Connect with us

Hi, what are you looking for?

သတင်း

ပြည်သူလူထုလှူဒါန်းငွေဖြင့်ထုတ်လုပ်ခဲ့သည့် လက်နက်ခဲယမ်းများကို ပုံတောင်TIGER PDF ထုတ်​ဖော်ပြသ

“ပြည်သူလူထုလှူဒါန်းမှုများဖြင့် တိုက်ခိုက်ရေး၊ထုတ်လုပ်ရေးနှင့်အခြားတော်လှန်ရေးနှင့်ပတ်သတ်သောကဏ္ဍအသီးသီးကို ဟန်ချက်ညီညီလှုပ်ရှားနေလျက်ရှိပါသည်”ဟု ပုံတောင်TIGER. PDFက ထုတ်ပြန် အသိပေးထားသည်။

ပုံတောင်TIGER PDF
ပုံတောင်TIGER PDF

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အခြေစိုက် ပုံတောင်TIGER PDFက ပြည်သူလူထုလှူဒါန်းငွေဖြင့် ဇွန်လအတွင်းထုတ်လုပ်ခဲ့သည့် လက်နက်ခဲယမ်းများကို ထုတ်ဖော်ပြသလိုက်သည်။

ဇွန်လအတွင်း လက်နက်ကြီးပြောင်းရှည်(၂)လက်နှင့်အဖူး(၉၄)ဖူး၊စလစ်(၁၁)လုံး၊ရှေ့ထွက်မိုင်း(၁၄)လုံး၊အတွဲလိုက်ရှော့ဒုံး(၁)လက်နှင့်အဖူး(၂၇)ဖူးထုတ်လုပ်ခဲ့သည်ဟု ပြည်သူလူထုအား ဓာတ်ပုံမှတ်တမ်းများဖြင့် တင်ပြထားသည်။

“ပြည်သူလူထုလှူဒါန်းမှုများဖြင့် တိုက်ခိုက်ရေး၊ထုတ်လုပ်ရေးနှင့်အခြားတော်လှန်ရေးနှင့်ပတ်သတ်သောကဏ္ဍအသီးသီးကို ဟန်ချက်ညီညီလှုပ်ရှားနေလျက်ရှိပါသည်”ဟု ပုံတောင်TIGER. PDFက ထုတ်ပြန် အသိပေးထားသည်။

လက်နက်အသစ်အဆန်းများကြိုးစားထုတ်လုပ်လျှက်ရှိကြောင်းနှင့်ရှေ့လျောက်ပြည်သူလူထု၏အကူအညီများစွာလိုအပ်နေသောကြောင့် တတ်နိုင်သည့်ဘက်မှပါဝင်ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။