Connect with us

Hi, what are you looking for?

News

ရှမ်း​မြောက်တွင်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ ပိုများလာ

စစ်အာဏာရှင်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖွဲ့ကာ လက်နက်ကိုင်တော်လှန်ရာတွင် ကျန် တိုင်းနှင့်ပြည်နယ်များထက် ငြိမ်သက်နေခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုအခါ ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပေါ်ပေါက်လာသည့် အပေါ် ဒေသခံများက ကြိုဆိုနေကြသည်။

(ဓါတ်ပုံ- ရှမ်း​မြောက်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ )

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပေါ်​ပေါက်လာပြီဖြစ်၍ စစ်အာဏာရှင်တော်လှန်ရေးအတွက် ပြည်သူများ၏စိတ်ဓာတ်ခွန်အား ပိုမို မြင့်တက်လာသည်ဟု ဒေသခံများကပြောသည်။

စစ်အာဏာရှင်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖွဲ့ကာ လက်နက်ကိုင်တော်လှန်ရာတွင် ကျန် တိုင်းနှင့်ပြည်နယ်များထက် ငြိမ်သက်နေခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုအခါ ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပေါ်ပေါက်လာသည့် အပေါ် ဒေသခံများက ကြိုဆိုနေကြသည်။

“ရှမ်းမြောက်မှာက တိုင်းရင်းသား လက်နက်ကိုင်တွေများတာကတစ်ကြောင်း၊ အခြားနိုင်ငံရေးပြဿနာတွေကြောင့် PDF တွေ ဖွဲ့ရခက်တယ်လို့ကြားထားတာ။လူငယ်တွေလုပ်နေပေမယ့် မထိရောက်ခဲ့လို့ အားမရခဲ့ဘူး။ အခုတော့ မြို့နယ်အလိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေပေါ်လာပြီ။ တော်လှန်ရေးက အခြားတိုင်းနဲ့ ပြည်နယ်တွေလို မြိုင်လာတော့မယ်”ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ မူဆယ်၊နမ့်ခမ်း၊သိန္နီ၊လားရှိုး၊သီပေါ၊ကျောက်မဲနှင့် နောင်ချိုမြို့မှ လူငယ်များပါဝင်သော ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းပြီးကြောင်းမကြာသေးမီကသတင်းထုတ်ပြန်သည်။ယင်းကဲ့သို့ ထုတ်ပြန်ချက်အပေါ် ပြည်သူလူထုက ကြိုဆိုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

” ရှမ်းမြောက်လည်း နောက်ကျမကျန်ရစ်ဘူး။အာဏာရှင်အမြစ်ပြတ်အောင်အားလုံးဝိုင်းလုပ်ကြမယ့်အချိန် ရောက်လာတော့မယ်ထင်တယ်”ဟု နောင်ချိုမြို့ခံတစ်ဦးကပြောသည်။

ကျောက်မဲမြို့တွင်လည်းပြည်သူ့ကာကွယ်ရေးတပ် (KME PDF)အပါအဝင် မဟာမိတ်တပ်ပေါင်းစု၏မွမ်းမံသင်တန်း အပတ်စဉ်(၅)ကို ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့သည်။

မူဆယ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ကလည်းဖွဲ့စည်းပြီးဖြစ်ကြောင်း တရားဝင်ကြေငြာပြီးနောက် စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီထုတ်ကုန် မြန်မာဘီယာများတင်ဆောင်လာသည့်ကားတစ်စီးကို ဖေဖော်ဝါရီ ၁၂ရက်တွင် ဖမ်းဆီးပြီး ဘီယာများကို ဖျက်ဆီးခဲ့သည်။

ဘီယာပုလင်းများကိုဖွင့်၍ ဘီယာဖြင့် ခြေဆေးနေသည့် ရုပ်သံမှတ်တမ်းကို ထုတ်ပြန်လိုက်ပြီး အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း ဆဲဆိုကြိမ်းဝါးပြကာ ပြည်သူ့ကာကွယ်ရေးတပ်များ အသင့်ဖြစ်နေပြီဟု ကြေငြာခဲ့သည်။

“တောထဲမှာဘယ်လောက်ပဲပင်ပန်း ခက်ခဲနေပါစေအာဏာရှင်ကိုတော်လှန်ဖို့စိတ်တစ်ခုတည်းနဲ့ဒုက္ခပေါင်းစုံကိုခါးစည်းကြိတ်ခံခဲ့ကြပါတယ်။ပြည်သူတွေအနာဂါတ်၊ ကျွန်ုပ် တို့တော်လှန်ရေးတပ်သားတွေရဲ့အနာဂတ်အတွက်အာဏာရှင်မကျဆုံးမချင်းတော်လှန်သွားမှာဖြစ်တယ်” ဟု ကျောက်မဲမြို့ ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လှုပ်ရှားမှုအာနည်းနေခဲ့သည့် ရှမ်းပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီကို တိုက်ခိုက်မှုများ အရှိန်မြင့်လာနေသည်။ ရှမ်းပြည်နယ် တောင်ပိုင်းတွင်လည်း ပင်းတယနှင့်ရွာငံမြို့တို့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကစစ်ကောင်စီဒေါက်တိုင်များကိုစတင်တိုက်ခိုက်နေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လွတ်လပ်​ရေး​တပ်မ​တော်-KIA နှင့် တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ TNLA၊ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ MNDAA ၊ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် SSPPနှင့် RCSS တို့လှုပ်ရှား​နေကြသည်။ ယင်းတို့အနက် KIA၊TNLAနှင့် MNDAAက စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည်။ RCSSနှင့် SSPP တို့ကမူအချင်းချင်းတိုက်ခိုက်နေ၍ ဒေသခံပြည်သူများ စစ်ဘေးသင့်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ