ဗီဒီယို တပ်တွေ ပြန်ရုပ်တယ် ပြောပေမယ့် ရုရှားက ယူကရိန်းကို ခြိမ်းခြောက်နေဆဲလို့ ဘိုင်ဒန် သတိပေး ရုရှားဟာ ယူကရိန်း နိုင်ငံနဲ့ နယ်စပ်နားမှာ စစ်သည် တစ်သိန်းခွဲလောက်ထိ ဖြန့်ကျက်ထားတယ်လို့ ဘိုင်ဒန်က ပြောပါတယ်။ အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက နယ်စပ်မှာ ရှိနေတဲ့ တပ်တချို့ စစ်တန်းလျား ပြန်ကုန်ကြပြီလို့ ထုတ်ပြန်ပေမယ့် ဒီကိစ္စကို အတည်မပြုနိုင်သေးကြောင်း ဘိုင်ဒန်က ဆိုပါတယ်။ LuduNwayOoဖေဖော်ဝါရီ 16, 2022
News ဟုမ္မလင်းတွင် ရဲတစ်ဦး လက်နက်ချ အလင်းဝင် ပြီးခဲ့သည့် ဇန်နဝါရီ အတွင်း၌လည်း ချင်းပြည်နယ်၌ စစ်ဗျူဟာအခြေချအဖွဲ့ မတူပီမှ စစ်ကောင်စီတပ်၏ စစ်ရေးအရာရှိ ဗိုလ်တစ်ဦးနှင့် ခလရ(၂၆၈)တပ်သားတစ်ဦးတို့ လက်နက်အပြည့်စုံဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ CNDF ထံ အလင်းဝင်ခဲ့သေးသည်။ LuduNwayOoဖေဖော်ဝါရီ 16, 2022
News လေးကေကော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြန်စနေ လေးကေကော်တိုက်ပွဲ နှစ်လပြည့်တဲ့အချိန်မှာ နှစ်ဖက်တိုက်ပွဲတွေပြန်ဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲပြင်းထန်တာကြောင့် ဒေသခံတွေ ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ LuduNwayOoဖေဖော်ဝါရီ 16, 2022
News ဖာပွန်ကတိုက်ပွဲတွေထဲ BGF တွေ အများကြီးသေခဲ့တယ်လို့ BGF ခေါင်းဆောင်ပြော ကေအဲန်ယူ တပ်မဟာ ၅၊ တပ်မဟာ ၁ နဲ့ တပ်မဟာ ၆ နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်နဲ့အတူ BGF တပ်ဖွဲ့ဝင်တွေဟာ စစ်ရေးပူးပေါင်းလှုပ်ရှားမှုရှိပြီး ဒေသခံပြည်သူလူထုတွေနေထိုင်တဲ့ ကျေးရွာနဲ့ လယ်ယာမြေထဲကို လက်နက်ကြီးပစ်ခတ်တာတွေလည်း မကြာခဏလုပ်ဆောင်နေတာဖြစ်ပါတယ်။ LuduNwayOoဖေဖော်ဝါရီ 16, 2022
News ရှမ်းမြောက်တွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပိုများလာ စစ်အာဏာရှင်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖွဲ့ကာ လက်နက်ကိုင်တော်လှန်ရာတွင် ကျန် တိုင်းနှင့်ပြည်နယ်များထက် ငြိမ်သက်နေခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုအခါ ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပေါ်ပေါက်လာသည့် အပေါ် ဒေသခံများက ကြိုဆိုနေကြသည်။ LuduNwayOoဖေဖော်ဝါရီ 16, 2022