Connect with us

Hi, what are you looking for?

News

ဖာပွန်ကတိုက်ပွဲတွေထဲ BGF တွေ အများကြီးသေခဲ့တယ်လို့ BGF ခေါင်းဆောင်ပြော

ကေအဲန်ယူ တပ်မဟာ ၅၊ တပ်မဟာ ၁ နဲ့ တပ်မဟာ ၆ နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်နဲ့အတူ BGF တပ်ဖွဲ့ဝင်တွေဟာ စစ်ရေးပူးပေါင်းလှုပ်ရှားမှုရှိပြီး ဒေသခံပြည်သူလူထုတွေနေထိုင်တဲ့ ကျေးရွာနဲ့ လယ်ယာမြေထဲကို လက်နက်ကြီးပစ်ခတ်တာတွေလည်း မကြာခဏလုပ်ဆောင်နေတာဖြစ်ပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင် KNLA တပ်မဟာ ၅ ထဲမှာဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးခဲ့တယ်လို့ BGF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးစောမို့သိုက ပြောပါတယ်။

နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်တွေက အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး စစ်ဆင်ရေးလှုပ်ရှားမှုတွေလုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က ကရင်ပြည်နယ် ကျုံဒိုးမြို့မှာကျင်းပပြုလုပ်တဲ့ ကရင်ရိုးရာမီးပုံပွဲတော်မှာ BGF ခေါင်းဆောင် ဗိုလ်မှူးစောမို့သိုက မိန့်ခွန်းပြောကြားခဲ့ပြီး အဲ့ဒီမိန့်ခွန်းထဲမှာ တပ်မဟာ ၅ နယ်မြေထဲမှာ BGF တပ်ဖွဲ့ဝင်တွေ အများအပြားသေလို့ စိတ်မကောင်းဖြစ်မိကြောင်း၊ တိုက်ပွဲကြောင့် ကရင်လူမျိုးတွေသာ နစ်နာကြောင်း စတာတွေ ပြောကြားသွားခဲ့တာပါ။

ကေအဲန်ယူ တပ်မဟာ ၅၊ တပ်မဟာ ၁ နဲ့ တပ်မဟာ ၆ နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်နဲ့အတူ BGF တပ်ဖွဲ့ဝင်တွေဟာ စစ်ရေးပူးပေါင်းလှုပ်ရှားမှုရှိပြီး ဒေသခံပြည်သူလူထုတွေနေထိုင်တဲ့ ကျေးရွာနဲ့ လယ်ယာမြေထဲကို လက်နက်ကြီးပစ်ခတ်တာတွေလည်း မကြာခဏလုပ်ဆောင်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တပ်မဟာ ၅ နဲ့ တပ်မဟာ ၁ နယ်မြေတွေမှာတော့ BGF တပ်တွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စခန်းကနေ ပြန်လည်ထွက်ခွာရုတ်သိမ်းပေးဖို့ တကယ်လို့ ထုတ်ပြန်ချက်ကိုမလိုက်နာပါက တိုက်ခိုက်သွားရမယ်လို့ ကေအဲန်ယူကထုတ်ပြန်ပြီးတဲ့နောက် BGF စခန်းအချို့ကို ကေအဲန်ယူက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်အင်အားအများအပြားရှိတဲ့ ကေအဲန်ယူ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲကို လတ်တလောမှာ BGF တပ်ဖွဲ့ဝင် ၃၀၀ ခန့် အင်အားတိုးချဲ့မှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

Facebook