Connect with us

Hi, what are you looking for?

သတင်း

တက္ကသိုလ်ကျောင်းသား ၃ ဦးကိုထောင်ဒဏ်တသက်အထိချလို့ရတဲ့ အကြမ်းဖက်ပုဒ်မနဲ့ဖမ်းဆီးထား

သူတို့တွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀(က) ၊(ဈ) ၊ ပုဒ်မ ၅၁(ဂ) တို့နဲ့ စွဲဆိုကာ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပါတယ်။ ဒီပုဒ်မတွေဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်အထိ ချလို့ရတဲ့ပုဒ်မတွေလည်းဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသား
တက္ကသိုလ်ကျောင်းသား

တစ်လကျော်ကြာဖမ်းဆီးထားတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၃ ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ စစ်ကောင်စီက စွဲဆိုကာ အင်းစိန်ထောင်မှာ ဖမ်းဆီးထားတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဒီကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ဒေါပုံဘောလုံးကွင်းမှာ ဖမ်းဆီးခံလိုက်ရတာပါ။ ဖမ်းဆီးခံရတဲ့ ကျောင်းသား ၃ ဦးဟာ စတုတ္ထနှစ် ကျောင်းသားကိုကောင်းခန့်နိုင် ၊ ဒုတိယနှစ်ကျောင်းသား တွေဖြစ်တဲ့ ကိုဟိန်းထက်ဇော်နဲ့ ကိုသီဟအောင် တို့ဖြစ်တယ်လို့သိရပါတယ်။

သူတို့တွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀(က) ၊(ဈ) ၊ ပုဒ်မ ၅၁(ဂ) တို့နဲ့ စွဲဆိုကာ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပါတယ်။ ဒီပုဒ်မတွေဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်အထိ ချလို့ရတဲ့ပုဒ်မတွေလည်းဖြစ်ပါတယ်။

ဒါအပြင်သာကေတရဲစခန်းမှာ ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မတွေနဲ့ စစ်ကောင်စီက စွဲဆိုထားသေးတယ်လို့လည်း ကျောင်းသားသမဂ္ဂ က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ပါလီမန်ရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ Free Her Campaign ကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။