Connect with us

Hi, what are you looking for?

သတင်း

တက္ကသိုလ်ကျောင်းသား ၃ ဦးကိုထောင်ဒဏ်တသက်အထိချလို့ရတဲ့ အကြမ်းဖက်ပုဒ်မနဲ့ဖမ်းဆီးထား

သူတို့တွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀(က) ၊(ဈ) ၊ ပုဒ်မ ၅၁(ဂ) တို့နဲ့ စွဲဆိုကာ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပါတယ်။ ဒီပုဒ်မတွေဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်အထိ ချလို့ရတဲ့ပုဒ်မတွေလည်းဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသား
တက္ကသိုလ်ကျောင်းသား

တစ်လကျော်ကြာဖမ်းဆီးထားတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၃ ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ စစ်ကောင်စီက စွဲဆိုကာ အင်းစိန်ထောင်မှာ ဖမ်းဆီးထားတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဒီကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ဒေါပုံဘောလုံးကွင်းမှာ ဖမ်းဆီးခံလိုက်ရတာပါ။ ဖမ်းဆီးခံရတဲ့ ကျောင်းသား ၃ ဦးဟာ စတုတ္ထနှစ် ကျောင်းသားကိုကောင်းခန့်နိုင် ၊ ဒုတိယနှစ်ကျောင်းသား တွေဖြစ်တဲ့ ကိုဟိန်းထက်ဇော်နဲ့ ကိုသီဟအောင် တို့ဖြစ်တယ်လို့သိရပါတယ်။

သူတို့တွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀(က) ၊(ဈ) ၊ ပုဒ်မ ၅၁(ဂ) တို့နဲ့ စွဲဆိုကာ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပါတယ်။ ဒီပုဒ်မတွေဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်အထိ ချလို့ရတဲ့ပုဒ်မတွေလည်းဖြစ်ပါတယ်။

ဒါအပြင်သာကေတရဲစခန်းမှာ ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မတွေနဲ့ စစ်ကောင်စီက စွဲဆိုထားသေးတယ်လို့လည်း ကျောင်းသားသမဂ္ဂ က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။