News ခင်ဦးနယ်က အင်းပတ်ရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ ဖျက်ဆီး၍ နေအိမ် ၃၀၀ ကျော်ပြာကျ အကြမ်းဖက်စစ်တပ်မီးရှို့နေစဥ် သွားရောက်ပစ်ခတ်ခဲ့သော်လည်း အင်အားမမျှ၍ ပြန်ဆုတ်ခဲ့ကြောင်း၊ နေအိမ် ၃၀၀ကျော် လောင်ကျွမ်းပျက်စီးပြီး အသက် ၄၀ခန့် အမျိုးသားတစ်ဦး မီးထဲပါသွားကြောင်း Khin U Support Organization-KSO အဖွဲ့က ပြောသည်။ LuduNwayOoမေ 2, 2022
News မြင်းခြံတွင် နေအိမ်များဖျက်ဆီးပြန်လာသည့် စစ်ကောင်စီလက်ပါးစေ ရဲများအား မိုင်းဆွဲတိုက်ခိုက်ရာ အရာရှိတစ်ဦးအပါအဝင် လေးဦးသေ ရုပ်အလောင်းများအား လူမှုကူညီရေးကားများနှင့် သယ်ဆောင်သွားပြီး ဟွန်ဒါဖစ်ကားအား ညနေပိုင်းမှ ကရိန်းဖြင့်သယ်သွားသည်ဟု 27 RFက ပြောသည်။ LuduNwayOoမေ 2, 2022
News စိုင်ပြင်မြို့သို့ ထွက်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ သေဆုံးမှုများပြားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုပြော ဘုတလင်မြို့မှထွက်လာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရမှုကြောင့် စိုင်ပြင်မြို့မှတပ်ကူထွက်လာသော စစ်ကောင်စီတပ်ကို စိုင်ပြင်တောင်ဘက် နွားခြံအနီး ပဒေသာမိုင်း ၅ လုံးအပြင် လက်နက်များဖြင့် ပူးပေါင်းတိုက်ခိုက်ရာ ၂၀ဦးခန့် သေဆုံးသည်ဟု အသိပေးသည်။ LuduNwayOoမေ 2, 2022
News ထီးချိုင့်မြို့နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား စောင့်ကြိုတိုက်ခိုက်ရာ ၂၀ခန့်သေဟုဆို "ကျွန်တော်တို့ နောက်ဆုံးရတဲ့သတင်းအရဆို မိုင်းမိသွားတဲ့ စခ စစ်ကြောင်းဟာ ကိုးတဲရွာနားမှာ နာရေးကားတွေစောင့်နေတယ်။ပြီးတော့ အဲဒီနားက တဲ ငါးတဲကို မီးရှို့ နေတယ်"ဟု Special.9-HPDF တာဝန်ရှိသူက People's Spring သို့ ပြောသည်။ LuduNwayOoမေ 2, 2022
News ဒေါ်အောင်ဆန်းစုကြည်အပေါ် အခြေအမြစ်မရှိသည့်တရားစီရင်မှုကို ပြင်းပြင်း ထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း NUG တရားရေးဝန်ကြီး ထုတ်ပြန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိသည်ဟုဆိုကာ ၅မိနစ်အတွင်း ဆုံးဖြတ်ချက်ချမှတ်သော “ဟန်ပြ” တရားခွင်ဟုသုံးနှုန်းကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ LuduNwayOoမေ 2, 2022