Connect with us

Hi, what are you looking for?

News

လေးကေကော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြန်စနေ

လေးကေကော်တိုက်ပွဲ နှစ်လပြည့်တဲ့အချိန်မှာ နှစ်ဖက်တိုက်ပွဲတွေပြန်ဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲပြင်းထန်တာကြောင့် ဒေသခံတွေ ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လေးကေကော်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့အကြား ဒီကနေ့မနက်ပိုင်းက တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်ခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ရဲ့ ထုတ်ပြန်ပါတယ်။

လေးကေကော်တိုက်ပွဲ နှစ်လပြည့်တဲ့အချိန်မှာ နှစ်ဖက်တိုက်ပွဲတွေပြန်ဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲပြင်းထန်တာကြောင့် ဒေသခံတွေ ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Public Service Announcement

ဒါ့အပြင် ဒီကနေ့ညနေ ၃ နာရီခွဲအချိန်က ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် လေးကေကော်ဒေသမှာရှိတဲ့ မင်းလက်ပံနဲ့ ဖလူးကျေးရွာတွေထဲကို စစ်တပ်က လေယာဉ်နှစ်စင်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်တွေအနေနဲ့ မင်းလက်ပံကျေးရွာလမ်းကြောင်းကို သွားလာတာတွေမပြုလုပ်ကြဖို့ မြ၀တီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လူမှုစာမျက်နှာမှာလည်း ရေးသားဖော်ပြထားသေးတာပါ။

Public Service Announcement

Public Service Announcement

လေးကေကော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေရှိနေခဲ့ပြီး စစ်ရှောင်ပြည်သူ တစ်သောင်း ကျော် တိမ်းရှောင်နေခဲ့ရကာ လက်ရှိအချိန်ထိ နေရပ်ကိုမပြန်နိုင်သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။