Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ် တည်သီးတောရွာရှိ စစ်အုပ်စုကို ​ဒေသတွင်းမဟာမိတ် ၉ဖွဲ့ တိုက်ခိုက်

တည်သီးတောကျေးရွာတွင် စစ်​ကောင်စီတပ်သည် အခြေခံပညာကျောင်း၌ တပ်စွဲထားပြီး ဒရုန်းဖြင့် တိုက် ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

တည်သီးတောရွာ
တည်သီးတောရွာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တည်သီးတောရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအဖွဲ့အား ဒေသတွင်းမဟာမိတ် ၉ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ ပျူတစ်ဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို(ပကဖ) အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇွန်လ ၉ ရက်)နံနက်ပိုင်းက ရွှေဘိုမြို့နယ် တည်သီးတောကျေးရွာရှိ စစ်​ကောင်စီတပ်နှင့် ပျူခေါင်းဆောင်မောင်ဆန်း ဦးဆောင်သောပျူအဖွဲ့ကို မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့ကြသည်။

ပျူစောထီးတစ်ဦးသေဆုံးပြီး သုံးဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း၊ မဟာမိတ်တပ်ပေါင်းစု ရဲဘော်များထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်အုပ်စု၏ ရမ်းသမ်းပစ်ခတ်မှု့ကြောင့် ဒရုန်းတစ်စီး ပြုတ်ကျဆုံးရှုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်းအဖွဲ့က အသိပေးသည်။

Public Service Announcement

တည်သီးတောကျေးရွာတွင် စစ်​ကောင်စီတပ်သည် အခြေခံပညာကျောင်း၌ တပ်စွဲထားပြီး ဒရုန်းဖြင့် တိုက် ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်သည် အဆိုပါစစ်ဆင်ရေးအား ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘို၊ မတစ်ထောင်(တစ်ကောင်ဖွား) ဒီပဲယင်း၊ C&T SHWEBO ၊ SNAKE EYES PDF ၊ PEOPLE DEFENSE FORCE SHWEBO ၊ Alpha 7 ၊ ဖားရွှေကျော်အဖွဲ့၊ဒေါင်းမာန်အဖွဲ့ နှင့် တပ်ပေါင်းစု ၂တို့မှ သွားရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘို (အဖွဲ့)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ရွှေဘိုနယ်အတွင်း တည်သီးတောကျေးရွာအပါအဝင် အကြမ်းဖက်စစ်တပ်နှင့် ပျုစောထီးများရှိရာ နေရာများသို့ မဟာမိတ်ပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း