Connect with us

Hi, what are you looking for?

LuduNwayOo

News

ဗားကရာလမ်း ထွေအုပ်ရုံးနဲ့ ဆီဆိုင်မှာ ပေါက်ကွဲမှုဖြစ်

စမ်းချောင်း ဗားကရာလမ်းမပေါ်က မြို့နယ်အုပ်ချုပ်ရေးရုံးမှာ ပေါက်ကွဲမှုဖြစ်တယ်လို့ အဲဒီအနားမှာ နေထိုင်သူတွေက ပြောပါတယ်။

ဒီကနေ့ မေ ၂၁ ရက် မွန်းလွဲ တစ်နာရီစွန်းစွန်းမှာ ပေါက်ကွဲသံ နှစ်ကြိမ်ဆက်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ အုပ်ချုပ်ရေးရုံးရေးမှုးရုံးမှာ နှစ်လုံးပေါက်ပြီး ဗဟိုလမ်းနဲ့ ဗားဂရာလမ်းထောင့်က New Days ဆီဆိုင်မှာ တစ်လုံးပေါက်ကွဲတာဖြစ်တယ်လို့ ဗဟိုလမ်းမှာ နေထိုင်တဲ့အ မျိုးသားတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲသံသုံးကြိမ်ကြားရပြီး အသံကလည်းတော်တော်ကျယ်တယ်လို့ ကျွန်းတောလမ်းမှာ နေထိုင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အစောင့်စစ်သားတစ်ဦးသေပြီး တစ်ဦးကလည်းဒဏ်ရာတော်တော်ပြင်းတယ်ကြားတယ်။ ခုတော့ ဗားကရာလမ်းကို ရဲနဲ့ စစ်သားတွေပိတ်ပြီးစစ်နေတယ်” လို့ အဲဒီအမျိုးသားက ပြောပါတယ်။

ရုံးထဲကို သေနတ်နဲ့ ပစ်လို့ အစောင့်တစ်ဦး သေဆုံးပြီး ရဲနဲ့ စစ်သားတွေရောက်နေတယ်လို့ အဲဒီအနားမှာနေထိုင်သူတစ်ဦးက တင်ထားပေမယ့် အခုအချိန်အထိ အတည်ပြုလို့မရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ကို ပြန်ဝင်ရောက်နေရာယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သတင်း

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ထုတ်ပြန်သည့် တရားဝင်သတင်းကိုသာ စောင့်ကြည့်အတည်ယူကြရန် အထူးတိုက်တွန်းထားသည်။