Connect with us

Hi, what are you looking for?

သတင်း

NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥရောပပါလီမန်ထိပ်တန်းတာဝန်ရှိသူများနှင့် ဘရက်စဲလ်၌ တွေ့ဆုံ

ဥရောပသမဂ္ဂ(EU)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုကာ ကူညီထောက်ပံ့မှုများပေးရေးအတွက် ဥရောပပါလီမန်က ပြီးခဲ့သည့် မတ်လ ၁၀ရက်တွင် ဆုံးဖြတ်ခဲ့သည်။

NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥရောပပါလီမန်ထိပ်တန်းတာဝန်ရှိသူများနှင့် ဘရက်စဲလ်၌ တွေ့ဆုံ
NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥရောပပါလီမန်ထိပ်တန်းတာဝန်ရှိသူများနှင့် ဘရက်စဲလ်၌ တွေ့ဆုံ

NUGကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးသည် ဥရောပပါလီမန်၏ ဒုတိယဥက္ကဌအပါအဝင် ပါလီမန်အဖွဲ့ဝင်များနှင့် ဇွန်လ၁ ရက်တွင် ဘယ်လ်ဂျီယံ၊ ဘရက်စဲလ်၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအခြေအနေများကို ဆွေးနွေးခဲ့ပြီး ဥရောပပါလီမန်သည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေးထောက်ခံအားပေးကြောင်း ပြောကြားသည်။

NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥရောပပါလီမန်ထိပ်တန်းတာဝန်ရှိသူများနှင့် ဘရက်စဲလ်၌ တွေ့ဆုံ
NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥရောပပါလီမန်ထိပ်တန်းတာဝန်ရှိသူများနှင့် ဘရက်စဲလ်၌ တွေ့ဆုံ

ဥရောပပါလီမန်သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့၏ ဆောင်ရွက်မှုများအပေါ် စည်းလုံးခိုင်မာစွာ ထောက်ခံရပ်တည်ကြောင်းလည်း ပြောကြားသည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးသည်။

ဥရောပသမဂ္ဂ(EU)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုကာ ကူညီထောက်ပံ့မှုများပေးရေးအတွက် ဥရောပပါလီမန်က ပြီးခဲ့သည့် မတ်လ ၁၀ရက်တွင် ဆုံးဖြတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥရောပပါလီမန်ထိပ်တန်းတာဝန်ရှိသူများနှင့် ဘရက်စဲလ်၌ တွေ့ဆုံ
NUGဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဥရောပပါလီမန်ထိပ်တန်းတာဝန်ရှိသူများနှင့် ဘရက်စဲလ်၌ တွေ့ဆုံ

ထို့အပြင် အကြမ်းဖက်မှုများ ပိုတိုးလုပ်ဆောင်နေသည့် စစ်ကောင်စီကို ထပ်တိုးပိတ်ဆို့ဒဏ်ခတ်မှုများလုပ်ဆောင်ရန် ဥရောပပါလီမန်က တိုက်တွန်းထားသည်။

စစ်​ကောင်စီ၏ အကြမ်းဖက်မှု​များ ရက်စက်ကြမ်းကြုတ်မှုများကို ပြင်းထန်စွာထပ်မံရူတ်ချထားပြီး ၂၀၂၀ ​ရွေး​ကောက်ပွဲရလာဒ်ကို ​လေးစားရန်၊ ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်​ပေးရန်နှင့် အရပ်သားအစိုးရပြန်လည်​ပေါ်ထွန်းအောင်လုပ်​ဆောင်ရန်တို့ကို ဥရောပပါလီမန်က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။