Connect with us

Hi, what are you looking for?

News

ဗားကရာလမ်း ထွေအုပ်ရုံးနဲ့ ဆီဆိုင်မှာ ပေါက်ကွဲမှုဖြစ်

စမ်းချောင်း ဗားကရာလမ်းမပေါ်က မြို့နယ်အုပ်ချုပ်ရေးရုံးမှာ ပေါက်ကွဲမှုဖြစ်တယ်လို့ အဲဒီအနားမှာ နေထိုင်သူတွေက ပြောပါတယ်။

ဒီကနေ့ မေ ၂၁ ရက် မွန်းလွဲ တစ်နာရီစွန်းစွန်းမှာ ပေါက်ကွဲသံ နှစ်ကြိမ်ဆက်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ အုပ်ချုပ်ရေးရုံးရေးမှုးရုံးမှာ နှစ်လုံးပေါက်ပြီး ဗဟိုလမ်းနဲ့ ဗားဂရာလမ်းထောင့်က New Days ဆီဆိုင်မှာ တစ်လုံးပေါက်ကွဲတာဖြစ်တယ်လို့ ဗဟိုလမ်းမှာ နေထိုင်တဲ့အ မျိုးသားတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲသံသုံးကြိမ်ကြားရပြီး အသံကလည်းတော်တော်ကျယ်တယ်လို့ ကျွန်းတောလမ်းမှာ နေထိုင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အစောင့်စစ်သားတစ်ဦးသေပြီး တစ်ဦးကလည်းဒဏ်ရာတော်တော်ပြင်းတယ်ကြားတယ်။ ခုတော့ ဗားကရာလမ်းကို ရဲနဲ့ စစ်သားတွေပိတ်ပြီးစစ်နေတယ်” လို့ အဲဒီအမျိုးသားက ပြောပါတယ်။

ရုံးထဲကို သေနတ်နဲ့ ပစ်လို့ အစောင့်တစ်ဦး သေဆုံးပြီး ရဲနဲ့ စစ်သားတွေရောက်နေတယ်လို့ အဲဒီအနားမှာနေထိုင်သူတစ်ဦးက တင်ထားပေမယ့် အခုအချိန်အထိ အတည်ပြုလို့မရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စက်သုံးဆီဆိုင်မှာ တန်းစီနေကြစဉ်ကြားဖြတ်ဝင်လာတဲ့ကားက ဝန်ထမ်းကိုတိုက်ပြီး မောင်းပြေးသွားလို့ ဝန်ထမ်း ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၇/၈ လမ်းဆုံအနီးက Terminal ဆီဆိုင် မီးလောင်ခဲ့ပြီးဆီတန်းစီနေတဲ့ ကားအချို့ပါ မီးထဲ ပါသွားပြီး ထိခိုက်ဒဏ်ရာရသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီ၏ ‌ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။