Connect with us

Hi, what are you looking for?

LuduNwayOo

News

ခင်ဦးနယ်က အင်းပတ်ရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ ဖျက်ဆီး၍ နေအိမ် ၃၀၀ ကျော်ပြာကျ

အကြမ်းဖက်စစ်တပ်မီးရှို့နေစဥ် သွားရောက်ပစ်ခတ်ခဲ့သော်လည်း အင်အားမမျှ၍ ပြန်ဆုတ်ခဲ့ကြောင်း၊ နေအိမ် ၃၀၀ကျော် လောင်ကျွမ်းပျက်စီးပြီး အသက် ၄၀ခန့် အမျိုးသားတစ်ဦး မီးထဲပါသွားကြောင်း Khin U Support Organization-KSO အဖွဲ့က ပြောသည်။

(အင်းပတ်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်။)

ဒေသခံအမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၃၀၀ ကျော်ပြာကျသွားပြီး ဒေသခံပြည်သူတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (မေလ ၂ ရက်) နေ့လယ်၁၂နာရီခွဲခန့်က အင်အား ၁၀၀ခန့်ပါသော အကြမ်းဖက်စစ်တပ်သည် အင်းပတ်ရွာသို့ လက်နက်ကြီးလက်နက်ငယ်များပစ်ခတ်ကာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်မီးရှို့နေစဥ် သွားရောက်ပစ်ခတ်ခဲ့သော်လည်း အင်အားမမျှ၍ ပြန်ဆုတ်ခဲ့ကြောင်း၊ နေအိမ် ၃၀၀ကျော် လောင်ကျွမ်းပျက်စီးပြီး အသက် ၄၀ခန့် အမျိုးသားတစ်ဦး မီးထဲပါသွားကြောင်း Khin U Support Organization-KSO အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“ပြန်လည်ဆုတ်ခွာချိန်မှာ ကျွန်တော်တို့လည်း ပစ္စည်းပစ္စယအချို့ ရွာထဲပစ်ထားခဲ့တာကြောင့် မီး​ငြှိမ်းသတ်ချိန်မှာ မီးထဲပါသွားခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့ ရှေ့ဆက်ဖို့ အခက်အခဲကြီးမားစွာ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။”ဟု Khin U Support Organization-KSO အဖွဲ့က ပြောသည်။

Public Service Announcement

အင်းပတ်ကျေးရွာကို မီးရှို့ခဲ့သော အကြမ်းဖက်စစ်တပ်သည် ညနေ ၃ နာရီခန့်တွင် ညောင်ပင်ကြီးစုရွာဘက်သွားရာ လမ်းတွင် မိုင်းမိခဲ့ပြီး ၁စီးထိကာ သေဆုံးမှုရှိနိုင်ကြောင်း Khin U Support Organization-KSO အဖွဲ့က ပြောသည်။

မိုင်းမိခဲ့သော အကြမ်းဖက်အုပ်စုသည် ဘေးပတ်ဝန်းကျင်အား လက်နက်ကြီး လက်နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံတို့က ပြောသည်။

အင်းပတ်ရွာသည် အိမ်ခြေ ၅၀၀ကျော်ရှိပြီး ယနေ့တစ်ရက်တည်းတင် ခင်ဦးနယ်ရှိ သရက်ကန်၊အင်တိုင်းလေး၊အင်းပတ်၊မူးသာ စသည့်ကျေးရွာလေးရွာမှ ပြည်သူ လေးထောင်ကျော်
ထွက်ပြေး နေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များ အပါအဝင် နေရာပေါင်း ၄၀ကျော်၌ မီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ နှစ်ပတ်အတွင်း အိမ်ခြေ ၂၂ ၃၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmar က သတင်းထုတ်ပြန်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဧပြီ ၃၀ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက နေရာပေါင်း ၂၉၆ နေရာမှ လူနေအိမ် ခန့်မှန်းခြေ ၁၁,၄၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။ Data for Myanmarက ဧပြီ ၁၃ရက်အထိ ထုတ်ပြန်ခဲ့သည့် စာရင်းမှာ နေရာပေါင်း ၂၅၄ နေရာမှ နေအိမ် ၉,၁၈၇လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဖော်ပြခဲ့ရာ ယခုနှစ်ပတ်အတွင်း အိမ်ခြေ ၂ထောင်ကျော်ကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။