Connect with us

Hi, what are you looking for?

News

ထီးချိုင့်မြို့နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား စောင့်ကြိုတိုက်ခိုက်ရာ ၂၀ခန့်သေဟုဆို

“ကျွန်တော်တို့ နောက်ဆုံးရတဲ့သတင်းအရဆို မိုင်းမိသွားတဲ့ စခ စစ်ကြောင်းဟာ ကိုးတဲရွာနားမှာ နာရေးကားတွေစောင့်နေတယ်။ပြီးတော့ အဲဒီနားက တဲ ငါးတဲကို မီးရှို့ နေတယ်”ဟု Special.9-HPDF တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ မန္တလေး – ဗန်းမော်ဗျူဟာလမ်းဘေးရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ ၂၀ခန့် သေဆုံးကြောင်း Special.9-HPDF က ထုတ်ပြန်သည်။

ယနေ့(မေလ ၂ ရက်) နံနက် ၉နာရီခန့်ကစ၍ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို
အင်းရွာလမ်းဆုံအနီး Special.9 နှင့် Fox Army -HPDFတို့ ပူးပေါင်းကာ စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် အဆိုပါစစ်ကြောင်းကိုပင် ညောင်ပင်စုနှင့် ကိုးတဲရွာကြား၌ မဟာမိတ်အဖွဲ့ Special.9-HPDF ၊FOX Army -HPDF၊ ကိုးတောင်ကျားနှင့် ရေမြွေအဖွဲ့တို့ ထောင်ထားသည့် မိုင်းကွင်းအတွင်း ထပ်မံတိုက်ခိုက်နိုင်ခဲ့ကြောင်း Special.9-HPDF က အသိပေးသည်။

“ကျွန်တော်တို့ နောက်ဆုံးရတဲ့သတင်းအရဆို မိုင်းမိသွားတဲ့ စခ စစ်ကြောင်းဟာ ကိုးတဲရွာနားမှာ နာရေးကားတွေစောင့်နေတယ်။ပြီးတော့ အဲဒီနားက တဲ ငါးတဲကို မီးရှို့ နေတယ်”ဟု Special.9-HPDF တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ တိုက်ခိုက်မှုနှစ်ကြိမ်တွင် စစ်ကောင်စီတပ်သား ၂၀ခန့်သေဆုံးကာ ဒဏ်ရာရရှိသူ ၂၀ထက်မနည်းရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

မတ်လအတွင်းကလည်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦးခန့် သေဆုံးခဲ့သော တကောင်းမြို့ မောင်းကုန်းကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုကို Special.9-HPDF က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။