Connect with us

Hi, what are you looking for?

News

မြင်းခြံတွင် နေအိမ်များဖျက်ဆီးပြန်လာသည့် စစ်ကောင်စီလက်ပါးစေ ရဲများအား မိုင်းဆွဲတိုက်ခိုက်ရာ အရာရှိတစ်ဦးအပါအဝင် လေးဦးသေ

ရုပ်အလောင်းများအား လူမှုကူညီရေးကားများနှင့် သယ်ဆောင်သွားပြီး ဟွန်ဒါဖစ်ကားအား ညနေပိုင်းမှ ကရိန်း​ဖြင့်သယ်သွားသည်ဟု 27 RFက ပြောသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ကျေးရွာ​​နေအိမ်များဖျက်ဆီးပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ရဲတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ရာ အရာရှိတစ်ဦးအပါအဝင် ရဲလေးဦးသေဆုံးကြောင်း 27 Revolution Forcesက ယနေ့ ထုတ်ပြန်သည်။

ဧပြီ ၂၈ ရက်က မြင်းခြံနယ် ဆီမီးခုံရဲစခန်းမှ စခန်းမှူးနှင့် ရဲများသည် ဟွန်ဒါဖစ် အနက်ရောင်ကားဖြင့် ဇလပ်ကုန်းရွာရှိ နေအိမ်များအား မွှေနှောက်ဖျက်ဆီးပြီးအပြန် ဇလပ်ကုန်းရွာအနီး ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲလေးဦး သေဆုံးခဲ့သည်ဟု 27 RF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရုပ်အလောင်းများအား လူမှုကူညီရေးကားများနှင့် သယ်ဆောင်သွားပြီး ဟွန်ဒါဖစ်ကားအား ညနေပိုင်းမှ ကရိန်း​ဖြင့်သယ်သွားသည်ဟု 27 RFက ပြောသည်။

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး 27 Revolution Forcesသို့ မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအား 27 Revolution Forces၊ Urban Underground Revolution Force(UURF)၊ မြေလတ်အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဟု ၎င်းတို့က ပြောသည်။

ထိုနေ့ ဧပြီ၂၈ ရက် နေ့လယ်ပိုင်းကလည်း ဇလပ်ကုန်းရွာရှိနာရေးကို စစ်ကောင်စီတပ်က ဝင်ပစ်သဖြင့် ရွာသားတစ်ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။