News အာဏာသိမ်းမှုကြောင့်မီးပြတ်တောက်မှုပိုမိုကြာရှည်မည်၊ ရင်းနှီးမြှပ်နှံသူများကိုဆုံးရှုံးနိုင်ချေအမြင့်ဆုံးအခြေအနေဟုကမ္ဘာဘဏ်အစီရင်ခံစာသုံးသပ် စစ်တပ်အာဏာသိမ်းမှုကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာလည်း ၃၀ ရာခိုင်နှုန်းထိုးကျသွားသည်ဟု ကမ္ဘာဘဏ်ကဆိုသည်။ ယခင်က မဂ္ဂါဝပ် ၃၇၁၁ ထုတ်လုပ်နိုင်ရာမှ စစ်တပ်အာဏာသိမ်းပြီ ၂၀၂၂ မတ် ၇ရက်တွင် မဂ္ဂါဝပ် ၂၆၆၅သာထုတ်လုပ်နိုင်တော့သည်ဟုပါရှိသည်။ LuduNwayOoမေ 4, 2022
News မန္တလေး က တည်းခိုခန်း ကို စစ်ကောင်စီတပ် စီးနင်းပြီးနောက် လူငယ်အချို့သေဆုံး ဒီလို စစ်ဆေးရာမှာ အခန်းထဲက ပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး လူငယ် အချို့ သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်ရဲ့သတင်းဖြန့်ချက်မှာ တွေ့ရပါတယ်။ LuduNwayOoမေ 4, 2022
News ရှားဖိုရွာနှစ်ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ်အနည်းဆုံးငါးဦးသေ၊ လက်နက်လေးလက် PDFများသိမ်းဆည်းရမိ ပူးပေါင်းတပ်ဖွဲ့များမှ နှစ်ရက်ဆက် ပြန်လည်ခုခံတိုက်ခိုက်ရာ စစ်ကောင်စီမှ အကျအဆုံးများလာမှုကြောင့် ဗုံးသီးတပ်ဆင်ထားသည့် ဒရုန်းဖြင့်တိုက်ခိုက်လာရာ အဆိုပါဒရုန်းကို ပူးပေါင်းတပ်ဖွဲ့မှ ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ LuduNwayOoမေ 4, 2022
News မြောင်သို့ အင်အားလာဖြည့်သော စစ်ကောင်စီတပ် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ၊ နှစ်ဦးသေပြီး လေးဦးဒဏ်ရာပြင်းထန် တိုက်ခိုက်မှုများအနက် စစ်ကောင်စီတပ်စစ်ကြောင်းမှာ မြောင်သို့အလာတွင် မရိုးကုန်းကျေးရွာအဝင်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသည့်အပြင် ဒဏ်ရာရသူနှစ်ဦးမှာ သေဆုံးနိုင်ကြောင်း ဖော်ပြသည်။ LuduNwayOoမေ 4, 2022
News ပဲခူးတိုင်းစစ်ကောင်စီတိုင်းရုံးအနီး မြို့တွင်းလမ်းများကို တစ်လမ်းမောင်းအဖြစ် ပိတ်ဆို့ထား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပဲခူး တိုင်းအား အုပ်ချုပ်မှုနယ်မြေတိုးချဲ့ရန် ပြင်ဆင်လျက်ရှိရာ ပြည်ပရောက်မြန်မာများ ထည့်ဝင်မှုဖြင့် ရက်ပိုင်းအတွင်း ကျပ်သိန်း ၆၀၀၀ ကျော်ရရှိထားကြောင်း ပြည်ထဲရေးဝန်ကြီးက အသိပေးထားသည်။ LuduNwayOoမေ 3, 2022