Connect with us

Hi, what are you looking for?

News

မြန်မာ့အရေး NUGနှင့် စပိန်နိုင်ငံခြားရေးဒုဝန်ကြီး ဆွေးနွေး

အဆိုပါ ဆွေးနွေးပွဲတွင် စစ်ကောင်စီ ၏ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ ၊ လူနေရပ်ကွက်များ အား အကြမ်းဖက် ဖျက်စီးမှုများ ၊ ဖမ်းစီးထိမ်းသိမ်းမှုများ ၊ လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်နေမှု အခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် စပိန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Cristina Gallach တို့သည် မြန်မာနိုင်ငံ အတွင်း လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ ယနေ့ ဆွေးနွေးခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

ထိုသို့ဆွေးနွေးရာတွင် စပိန်အစိုးရအပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ စစ်ကောင်စီအား စီးပွါးရေးပိတ်ဆို့ဒဏ်ခတ် အရေးယူမှုဆိုင်ရာ အခြေအနေ ၊ NUG အား နိုင်ငံတကာမျက်နှာစာတွင် ထောက်ခံမှု ရရှိရေး အခြေအနေ များကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စပိန်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည် အာဏာသိမ်းမှု နှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများ ၊ မတည်မငြိမ်မှုများအတွက် စိုးရိမ်လျက်ရှိကြောင်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မြန်မာပြည်သူများနှင့် ဒီမိုကရေစီပြန်လည် ဖေါ်ဆောင်ရေးအတွက် စပိန်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ နှင့်အတူ ရပ်တည်ကြောင်း ဖော်ပြခဲ့ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဆွေးနွေးပွဲတွင် စစ်ကောင်စီ ၏ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ ၊ လူနေရပ်ကွက်များ အား အကြမ်းဖက် ဖျက်စီးမှုများ ၊ ဖမ်းစီးထိမ်းသိမ်းမှုများ ၊ လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်နေမှု အခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်း မှ ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့်အခြေအနေ များကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အာဖရိကမှာရှိတဲ့ စပိန်ပိုင်နက် နယ်မြေလေး တစ်ခုဆီ မော်ရိုကို နိုင်ငံကနေ ရွှေ့ပြောင်း အခြေချသူတွေ အလုံးအရင်း ရုတ်တရက် ဝင်ရောက်လာတာကြောင့် စပိန်အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပူတပြင်း စေလွှတ်နေရပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။