Connect with us

Hi, what are you looking for?

News

KNU က စခန်းသိမ်းတိုက်ခိုက်မှုအ‌ပေါ် စစ်ကောင်စီက လေကြောင်းမှပြန်တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က ယနေ့မနက်ပိုင်းတွင် မြန်မာ-ထိုင်းနယ်စပ်ရှိ အာဏာသိမ်းစစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီး​နောက် စစ်ကောင်စီက မွန်းလွဲပိုင်းတွင် လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့သည်။

” ဒီနေ့ ၁နာရီ ၄၀ကျော်မှာ သံလွင်ကမ်းနားဘေးမှာရှိတဲ့ ဒါးဂွင် နေရာကို သူတို့ ဗုံးတစ်လုံးလာကြဲတာပေါ့။ ထိခိုက်မှု မရှိနိုင်ဘူးထင်တယ် သူတို့ ပစ်တဲ့နေရာက နည်းနည်းလေး ရွာတွေနဲ့ အလှမ်းဝေးတယ်”ဟု KNU တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောသည်။

ယင်းနေရာအပြင် အခြားနေရာများအား တိုက်ခိုက်ခိုက်မှု ရှိ၊မရှိ မသိရသေးကြောင်း ၎င်းက ဆိုသည်။

မတ်လ ၂၇ရက်နောက်ပိုင်းမှ စပြီး စစ်ကောင်စီက KNU တပ်မဟာ(၅)နယ်မြေအတွင်းရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ၍ သတိဖြင့်နေထိုင်ရန် ၊ တိမ်းရှောင်နိုင်ရေး ပြင်ဆင်ထားရန်

Public Service Announcement

Public Service Announcement

ဒေသခံများအား ‌ကြိုတင်သတိပေးထားကြောင်း ပဒိုမန်းမန်းက ပြောသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၄နာရီခွဲ အချိန်တွင် စစ်အုပ်စု၏ ​သောလဲထာ့စခန်းကို KNU တပ်မဟာ(၅) မှ ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ အဆိုပါ တပ်စခန်းသည် အင်အား ၁၀၀နီးပါး ရှိသည့် တပ်စခန်းဖြစ်ကြောင်း ပဒိုမန်းမန်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။