Connect with us

Hi, what are you looking for?

ဗီဒီယို

တပ်တွေ ပြန်ရုပ်တယ် ပြောပေမယ့် ရုရှားက ယူကရိန်းကို ခြိမ်းခြောက်နေဆဲလို့ ဘိုင်ဒန် သတိပေး

ရုရှားဟာ ယူကရိန်း နိုင်ငံနဲ့ နယ်စပ်နားမှာ စစ်သည် တစ်သိန်းခွဲလောက်ထိ ဖြန့်ကျက်ထားတယ်လို့ ဘိုင်ဒန်က ပြောပါတယ်။ အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက နယ်စပ်မှာ ရှိနေတဲ့ တပ်တချို့ စစ်တန်းလျား ပြန်ကုန်ကြပြီလို့ ထုတ်ပြန်ပေမယ့် ဒီကိစ္စကို အတည်မပြုနိုင်သေးကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

တပ်တချို့ ပြန်ရုပ်သိမ်းသွားပြီ ဆိုပေမယ့် ရုရှားက ယူကရိန်းကို ကျူးကျော် စစ်ပြုနိုင်တဲ့ ခြိမ်းခြောက်မှုက လျော့မသွားသေးဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သတိပေးလိုက်ပါတယ်။

ယူကရိန်း အရေးနဲ့ ပတ်သက်လို့ ဘိုင်ဒန်ရဲ့ သဘောထား မှတ်ချက်တွေကို အမေရိကန် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့ပါတယ်။ တကယ်လို့ ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန် အနေနဲ့ တင်းတင်းမာမာ၊ ပြတ်ပြတ်သားသား တုံ့ပြန်မယ်လို့လည်း ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်း နိုင်ငံနဲ့ နယ်စပ်နားမှာ စစ်သည် တစ်သိန်းခွဲလောက်ထိ ဖြန့်ကျက်ထားတယ်လို့ ဘိုင်ဒန်က ပြောပါတယ်။ အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက နယ်စပ်မှာ ရှိနေတဲ့ တပ်တချို့ စစ်တန်းလျား ပြန်ကုန်ကြပြီလို့ ထုတ်ပြန်ပေမယ့် ဒီကိစ္စကို အတည်မပြုနိုင်သေးကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

ရုရှားတပ်တွေ ပြန်ရုပ်သိမ်းသွားရင်တော့ အရမ်းကောင်းမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ရုရှားတပ်တွေ တန်းလျားပြန်ပြီ ဆိုတာက လောလောဆယ် အတည်ပြုလို့ မရသေးသလို ရုရှားက ထိုးစစ် စတင်လာမယ့် ခြိမ်းခြောက်မှုမျိုး မြင့်မြင့်မာမား ရှိနေသေးတယ်လို့ အမေရိကန် စစ်ရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြကြောင်း ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။ ပြီးတော့ စစ်ပွဲသာ ဖြစ်လာခဲ့ရင် လူ့အသက်တွေ ထိခိုက်သေကြေရမှုဟာ ကြိုတင်ခန့်မှန်းလို့ မရလောက်အောင် များပြားသွားနိုင်တယ်လို့လည်း ဘိုင်ဒန်က သတိပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒီအတောအတွင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဘဏ်နှစ်ခုဟာ ဆိုက်ဘာ တိုက်ခိုက်မှုတွေ ခံခဲ့ရကြောင်း ယူကရိန်း အစိုးရက ထုတ်ပြန်ပါတယ်။ ဒီလုပ်ရပ်ကို ဘယ်သူဘယ်ဝါ ကျူးလွန်တယ် မသိရသေးပေမယ့် အရင်ကလည်း ယူကရိန်းရဲ့ အင်တာနက် အခြေခံ အဆောက်အအုံတွေကို ရုရှား ဟက်ကာတွေက အကြီးစား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သံသယ ဝင်စရာ အခြေအနေတွေ ရှိခဲ့ပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ လပိုင်းလောက် ကတည်းက ယူကရိန်းနဲ့ နယ်စပ်နားမှာ တပ်တွေ အလုံးအရင်း စတင် စုရုံးစေခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်းရဲ့ အိမ်နီးချင်းဖြစ်တဲ့ ဘီလားရုစ်လို နိုင်ငံမျိုးမှာလည်း ရုရှားတပ်တွေ ရောက်ရှိနေပါတယ်။ အမေရိကန်နဲ့ အနောက်အုပ်စု မဟာမိတ်တွေဟာ ရုရှားဟာ ယူကရိန်းကို အချိန်မရွေး ကျူးကျော်နိုင်ကြောင်း ပြောထားပေမယ့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အကြိမ်ကြိမ် ငြင်းဆန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။