Connect with us

Hi, what are you looking for?

သတင်း

အာဇာနည်နေ့ အကြို လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ အာဇာနည်နေ့ အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၇) မှာပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွှေဘိုမြို့နယ်သပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဇူလိုင်-၁၇၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ အာဇာနည်နေ့ အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၇) မှာပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာ လူထုတိုက်ပွဲရေးရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ဦးဆောင်ပြီး အာဇာနည်နေ့ အကြိုအဖြစ် “အာဇာနည်တိုင်း သမိုင်းမသေ” အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

ယင်းအခမ်းအနားကို စစ်ကိုင်းမြို့နယ်က အုပ်ချုပ်ရေးရေးအဖွဲ့ဝင်တွေ၊ ကျောင်းတာ၀န်ခံတွေ၊ ကျောင်းသား လူငယ်ဦးဆောင်သူတွေနဲ့ သပိတ်ရဲဘော်တွေက ပူပေါင်းစီစဉ်ဆောင်ရွက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အာဇာနည် (၉) ဦးအပါအဝင် လွတ်လပ်ရေး၊ တန်းတူရေးနဲ့ ဒီမိုကရေစီအတွက် ခေတ်အဆက်ဆက် ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ သတ္တိဂုဏ်၊ ကျေးဇူးဂုဏ်တွေဟာ ကမ္ဘာတည်သရွေ့ ဥဒါန်းတွင်နေမယ် ဆိုတာ မြေကြီး လက်ခတ်မလွဲအသေအချာပါပဲလို့ စစ်ကိုင်းမြို့နယ် လူထုတိုက်ပွဲရေးရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ဆိုပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းပြီး NUG ကြားကာလ ပြည်သူ့အခြေပြုကျောင်းတကျောင်းမှာ (၇၉) နှစ်ပြည့် အာဇာနည်နေ့အကြို လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။

တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ အာဇာနည်တွေ ၉ဦးမကရှိနေပြီ ဖြစ်ပြီး ပေးဆပ်မှုတွေအတွက် ထိုက်တန်တဲ့ ရလဒ်တွေရဖို့ စည်းလုံးညီညွတ်မှုနဲ့ ဘုံရန်သူကို အလဲထိုးဖို့ ရွာပေါင်းစုံသပိတ်ကော်မတီက တိုက်တွန်းခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်ကော်မတီဝင်တွေက ဦးဆောင်ပြီး ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့အကြိုအဖြစ် လွတ်လပ်ရေးအကျိုးဆောင် သမိုင်းဝင် အာဇာနည် (၉)ဦး ကိုသာ ဂုဏ်ပြုရုံမကပဲ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး တိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ အာဇာနည်အပေါင်းကို ဦးညွှတ် ဂုဏ်ပြုခဲ့ပါတယ်။

ဒါ့အပြင်ပေးဆပ်သူတွေရဲ့ ဂုဏ်ဒြပ်ကို အောက်မေ့ရင်း မတရားမှုကို ဆန့်ကျင်တဲ့ အနက်ရောင်လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။