သတင်း ရွှေဘို – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ နှစ်ကြိမ်တိုက်ခိုက် စစ်ကိုင်းခရိုင် တပ်ရင်း (၁) နှင့် မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကပြောသည်။ LuduNwayOoဇွန် 3, 2022
သတင်း ကန့်ဘလူနယ်ရှိ ကျေးရွာတစ်ရွာမှ NLD ရပ်/ကျေး ဥက္ကဋ္ဌနေအိမ်ကို တစ်ရွာတည်းနေ ပျူစောထီးများဖျက်ဆီးပြီး နွားနှစ်ကောင်ကို ဖမ်းသွား အိမ်ခြေ ၂၀၀ကျော်ရှိသည့် အဆိုပါရွာတွင် NLD ပါတီအားပေးသူနှင့် ပြည်ခိုင်ဖြိုးပါတီအားပေးသူ ထက်ဝက်ခန့်စီရှိရာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ပြည်ခိုင်ဖြိုးပါတီဝင်များကို သင်တန်းပေးပြီး လက်နက်တပ်ဆင် (ပျူစောထီးအဖြစ်ဖွဲ့စည်း) ပေးထားသည်ဟု ဆိုသည်။ LuduNwayOoဇွန် 3, 2022
သတင်း ကရင်နီ – ရှမ်းပြည်နယ်အစပ်ရှိ စစ်ကောင်စီစခန်းကို စနိုက်ပါစစ်ဆင်ရေးဖြင့် တိုက်ခိုက်ရာ သုံးဦးသေ စစ်ကောင်စီဖက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ LuduNwayOoဇွန် 3, 2022
သတင်း တက္ကသိုလ်ကျောင်းသား ၃ ဦးကိုထောင်ဒဏ်တသက်အထိချလို့ရတဲ့ အကြမ်းဖက်ပုဒ်မနဲ့ဖမ်းဆီးထား သူတို့တွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀(က) ၊(ဈ) ၊ ပုဒ်မ ၅၁(ဂ) တို့နဲ့ စွဲဆိုကာ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပါတယ်။ ဒီပုဒ်မတွေဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်အထိ ချလို့ရတဲ့ပုဒ်မတွေလည်းဖြစ်ပါတယ်။ LuduNwayOoဇွန် 3, 2022
သတင်း NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥရောပပါလီမန်ထိပ်တန်းတာဝန်ရှိသူများနှင့် ဘရက်စဲလ်၌ တွေ့ဆုံ ဥရောပသမဂ္ဂ(EU)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုကာ ကူညီထောက်ပံ့မှုများပေးရေးအတွက် ဥရောပပါလီမန်က ပြီးခဲ့သည့် မတ်လ ၁၀ရက်တွင် ဆုံးဖြတ်ခဲ့သည်။ LuduNwayOoဇွန် 3, 2022