Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မြို့ကို စစ်တပ် သုံးရက်ဆက် ဗုံးကြဲ

ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု သုံးရက်ဆက် ပြုလုပ်ခဲ့ပါတယ်။

(ချင်းပြည်နယ်တောင်ပိုင်းကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ပေးပို့နေတာကို ဇူလိုင် ၁၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − Ĥkl Mindat)

ဇူလိုင် ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု သုံးရက်ဆက် ပြုလုပ်ခဲ့ပါတယ်။

ဒေသခံတွေရဲ့ အသိပေးချက်အရ စစ်တပ်က ပြန်ထိုးစစ်ဆင်နေတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့အနက် ဇူလိုင် ၁၃ရက်ကနေ ဒီကနေ့ ဇူလိုင် ၁၅ရက်အထိ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်နေတာပါ။

ဇူလိုင် ၁၅ရက် ညနေပိုင်းမှာ ကန်ပက်လက်အနီးကို စစ်တပ်က တိုက်လေယာဉ်နဲ့ ၃ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို Y12 လေယာဉ်ပျံဝဲပြီးလည်း ဗုံးတွေ ကြဲချတိုက်ခိုက်လျက်ရှိတယ်လို့ မင်းတပ်ဒေသခံက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၄ရက်ညပိုင်းကလည်း ကန်ပက်လက်မြို့အနီးကို တိုက်လေယာဉ်နဲ့ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို Y12နဲ့ ၇ ကြိမ် ဗုံးကြဲခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ ဇူလိုင် ၁၃ရက်ကလည်း ကန်ပက်လက်မြို့အနီးကို တိုက်လေယာဉ် Y12 လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေသလို လေကြောင်း စစ်ဆင်ရေးတွေလည်း အဆက်မပြတ် ပြုလုပ်နေတာပါ။

ချင်းတောင်ပိုင်း စစ်တပ်ထိုးစစ်ကို ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)၊ အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်နေတာဖြစ်ပြီး အင်အား ထောင်ချီနဲ့ စစ်ဆင်လာတဲ့ စစ်တပ်ဟာ နောက်ထပ် စစ်ကူအင်အားတွေ ထပ်ဖြည့်နေလို့ တိုက်ပွဲ ကြာနိုင်တယ်လို့ ချင်းတောင်ပိုင်းတော်လှန်ရေးတပ်က တပ်မှူးတဦးက အသိပေးထားပါတယ်။

ရန်သူကို အချိန်ကြာမြင့်စွာ တိုက်ခိုက်ရမယ့် တိုက်ပွဲဖြစ်လို့ ထောက်ပို့ပိုင်းမှာ ပါဝင်ပေးဖို့ လည်း သူက တိုက်တွန်းထားပါတယ်။

လက်ရှိမှာ CPU/CPAက ရှေ့တန်းစစ်မြေပြင်က ရဲဘော်တွေအတွက် လိုအပ်တဲ့ ရိက္ခာပစ္စည်းတွေ ထောက်ပံ့ပေးဖို့ ရိက္ခာကန်ပိမ်း ပြုလုပ်နေတာဖြစ်ပြီး တက်နိုင်သမျှ ပါဝင်အားဖြည့်ပေးဖို့ နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော