Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှာ စစ်တပ်စစ်ကြောင်းက ဓားစားခံဖမ်းဆီးထားတဲ့ ပြည်သူ ၂ဦးကို သတ်ပြီး ‌ကျေးရွာတွေ မီးရှို့

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၂ဦးကို သတ်ဖြတ်ပြီး ‌ကျေးရွာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ က ပြောပါတယ်။

(မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − မြိုင် ဒေါင်းမင်း)

ဇူလိုင်−၁၅၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၂ဦးကို သတ်ဖြတ်ပြီး ‌ကျေးရွာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ က ပြောပါတယ်။

အင်အား ၆၀၀ ၀န်းကျင်ရှိတဲ့ စစ်တပ်စစ်ကြောင်းက ပေါက်မြို့နယ်အရှေ့ခြမ်း ထောက်ရှာပင်ကျေးရွာကတဆင့် ပေါက်-မြိုင်လမ်းပိုင်းက ကန်နက်ကျေးရွာဝင်ရောက်ပြီး ပြည်သူ ၂ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူ ၂ဦးကို စစ်ကြောင်းအတွက် ဓားစားခံအဖြစ် အသုံးပြုခဲ့ပြီး လက်ခုတ်ပင်ရွာကို ဇူလိုင် ၁၃ ရက်က ၀င်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ဇူလိုင် ၁၄ရက်မှာ လက်ခုတ်ပင်ရွာကို မီးရှို့ပြီး ကိုင်းတောမရွာကို ဆက်လက်စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာခုနစ်ရွာထက်မနည်းက ပြည်သူတွေ ဘေးလွတ်ရာကို တိမ်ရှောင်နေရတယ်လို့ သိရပါတယ်။

“ဖမ်းခံရတဲ့ပြည်သူ ၂ဦးကို လက်ခုတ်ပင်ရွာမှာ သတ်သွားတယ်။ရွာကိုလည်း မီးရှို့သွားတယ်။အသတ်ခံရတာ သက်ကြီးပိုင်းအမျိုးသားတွေ”လို့ ဒေသခံသတင်းရင်းမြစ် မြိုင်ဒေါင်းမင်းက ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၁၅ရက် နေ့လယ်ပိုင်းမှာ မြိုင်မြို့နယ် အိုင်းမကျေးရွာကတဆင့် ဝါးရင်းချိုင်ကျေးရွာ အရှေ့တောင်ဘက်ကို စစ်တပ်က စစ်ကြောင်း ထိုးနေတယ်လို့ အသိပေးပါတယ်။

“ပေါက်နဲ့ မြိုင်ရဲ့ လမ်းပိုင်းတွေကို စစ်ကြောင်းထိုးနေတာ တွေ့ရတယ်။ဘယ်ကို ဆက်ဦးတည်မလဲတော့ မခန့်မှန်းနိုင်သေးဘူး။စစ်ကြောင်းထိုးနေတဲ့ပုံစံကတော့ မီးရှို့မယ် သတ်မယ်ဆိုတာချည်းပဲ”လို့ မြိုင်နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီစစ်ကြောင်းက မြိုင်-ပေါက် လမ်းပိုင်းပေါ်က ထောက်ရှာပင်ကျေးရွာက နေအိမ် ၅၀ ခန့်ကို ဇူလိုင် ၁၀ ရက်က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့လပိုင်းမျာ ပေါက်နဲ့ မြိုင်မြို့နယ်က ရေပြာရဲစခန်း၊ကုက္ကိုလ်စုနဲ့ သရက်ကန်ပြည်သူ့စစ်ရွာတွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က အင်အားအလုံး အရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းကလည်း မြိုင်မြို့နယ်အရှေ့ခြမ်းက ဝါးကန်ကျေးရွာအနီးကိုစစ်တပ်က ဂျက်ဖိုက်တာ၊ရဟတ်ယာဉ်တွေ နဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ပေါက်နဲ့ မြိုင်မြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းဟာ တဲကြီးကျေးရွာကို မီးရှို့ပြီး ရေနံမြေအတွင်း၀င်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၅ဦးဖမ်းမိပြီးလက်နက်ခဲယမ်းနဲ့ ရုပ်အလောင်းတချို့သိမ်းရတယ်လို့သရက်ခရိုင်ရင်း(၄)ပြော

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်စခန်းကို လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး စစ်ကားတစ်စီး၊မီးစက်တစ်လုံးနဲ့ စစ်သုံးပစ္စည်း​​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ကထုတ်ပြန်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်