ဇူလိုင် ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဗဟိုကျန်းမာရေးဌာနကဖွင့်လှစ်တဲ့ ဆရာဝန်ဖြစ်သင်တန်းဆင်းပွဲမှာ သင်တန်းဆင်းသူ ၄၃ဦး ရှိခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။
အခု ပြုလုပ်တဲ့ သင်တန်းဆင်းပွဲဟာ အပတ်စဉ်(၉) ဖြစ်ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၁၁ရက်က KIO ဌာနချုပ် လိုင်ဇာမှာ ပြုလုပ်ခဲ့တာပါ။
ဆရာဝန်ဖြစ် သင်တန်းပြီးနောက် အောင်မြင်သူ ၄၃ဦးကို သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ပါတယ်။

Public Service Announcement
သင်တန်းဆင်းအခမ်းအနားသို့ KIO ရဲ့အုပ်ချုပ်ရေး အဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) အတွင်းရေးမှူး လဖိုင်ဆင်ခွန်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
KIO/KIAဟာ PDF အပါအဝင် မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ပိုင်းတွေမျာ ကချင်ဒေသ ထိုးစစ်အရှိန်မြှင့်ပြီး စစ်ကောင်စီတပ်စခန်းရာချီ၊ မြို့တွေ၊ နယ်စပ်ဂိတ်တွေ၊ အရေးပါတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီလို ထိန်းချုပ်နယ်မြေတွေ ပိုမိုကျယ်ဝန်းလာတာနဲ့အမျှ ဝန်ထမ်းလိုအပ်ချက်တွေရှိလာတဲ့အပေါ် ကျန်းမာရေး၊ လ၀က အပါအဝင် KIO ဌာနဆိုင်ရာ အသီးသီးက သင်တန်းတွေ ဆက်တိုက်ပြုလုပ်ပေးလျက်ရှိပါတယ်။


















































