Connect with us

Hi, what are you looking for?

LuduNwayOo

News

KNU က စခန်းသိမ်းတိုက်ခိုက်မှုအ‌ပေါ် စစ်ကောင်စီက လေကြောင်းမှပြန်တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က ယနေ့မနက်ပိုင်းတွင် မြန်မာ-ထိုင်းနယ်စပ်ရှိ အာဏာသိမ်းစစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီး​နောက် စစ်ကောင်စီက မွန်းလွဲပိုင်းတွင် လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့သည်။

” ဒီနေ့ ၁နာရီ ၄၀ကျော်မှာ သံလွင်ကမ်းနားဘေးမှာရှိတဲ့ ဒါးဂွင် နေရာကို သူတို့ ဗုံးတစ်လုံးလာကြဲတာပေါ့။ ထိခိုက်မှု မရှိနိုင်ဘူးထင်တယ် သူတို့ ပစ်တဲ့နေရာက နည်းနည်းလေး ရွာတွေနဲ့ အလှမ်းဝေးတယ်”ဟု KNU တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောသည်။

ယင်းနေရာအပြင် အခြားနေရာများအား တိုက်ခိုက်ခိုက်မှု ရှိ၊မရှိ မသိရသေးကြောင်း ၎င်းက ဆိုသည်။

မတ်လ ၂၇ရက်နောက်ပိုင်းမှ စပြီး စစ်ကောင်စီက KNU တပ်မဟာ(၅)နယ်မြေအတွင်းရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ၍ သတိဖြင့်နေထိုင်ရန် ၊ တိမ်းရှောင်နိုင်ရေး ပြင်ဆင်ထားရန်

ဒေသခံများအား ‌ကြိုတင်သတိပေးထားကြောင်း ပဒိုမန်းမန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဧပြီလ ၂၇ ရက်နေ့ နံနက် ၄နာရီခွဲ အချိန်တွင် စစ်အုပ်စု၏ ​သောလဲထာ့စခန်းကို KNU တပ်မဟာ(၅) မှ ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ အဆိုပါ တပ်စခန်းသည် အင်အား ၁၀၀နီးပါး ရှိသည့် တပ်စခန်းဖြစ်ကြောင်း ပဒိုမန်းမန်းက ပြောသည်။