Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ် သဲတောရွာကို စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ နေအိမ် ၃၀နီးပါး မီးလောင်၊ မသန်စွမ်းအဘွားအိုတစ်ဦး မီး​လောင်​သေဆုံး

စစ်​ကောင်စီတပ်သည် သဲတောရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ထော်လာဂျီ (၁) စီး၊ ဆိုင်ကယ် အစီး (၃၀)ကျော်နှင့် အခြားအဖိုးတန်ပစ္စည်းများလည်း လုယူသွားကြောင်း Yesagyo Informationက ဖော်ပြသည်။

ရေစကြိုမြို့နယ် သဲတောရွာ
ရေစကြိုမြို့နယ် သဲတောရွာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာကို စစ်​ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး နေအိမ် ၃၀နီးပါး မီးလောင်ပျက်စီးကာ မသန်စွမ်းအဘွားအို တစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်း မြစ်များက ပြောသည်။

စစ်​​​​ကောင်စီတပ်သည် ယမန်နေ့ (ဇွန်လ ၉ရက်)နံနက် ၆နာရီခန့်က သဲတောရွာကို အင်အား ၂၀၀ခန့်ဖြင့် လက်နက်ကြီး ၊လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့သည်။ ထို့နောက် နံနက် ၁၁နာရီခွဲခန့်တွင် ရွာရှိအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ​ဒေသခံများက ပြောသည်။

မီးလောင်ကျွမ်းနေစဥ် ထွက်မပြေးနိုင်၍ အောက်ပိုင်းမသန်သူ အသက် ၆၇ နှစ်အရွယ် ဒေါ်အေးမှာ မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ရေစကြိုမြို့နယ် သဲတောရွာ
ရေစကြိုမြို့နယ် သဲတောရွာ

စစ်​ကောင်စီတပ်သည် သဲတောရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ထော်လာဂျီ (၁) စီး၊ ဆိုင်ကယ် အစီး (၃၀)ကျော်နှင့် အခြားအဖိုးတန်ပစ္စည်းများလည်း လုယူသွားကြောင်း Yesagyo Informationက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အလားတူ ယနေ့ (ဇွန်လ ၁၀ ရက်)နံနက်ပိုင်းတွင်လည်း ယမန်နေ့က ဆင်ဖြူရှင်တံတား တိုက်ခိုက်ခံရမှုဖြစ်စဥ်ကြောင့် တံတားအနီး ရေစကြိုမြို့နယ်အတွင်းရှိ သစ်ခေါက်ဆိပ်၊ ပိတ်သင်းကပ် ၊ ဝက္ကတော၊သစ်ကြီးတော စသည့် ကျေးရွာများကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ​ဒေသခံများက ပြော သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။