Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်ချထားသည့်နေရာများကို PDF ပူးပေါင်းတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ် တစ်ဦးသေ

ဇူလိုင် ၂ ရက်ကလည်း ပုလဲနယ် ကံကြီးရွာသို့ဝင်လာသော အင်အား ၉၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးပြီး အရာရှိတစ်ဦးလည်းပါဝင်ကြောင်း ကျားသစ်က အသိပေးသည်။

ကျားသစ်နစ်ပြောက်ကျားတပ်
ကျားသစ်နစ်ပြောက်ကျားတပ်

စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားသည့်နေရာများအား PDF ပူးပေါင်းတပ်များတိုက်ခိုက်ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း ကျားသစ်နက်ပြောက်ကျားတပ်က ယနေ့(ဇူလိုင် ၅) ထုတ်ပြန်သည်။

ယမန်နေ့ည ၇ နာရီခန့်တွင် ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်ချရာ နေရာအနှံ့အပြားကို ပုလဲတပ်ရင်း(၄ ) ကျားသစ်နက်ပြောက်ကျား တပ်ဖွဲ့ ၊ ပုလဲတပ်ရင်း (၅ ‌) ဒေါင်းနက် ပြောက်ကျားတပ်ဖွဲ့တို့နှင့်အတူ မဟာမိတ် တပ်ပေါင်းစုတွင်ပါဝင်သော မြိုင်မြို့နယ်မှ local PDF များ ၊ ပုလဲမြို့နယ်ဒေသခံ local PDFများ ပူးပေါင်းကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ထိုတိုက်ခိုက်မှုကြောင့် ဗိုလ်အောင်ဒင် သီချင်းကို ‌song box ဖြင့်ဖွင့်ကာ မြို့ပေါ်တွင်လှည့်လည် မိုက်ကြေးခွဲနေသော စစ်ကောင်စီတပ်လှည့်ကင်း(ဗိုလ်အောင်ဒင်အဖွဲ့)မှ တစ်ဦးသေဆုံးသွားသည်ဟု ဆိုသည်။

“မြို့ပေါ်ကိုလှည့်ပြီး ဗိုလ်အောင်ဒင်သီချင်းဖွင့်ပြီး ပြည်သူကိုစိန်ခေါ်တဲ့အဖွဲ့ကို (ဗိုလ်အောင်ဒင်အဖွဲ့)ပြောတာဗျ။ မြို့ပေါ်က စကစအထိုင်ချထားတဲ့ နေရာတော်တော်များများတိုက်ခိုက်ခဲ့တာ”ဟု ကျားသစ်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂ ရက်ကလည်း ပုလဲနယ် ကံကြီးရွာသို့ဝင်လာသော အင်အား ၉၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးပြီး အရာရှိတစ်ဦးလည်းပါဝင်ကြောင်း ကျားသစ်က အသိပေးသည်။

“ယမန်နေ့ကလဲ ၂ ရက်နေ့ ဖြစ်စဉ်တွင် ‌‌​သေဆုံးခဲ့သော အကောင်ကြီးကြီး အလောင်းကို ရ ဟတ်ယာဉ်(၂) စင်းဖြင့် လာရောက် သယ်‌ဆောင်သွားကြောင်း ဖရဲသီးထံမှ သိရှိရပါသည်”ဟု ထုတ်ပြန်သည်။

အထက်ပါ ပုလဲမြို့ပေါ်တိုက်ခိုက်မှုတွင် နာရီဝက်ကြာပစ်ခတ်ခဲ့ပြီး တပ်ပေါင်းစုများ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိူင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook