Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ နှစ်ကြိမ်တိုက်ခိုက်

စစ်ကိုင်းခရိုင် တပ်ရင်း (၁) နှင့် မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကပြောသည်။

(မန္တလေး - မုံရွာ - ရွှေဘိုလမ်းပေါ်တွင် ဖြတ်သန်းသွားနေသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ဧပြီလကုန်ပိုင်းက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မန္တလေး - မုံရွာ - ရွှေဘိုလမ်းပေါ်တွင် ဖြတ်သန်းသွားနေသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ဧပြီလကုန်ပိုင်းက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းပိုင်းတွင် ဖြတ်သန်းလာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

ယမန်နေ့ (ဇွန်လ ၂ရက်) ည ၉နာရီ ၄၅မိနစ်အချိန်က ရွှေဘို – မန္တလေးလမ်းပေါ် စစ်ကိုင်းမြို့နယ် ကျားမင်းကြီးရွာနှင့် ချိုင်းကြီးကျေးရွာကြားတွင် စစ်ကိုင်းဘက်မှ ရွှေဘိုမြို့သို့ဦးတည် ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ၁၀ဘီးကား ၆စီးယာဉ်တန်းမှ နှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား နှစ်စီးလုံး တာယာများပွင့်ထွက်၍ နေရာတင်ထိုးရပ်ခဲ့ပြီး တပ်သား အများအပြားသေဆုံးနိုင်ကြောင်း နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့နှင့် phoenix(SGG) အဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ဒီကနေ့ နံနက် ၃နာရီခန့်က အလောင်းလာကောက်ပြီး ရှင်းလင်းသွားတယ်လို့သိရပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

အလားတူ ယမန်နေ့ည ၁ဝနာရီခန့်ကလည်း ရွှေဘို – မန္တလေးလမ်းပေါ်၊ စစ်ကိုင်းမြို့နယ် ကျော်ဇေယျာရွာနှင့် ဆားတောင်မြို့ကြားတွင် စစ်ကိုင်း အုန်းတောဘက်မှ မောင်းနှင်လာသော စစ်ကောင်စီတပ်သားများ တင်ဆောင်လာသည့် တွဲကား နှစ်စီးကို အခြားအဖွဲ့များက ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြသည်။

စစ်ကိုင်းခရိုင် တပ်ရင်း (၁) နှင့် မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကပြောသည်။

ယမန်နေ့ညက ရွှေဘို – မန္တလေး လမ်းမကြီးပေါ် ​မည်သည့်ယာဥ်မျှ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ကြိုတင်သတိပေးကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။