Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNUနယ်မြေ တောင်ကြာအင်းရွာရှိ စာသင်ကျောင်းကို ရပ်ရွာကဖွင့်လိုသော်လည်း စစ်ကောင်စီတပ် နေရာဖယ်မပေး၍ ဘုန်းကြီးကျောင်း၌ပြောင်းရွှေ့ သင်ကြားနေရ

ခမရ(၅၄၆)တပ်ရင်းက တောင်ကြာအင်းအထက်တန်း ကျောင်းတွင် တပ်ဆွဲထားဆဲဖြစ်၍ ရပ်မိရပ်ဖများနှင့် ကျောင်းဆရာ၊မများသည် တောင်ကြာအင်း ဘုန်းကြီး ကျောင်းတွင် ပညာသင်ကြားရန် ဆုံးဖြတ်ခဲ့ကြကြောင်းထုတ်ပြန်သည်။

တောင်ကြာအင်းရွာရှိ စာသင်ကျောင်း
တောင်ကြာအင်းရွာရှိ စာသင်ကျောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာရှိ အထက် တန်းကျောင်းကို ရပ်ရွာက ကျောင်းဖွင့်လိုသော်လည်း အဆိုပါကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဖယ်မပေး၍ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့စာသင်နေရကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

အဆိုပါ စာသင်ကျောင်းတွင် စစ်ကောင်စီ၏ စကခ (၁၂) လက်အောက်ခံ ခမရ(၅၄၆) တပ်ရင်း၌ တပ်စွဲထားခြင်းဖြစ်သည်ဟု ဆိုသည်။

ကျောင်း၏ တာဝန်ရှိသူနှင့် ရပ်မိရပ်ဖများ၊ ကျောင်းသား မိဘများသည် ကျောင်းဖွင့်ရန် ခမရ (၅၄၆)တပ်ရင်းနှင့် သွားရောက်ဆွေးနွေးခဲ့ရာ ၎င်းတို့က ကျောင်းမှဖယ်ရှားပေးပြီး ပျက်ဆီးသွားသော ကျောင်းဆောင်များကို ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေအပတ်တိုင်း လာရောက်ပြုပြင်ပေးသွားမည်ဟု ပြောဆိုခဲ့သော်လည်း ကျောင်းဖွင့်မည့် ဇွန်လ ၇ ရက်တွင် ကျောင်းမှမဆုတ်ခွာပေးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကျောင်းဆရာများနှင့် ရွာသူ၊ရွာသားများက ကျောင်းသုံးပစ္စည်းများသွားရောက် သယ်ယူရာတွင် ကျောင်းပေါ်သို့ တက်ခွင့်မပြုဘဲ ကျောင်းအပြင်၌သာ ၎င်းတို့၏ လက်ဆင့်ကမ်းမှုဖြင့် ယူဆောင်ခဲ့ရကြောင်း ကျောင်းဆရာတစ်ဦး၏ ပြောကြားချက်ကို ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ အထက်တန်းကျောင်းသည် Covid-19ကပ်ရောဂါကာလမှ စစ်အာဏာသိမ်း ကာလတစ်လျှောက် ပိတ်ထားခဲ့ရသည်မှာ ၂နှစ်ရှိပြီ ဖြစ်ပြီး ၂၀၂၂ မေလ ၃၁ ရက်တွင် ကျောင်းအပ်လက်ခံခဲ့ရာ KG မှ Grade 11 အထိ ကျောင်းသားဦးရေ ၁၅၇ဦး အပ်နှံထားသည်ဟုဆိုသည်။

ခမရ(၅၄၆)တပ်ရင်းက တောင်ကြာအင်းအထက်တန်း ကျောင်းတွင် တပ်ဆွဲထားဆဲဖြစ်၍ ရပ်မိရပ်ဖများနှင့် ကျောင်းဆရာ၊မများသည် တောင်ကြာအင်း ဘုန်းကြီး ကျောင်းတွင် ပညာသင်ကြားရန် ဆုံးဖြတ်ခဲ့ကြကြောင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကမူ တပ်ဆွဲထားသည်ကို ဖယ်မပေးသည့်အပြင် အင်အားများ ထပ်မံတိုးချဲ့လာကြောင်း ဒေသခံ၏ ပြောကြားချက်ကို ဖော်ပြထားသည်။

အဆိုပါ တောင်ကြာအင်းစံပြကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များအကြား မတ်လနှင့် ဧပြီအတွင်းက တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။