သတင်း ရေစကြိုမြို့နယ် သဲတောရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ နေအိမ် ၃၀နီးပါး မီးလောင်၊ မသန်စွမ်းအဘွားအိုတစ်ဦး မီးလောင်သေဆုံး စစ်ကောင်စီတပ်သည် သဲတောရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ထော်လာဂျီ (၁) စီး၊ ဆိုင်ကယ် အစီး (၃၀)ကျော်နှင့် အခြားအဖိုးတန်ပစ္စည်းများလည်း လုယူသွားကြောင်း Yesagyo Informationက ဖော်ပြသည်။ LuduNwayOoဇွန် 10, 2022
သတင်း ရွှေဘိုမြို့နယ် တည်သီးတောရွာရှိ စစ်အုပ်စုကို ဒေသတွင်းမဟာမိတ် ၉ဖွဲ့ တိုက်ခိုက် တည်သီးတောကျေးရွာတွင် စစ်ကောင်စီတပ်သည် အခြေခံပညာကျောင်း၌ တပ်စွဲထားပြီး ဒရုန်းဖြင့် တိုက် ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ LuduNwayOoဇွန် 10, 2022
သတင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင်သွားမည်ဟု DPNS ကြေညာ စစ်ကောင်စီ၏ရွေးကောက်ပွဲသည် ယနေ့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးနှင့် ပြည်သူလူထုတရပ်လုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ပြန်ပို့ရန် ကြံစည်အားထုတ်မှုတရပ်သာ ဖြစ်သည်ဟု DPNS က ရှုမြင်သည်။ LuduNwayOoဇွန် 10, 2022
သတင်း KNUနယ်မြေ တောင်ကြာအင်းရွာရှိ စာသင်ကျောင်းကို ရပ်ရွာကဖွင့်လိုသော်လည်း စစ်ကောင်စီတပ် နေရာဖယ်မပေး၍ ဘုန်းကြီးကျောင်း၌ပြောင်းရွှေ့ သင်ကြားနေရ ခမရ(၅၄၆)တပ်ရင်းက တောင်ကြာအင်းအထက်တန်း ကျောင်းတွင် တပ်ဆွဲထားဆဲဖြစ်၍ ရပ်မိရပ်ဖများနှင့် ကျောင်းဆရာ၊မများသည် တောင်ကြာအင်း ဘုန်းကြီး ကျောင်းတွင် ပညာသင်ကြားရန် ဆုံးဖြတ်ခဲ့ကြကြောင်းထုတ်ပြန်သည်။ LuduNwayOoဇွန် 10, 2022
သတင်း ပေါက်မြို့နယ်ရှိ စစ်ကောင်စီလက်ပါးစေ စစ်သား၊ ရဲနဲ့ ပျူစောထီးများ ၁၅ရက်အတွင်း လက်နက်ချရန် YRF သတိပေး ပျူစောထီးအများစုရှိရာ ဒီးဒုတ်တကွင်း၊ တပ်ကုန်းရွာသစ် ၊ သစ်ချိုကုန်း ရွာများနှင့် စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၂)တို့ကိုလည်း အမည်ဖော်ပြ၍ သတိပေးခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 10, 2022