သတင်း တနင်္သာရီကမ်းရိုးတန်းနဲ့ ရခိုင်၊ မွန်နဲ့ ကရင်ပြည်နယ်တွေကို မိုးသတိပေး အခုတပါတ်အတွင်းမှာ မိုးလယ်ကာလကိုရောက်ရှိပြီး မြန်မာကမ်းရိုးတန်းဒေသတွေမှာ လေပြင်းထန်တာနဲ့ မိုးသည်းထန်လာမှာဖြစ်ကာ ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်ပေါ်၊ မွန်-တနင်္သာရီကမ်းရိုးတန်းတွေမှာ မိုးပိုရွာသွန်းလာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ LuduNwayOoဇူလိုင် 5, 2022
သတင်း ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်ချထားသည့်နေရာများကို PDF ပူးပေါင်းတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ် တစ်ဦးသေ ဇူလိုင် ၂ ရက်ကလည်း ပုလဲနယ် ကံကြီးရွာသို့ဝင်လာသော အင်အား ၉၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးပြီး အရာရှိတစ်ဦးလည်းပါဝင်ကြောင်း ကျားသစ်က အသိပေးသည်။ LuduNwayOoဇူလိုင် 5, 2022
သတင်း ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံပြည်သူတစ်ဦးသေဆုံး၊ ကလေးငယ်တစ်ဦး ဒဏ်ရာရ ထို့အပြင် ဇူလိုင် ၁ ရက်ကလည်း ဆားလင်းကြီးမြို့နယ် ဖလံကန်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ဒေသခံပြည်သူတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ LuduNwayOoဇူလိုင် 5, 2022
သတင်း ပြည်သူလူထုလှူဒါန်းငွေဖြင့်ထုတ်လုပ်ခဲ့သည့် လက်နက်ခဲယမ်းများကို ပုံတောင်TIGER PDF ထုတ်ဖော်ပြသ "ပြည်သူလူထုလှူဒါန်းမှုများဖြင့် တိုက်ခိုက်ရေး၊ထုတ်လုပ်ရေးနှင့်အခြားတော်လှန်ရေးနှင့်ပတ်သတ်သောကဏ္ဍအသီးသီးကို ဟန်ချက်ညီညီလှုပ်ရှားနေလျက်ရှိပါသည်"ဟု ပုံတောင်TIGER. PDFက ထုတ်ပြန် အသိပေးထားသည်။ LuduNwayOoဇူလိုင် 5, 2022
သတင်း ချင်းတွင်းမြစ် ရွှေလှေ – အမြင့်ရေလက်ကြားအတွင်း ဖြတ်သန်းမောင်းနှင်ခြင်းမပြုရန် ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် သတိပေး အကြမ်းဖက်စစ်ကောင်စီတပ်က ချင်းတွင်း မြစ်ကြောင်းအသုံးပြုမှုများလာသည့်အတွက် ရေကြောင်းတိုက်ခိုက်ရေး ပြင်ဆင်နေမှုကြောင့် ပြည်သူ့စက်လှေများ ထိခိုက်မှုမရှိစေရန် ကြိုတင်သတိပေးခြင်းဟု၎င်းက ဆိုသည်။ LuduNwayOoဇူလိုင် 5, 2022