NUGကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးသည် ဥရောပပါလီမန်၏ ဒုတိယဥက္ကဌအပါအဝင် ပါလီမန်အဖွဲ့ဝင်များနှင့် ဇွန်လ၁ ရက်တွင် ဘယ်လ်ဂျီယံ၊ ဘရက်စဲလ်၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံအခြေအနေများကို ဆွေးနွေးခဲ့ပြီး ဥရောပပါလီမန်သည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေးထောက်ခံအားပေးကြောင်း ပြောကြားသည်။

ဥရောပပါလီမန်သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့၏ ဆောင်ရွက်မှုများအပေါ် စည်းလုံးခိုင်မာစွာ ထောက်ခံရပ်တည်ကြောင်းလည်း ပြောကြားသည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးသည်။
ဥရောပသမဂ္ဂ(EU)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုကာ ကူညီထောက်ပံ့မှုများပေးရေးအတွက် ဥရောပပါလီမန်က ပြီးခဲ့သည့် မတ်လ ၁၀ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ထို့အပြင် အကြမ်းဖက်မှုများ ပိုတိုးလုပ်ဆောင်နေသည့် စစ်ကောင်စီကို ထပ်တိုးပိတ်ဆို့ဒဏ်ခတ်မှုများလုပ်ဆောင်ရန် ဥရောပပါလီမန်က တိုက်တွန်းထားသည်။

Public Service Announcement
စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ရက်စက်ကြမ်းကြုတ်မှုများကို ပြင်းထန်စွာထပ်မံရူတ်ချထားပြီး ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို လေးစားရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးရန်နှင့် အရပ်သားအစိုးရပြန်လည်ပေါ်ထွန်းအောင်လုပ်ဆောင်ရန်တို့ကို ဥရောပပါလီမန်က တောင်းဆိုထားသည်။
