Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်အပေါ် အခြေအမြစ်မရှိသည့်တရားစီရင်မှုကို ပြင်းပြင်း ထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း NUG တရားရေးဝန်ကြီး ထုတ်ပြန်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိသည်ဟုဆိုကာ ၅မိနစ်အတွင်း ဆုံးဖြတ်ချက်ချမှတ်သော “ဟန်ပြ” တရားခွင်ဟုသုံးနှုန်းကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ အခြေ အမြစ်မရှိသည့် တရားစီရင်မှုအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တရားရေးဝန်ကြီးက ထုတ်ပြန်လိုက်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိသည်ဟုဆိုကာ ၅မိနစ်အတွင်း ဆုံးဖြတ်ချက်ချမှတ်သော “ဟန်ပြ” တရားခွင်ဟုသုံးနှုန်းကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယနေ့ (မေ ၂ရက်)တွင် ထုတ်ပြန်သည့် စစ်ကောင်စီ၏ တရားစီရင်မှုအပေါ် ရှုံ့ချကြောင်း ကြေငြာချက်တွင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက မဟုတ်မမှန် တရားစွဲဆိုမှုတွင် စွပ်စွဲခံရသူဘက်မှ ခုခံချေပခွင့်လည်းမရှိ၊ အများပြည်သူရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ စီရင်ခြင်းလည်း မရှိ၊ အပြစ်ရှိသည်ဟုဆိုကာ ၅မိနစ်အတွင်း ဆုံးဖြတ်ချက် ချမှတ်သော “ဟန်ပြ” တရားခွင်သည် အများပြည်သူ ယုံကြည်လက်ခံနိုင်မှုကိုသော်လည်းကောင်း တရားမျှတမှုကိုသော်လည်းကောင်း ဆောင်ကြဉ်းနိုင်သည်မဟုတ်ပါဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက ဆိုသည်။

ဝါဒဖြန့် “ဟန်ပြ” တရားခွင်သည် အကြမ်းဖက်စစ်ကောင်စီ၏ သဘောထား (၂) ချက်ကို ပိုမို ပေါ်လွင်စေသည်ဟု သုံးသပ်ပြထားသည်။

Public Service Announcement

Public Service Announcement

ပထမအချက်မှာ စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် မလျော်ကန်စွာ သက်ရောက်စေသည့် တရားစီရင်ရေး အတုအယောင်ကို အရှက်သိက္ခာကင်းမဲ့စွာ အသုံးချရန် ဝန်မလေးခြင်းနှင့် ဒုတိယအချက်အနေဖြင့် ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်သူ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ကြောက်ရွံ့နေသေးခြင်း တို့ မှာ သိသာထင်ရှားသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်လာ (၆) သိန်းတန်ဖိုးရှိ ရွှေချောင်းများ လာဘ်ပေး၊လာဘ်ယူခဲ့သည်ဟု စစ်ကောင်စီ၏ စွပ်စွဲချက်နှင့်ပတ်သက်၍ ” အများပြည်သူ ယုံကြည်လေးစားရသူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်လာ (၆) သိန်းတန်ဖိုးရှိ ရွှေချောင်းများကို လာဘ်ပေးလာဘ်ယူ ပြုမူခဲ့သည့် သက်သေများရှိသည်ဟု စစ်ကောင်စီက တရားခွင်တွင် မဟုတ်မမှန် လိမ်လည် ပြောကြားခဲ့သည်။ နေအိမ်အကျယ်ချုပ်နှင့် ထောင်သွင်း အကျဉ်းချခံရခြင်းများဖြင့် သူမဘဝတစ်လျောက် မြန်မာပြည်သူလူထု လွတ်လပ်ရန် တစ်စိုက်မက်မက် ကြိုးစားခဲ့သော ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း သိသာစေပါသည်။ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ၎င်းစွပ်စွဲချက်ကို အခြေအမြစ်မရှိကြောင်း ပြောဆိုပယ်ချခဲ့သည်။ ယခုအပတ်အတွင်း ချမှတ်သော အတုအယောင် တရားခွင်သည် စစ်ကောင်စီအနေဖြင့် လူထုခေါင်းဆောင်အပေါ် စီရင်နေသော မလျော်ကန်သည့် တရားခွင်များအနက်မှ လက်တလော နောက်ဆုံး တရားခွင်တစ်ခုပင် ဖြစ်သည်” ဟု တုန့်ပြန်ထားသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနသည် တော်လှန်ရေးကာလအလွန် အသစ်ပြန်လည်တည်ဆောက်မည့် မြန်မာနိုင်ငံတော်ကြီးတွင် ဒီမိုကရေစီစနစ် ပြန်လည် ဆောင်ကြဉ်း၍ လွတ်လပ်ပြီးတရားမျှတသော တရားစီရင်ရေးစနစ်ကို ဖော်ဆောင်ပြီး ယခုကဲ့သို့ ယုတ်မာရက်စက်သော မတရားမှုများကို အဆုံးသတ်မည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်မှ အုပ်ချုပ်မှုကင်းလွတ်နေသည့် စိုးမိုးနယ်မြေများတွင် ကြားကာလ တရားစီရင်ရေးစနစ်ကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသော အမှုများဖြစ်သည့် ဆူပူလှုံဆော်မှု ၊ပို့ကုန်သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့် သဘာဝဘေးအန္တရာယ် ဥပဒေများဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပြီး ဧပြီ၂၈ရက်တွင် ထောင်ဒဏ် ၅ နှစ်ထပ်မံချမှတ်ခဲ့၍ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်အထိ မတရားချမှတ်ခံထားရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုစီရင်ချက်ချပြီးသည့် အမှုများအပြင် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှု၊ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုနှင့် အဂတိအမှု ၁၀ မှုတို့ကို အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ဒီကနေ့ (ဇွန် ၁၉)မှာကျရောက်တဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနဲ့ "81 for 81 အမေစုချက်ချင်းလွှတ်" စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။