Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ​လေ​ကြောင်းမှ မှားယွင်းတိုက်ခိုက်၍​ သေဆုံး၊ဒဏ်ရာရသူများ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်ရွာအနီး ကချင်လွတ်​မြောက်​ရေးတပ်မ​တော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့၏ တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ အချင်းချင်းမှားယွင်းပစ်ခတ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ​သေဆုံး၊ဒဏ်ရာရခဲ့ကြောင်း ကချင်ဒေသခံအချို့က ပြောသည်။

ဧပြီ ၂၄ရက်တွင် အ​လော့ဘွမ်​တောင်​ခြေ​ဒေသဖြစ်​သောမြို့သစ်ရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ၊KIA က ယင်းစခန်း၌ နေရာယူခြင်းမပြုဘဲ ပြန်လည်ဆုတ်ခွာသွားသည်။

ထို​စခန်းကိုစစ်ကောင်စီ တပ်ဖွဲဝင်များ ပြန်လာနေရာယူထားစဥ် ၊စစ်ကောင်စီ လေတပ်က KIA ရှိသည်အထင်ဖြင့်ဗုံးကြဲတိုက်ခိုက်ရာအချင်းချင်း ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြို့သစ်ရွာအနီး တိုက်ပွဲနှင့် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု တို့ ရှိခဲ့ကြောင်း အတည်ပြုသော်လည်း စစ်ရေးဆိုင်ရာအသေးစိတ်အခြေအနေများနှင့် ထိခိုက်သေဆုံးမှု အခြေအနေများကိုမသိဟု ပြောသည်။ စစ်ကောင်စီ တက်က ဧပြီ ၂၄ရက် နံနက်အစောပိုင်းမှ ည၉ နာရီ အထိ လေ‌​ကြောင်းတိုက်ခိုက်မှု များ ၊ လက်နက်ကြီး ပစ်ခတ်မှုများ ရှိခဲ့သည်ဟု ၎င်းက ပြောသည်။

မြို့သစ်ကျေးရွာအနီး လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲသည် မိုးမောက်မြို့နယ် အလော့ဘွမ်ဒေသ တိုက်ပွဲနှင့် ဆက်စပ်နေကြောင်း KIAက ပြောသည်။
စစ်တပ်က နှစ်ပေါင်း ၃၀ကျော်ကြာ တပ်စွဲထားသည့် အလော့ဘွမ်တပ်စခန်းကို KIA က မတ်လ‌ေနာက်ဆုံးအပတ်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဧပြီ ဒုတိယအပတ်တွင် စစ်ကောင်စီက အဆိုပါတပ်စခန်း ပြန်လည်ရရှိရေး မြေပြင်နှင့် ဝေဟင်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် အောင်မြင်မှု မရဘဲ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အများအပြား ထိခိုက်ကျဆုံးခဲ့သည်။ ထို့နောက် စစ်ကောင်စီက ထပ်မံထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းစုဖွဲ့မှုများ ပြုလုပ်နေစဉ် KIAက ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကချင်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

လတ်တလော တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများကြောင့် မြို့သစ်ရွာ အပါအဝင် မိုးမောက်မြို့နယ် ဒေသခံ ထောင်ချီ စစ်ဘေးဒုက္ခ ကြုံနေကြရကြောင်း မိုးမောက်ဒေသခံအချို့က ပြောသည်

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။