Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီကမ်းရိုးတန်းနဲ့ ရခိုင်၊ မွန်နဲ့ ကရင်ပြည်နယ်တွေကို မိုးသတိပေး

အခုတပါတ်အတွင်းမှာ မိုးလယ်ကာလကိုရောက်ရှိပြီး မြန်မာကမ်းရိုးတန်းဒေသတွေမှာ လေပြင်းထန်တာနဲ့ မိုးသည်းထန်လာမှာဖြစ်ကာ ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်ပေါ်၊ မွန်-တနင်္သာရီကမ်းရိုးတန်းတွေမှာ မိုးပိုရွာသွန်းလာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တနင်္သာရီကမ်းရိုးတန်းနဲ့ ရခိုင်၊ မွန်နဲ့ ကရင်ပြည်နယ်တွေကို မိုးသတိပေး
တနင်္သာရီကမ်းရိုးတန်းနဲ့ ရခိုင်၊ မွန်နဲ့ ကရင်ပြည်နယ်တွေကို မိုးသတိပေး

လာမယ့် ဇူလိုင် ၆ ရက်ကနေ ၁၀ ရက်အတွင်းကစပြီး မုတ်သုံလေတဖြည်းဖြည်းအားကောင်းလာနိုင်ကာ တနင်္သာရီကမ်းရိုးတန်းနဲ့ ရခိုင်၊ မွန်နဲ့ ကရင်ပြည်နယ်တွေမှာ မိုးကြီးနိုင်ပြီး ရေတိုက်စားမှု၊ မြေပြိုမှုဘေးကိုပါကြုံတွေ့ရနိုင်တယ်လို့ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အခုတပါတ်အတွင်းမှာ မိုးလယ်ကာလကိုရောက်ရှိပြီး မြန်မာကမ်းရိုးတန်းဒေသတွေမှာ လေပြင်းထန်တာနဲ့ မိုးသည်းထန်လာမှာဖြစ်ကာ ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်ပေါ်၊ မွန်-တနင်္သာရီကမ်းရိုးတန်းတွေမှာ မိုးပိုရွာသွန်းလာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဧရာ၀တီ၊ ချင်းတွင်း၊ သံလွင်မြစ်တွေမှာ မြစ်ရေတွေမြင့်တက်လာနိုင်ပြီး ရေကြီးမှုဘေးအန္တရာယ်ကိုလည်း သတိပြုရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာ မုတ်သုံလေ အားကောင်းရာကနေ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ မုတ်သုံလေအားအသင့်အတင့်ကနေ အားကောင်းနေကာ နောက်(၂) ရက်အတွင်း ကရင်ပြည်နယ် မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် (၈)ခုမှာ မိုးဆက်လက်ပိုနေမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

ရသစာတမ်းငယ်

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

သတင်း

စစ်တွေမြို့နယ်၊ရွှေမင်းဂံရေတပ်အနီးတိုက်ပွဲဆက်ဖြစ်နေ

Facebook