။ ဒီလို အခြေအနေမျိုးမှာ ကျနော်တို့ ပြန်လည်ထူထောင်နေရတယ်ဆိုတော့ အခက်အခဲ ပေါင်းစုံတော့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ပြန်ကောင်းသွားမှာပါ။ ဒါကျနော်တို့လည်း တောက်လျှောက်ကြိုးစားနေပါတယ်။

မေး။ပြန်လည်ထူထောင်ရေးကာလမှာ လူသားအရင်းမြစ် လိုအပ်ချက်ရှိတဲ့အခါ တော်လှန်ရေးထဲကလူတွေကို ခေါ်ဖို့ရှိပါသလား။ အထူးသဖြင့် CDMတွေကို နေရာပေးဖို့ အလုပ်ပေးဖို့ရှိပါသလား။

ဖြေ။ပညာရှင်တွေ ၊အလုပ်သမားတွေကို ခေါ်တဲ့နေရာမှာ နိုင်ငံရေးနောက်ခံ သန့်ရှင်းရင်အားလုံးခေါ်ပါတယ်နော်။

မေး။ဟိုင်ဂင် သဘောတူညီချက်နဲ့ အပစ်ရပ်ထားတော့ တစ်ဖက်မှာလည်း ပြည်သူတွေကလည်း စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲအတွက် ညီနောင်သုံးဖွဲ့ကိုမျှော်လင့်နေတော့ ဒီအပေါ်ဘာပြောပေးလို့ရမလဲ။

​ဖြေ-ဟိုင်ဂင်သဘောတူညီချက်က ကျနော်လည်း ပြောစရာမရှိဘူး။ ကျနော်လည်း ကောင်းကောင်းမသိတာပါနော်။

-ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လောက်ကိုင်မြို့မှာစစ်​ကောင်စီနဲ့ MNDAA တို့ကြား ဒီ​ဇင်ဘာလကုန်အထိအပစ်ရပ်တယ်လို့ ကနဦးစုံစမ်းသိထားရပါတယ်။

မေးမြန်းခန်း

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ညီ​နောင်မဟာမိတ် ၃ ဖွဲ့နဲ့စစ်​ကောင်စီတို့ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ ဒီက​နေ့ (ဒီဇင်ဘာ ၁၁) တွင်​တွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ စစ်​ကောင်စီဘက်ကထုတ်ပြန်လာပါတယ်။ ​

သတင်း

ကွမ်းလုံမြို့ကို MNDAAက နိုဝင်ဘာလဆန်းတွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၁၂ရက်အကြာတွင် မြို့နှင့်ဒေသတွင်း စစ်ကောင်စီတပ်များအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီက ဒီဇင်ဘာ ၇ရက်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာခြင်းဖြစ်သည်။

သတင်း

စကခ(၁၆)လက်အောက်ခံ တပ်ရင်း(၆၉)မှ တပ်ရင်းမှူးကိုလည်း နိုဝင်ဘာလ ၂၇ ရက်နေ့က တိုက်ပွဲတွင် စစ်သုံ့ပန်အဖြင့် ဖမ်းမိထားကြောင်း MNDAA က ရှင်းပြထားသည်။