Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတ​ပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံပြည်သူတစ်ဦးသေဆုံး၊ ကလေးငယ်တစ်ဦး ဒဏ်ရာရ

ထို့အပြင် ဇူလိုင် ၁ ရက်ကလည်း ဆားလင်းကြီးမြို့နယ် ဖလံကန်ကျေးရွာကို စစ်​ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ​ဒေသခံပြည်သူတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(ဇူလိုင် ၁ ရက်က ဖလံကန်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့စဥ်။ ဓာတ်ပုံ-ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ဇူလိုင် ၁ ရက်က ဖလံကန်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့စဥ်။ ဓာတ်ပုံ-ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတ​ပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင် ၃ ရက် ညနေပိုင်းက မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဂွေးဂုဏ်ကျေးရွာတွင် တပ်စွဲထားသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ယမန်နေ့(ဇူလိုင်၄ရက်) ည ၉နာရီခွဲအချိန်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် သံဖိုတောင်ကျေးရွာသို့ သွားရောက်တပ်စွဲခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူတစ်ဦး လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ယနေ့ (ဇူလိုင်၅ရက်) နံနက် ၇နာရီခွဲခန့်တွင်လည်း တရားကျေးရွာသို့ သေနက်ပစ်ဖောက်ဝင်ရောက်လာကာ အကြမ်းဖက်မွှေနှောက်နေကြောင်း၊ နံနက် ၈နာရီခွဲခန့်တွင် တရားကျေးရွာဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် မြေဇွန်းကျေးရွာရှိ အသက်၁၂နှစ်အရွယ်ကလေး‌တစ်ဦး ဒဏ်ရာအပြင်းထန်ရရှိထားကြောင်း၊ တရားကျေးရွာနှင့် အနီးဝန်းကျင်ရွာများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညပိုင်းကလည်း ဆားလင်းကြီးမြို့ ရဲစခန်းရှိ အကြမ်းဖက်အုပ်စုသည် သေနတ်များရမ်းသမ်းပစ်ဖောက်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဇူလိုင် ၁ ရက်ကလည်း ဆားလင်းကြီးမြို့နယ် ဖလံကန်ကျေးရွာကို စစ်​ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ​ဒေသခံပြည်သူတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသ ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၂၀ ဝန်းကျင်လည်း ဇွန်လကုန်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့၍ အကူအညီများလိုအပ်နေသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းဝန်းကျင်ရှိ ကျေးရွာများအပါအဝင် ကျေးရွာအများအပြားအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခြင်း၊ ပြည်သူများအား သတ်ဖြတ်ခြင်းများပြုလုပ်နေပြီး လက်ပန်းတောင်းတောင်ဒေသတစ်ခုတည်းပင် ​ဒေသခံ၂၃ဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။