Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုဗစ်အရေးပေါ်လူနာတွေ ဆေးရုံ ကုတင်ရဖို့စောင့်နေရ

“အမေက အောက်စီဂျင် ၇၀ အောက်တွေထိကျတော့ မေဓာဝီဆေးရုံသွားတယ်။ ကုတင်မရှိလို့ အိမ်မှာပဲ အောက်စီဂျင်ရှာရှူဖို့ပြောတယ်။ အင်းယားစင်တာကိုသွားတော့ အထဲက ဆရာဝန်နဲ့ဖုန်းပြောရတယ် နာရီဝက်လောက်ကြာတယ် ဘယ်လိုတောင်းပန်ပန်မရဘူး။ ရန်ကုန်ဆေးရုံကြီးဆိုတံခါးတွေပါပိတ်ထားတာ လုံခြုံရေးတော့ ထွက်လာဖြေတယ် သူတို့ဘာမှမသိပါဘူးတဲ့”

“ဆေးရုံကုတင်စောင့်ရင်း နှလုံးရောဂါပါရသွားမယ်”
မြို့နယ်ကျန်းမာရေးဦးစီးဌာနကိုအကြောင်းကြားထားမှသာ ကိုဗစ်လူနာတွေ ဆေးရုံတက်ခွင့်ရမယ်လို့စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ပြောနေပေမယ့် မြို့နယ်ကျန်းမာရေးရုံးတွေကလည်း ကုတင်လွတ်မရှိသေးကြောင်းနဲ့ စာရင်းပေးတန်းစီစောင့်ကြဖို့ပဲ ပြန်ကြားပေးနေပါတယ်။


ရန်ကုန်တိုင်းအတွင်း ၄၄ မြို့နယ်အနက် မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးနဲ့ ကိုဗစ်တာဝန်ခံတွေကို ဆက်သွယ်ရသလောက် လူထုနွေဦးသတင်းဌာနကနေ ဆက်သွယ်ကြည့်ရာမှာတော့ ဆေးရုံတွေမှာ ကိုဗစ်လူနာတွေများနေလို့ ကုတင်လွတ်မရှိကြောင်း၊ ရောဂါမပြင်းထန်ရင် အိမ်မှာပဲ နေဖို့နဲ့ ရောဂါပြင်းထန်ရင်တော့ လူနာရဲ့ အချက်အလက်တွေကိုပေးပို့ပြီး ကုတင်နေရာအတွက် တန်းစီထားနိုင်တယ်လို့ ရှင်းပြကြပါတယ်။


“အရင်ကတော့ ဆေးရုံတက်ရဖို့ အရေးပေါ်ဖြစ်လာရင် ၃၊ ၄ နာရီ အတွင်းစီစဉ်ပေးလို့ရတယ်။ အခုကတော့ ၁ ရက် ၂ ရက်မကဘူး။ ဆေးရုံတက်ဖို့ တန်းစီထားသူတွေအများကြီးပဲ လက်ခံတဲ့နေရာက မရှိသေးဘူး။ ကုတင်နေရာစောင့်ရင်းအမတို့နှလုံးရောဂါရသွားမယ်” ကိုဗစ်လူနာတွေအတွက် ဖုန်းလက်ခံဖြေကြားပေးနေတဲ့ မြို့နယ်ကျန်းမာရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။


စစ်ကောင်စီထုတ်ပြန်တဲ့စာရင်းတွေအရဆိုရင် ကိုဗစ်ကြောင့်နေ့စဉ်သေဆုံးမှုက ၅၀ ကျော်အထိရှိလာပြီး နေ့စဉ်လူနာသစ်အရေအတွက်ကလည်း ၃၀၀၀ ကျော်လာနေပြီဖြစ်ပါတယ်။ အိမ်တွေမှာပဲ ဖျားနာနေကြတာ၊ ပြင်းထန်လို့ သေဆုံးနေကြတာတွေရှိနေတဲ့အတွက် သေဆုံးမှုရော ပိုးတွေ့တဲ့အရေအတွက်က ထုတ်ပြန်တဲ့အရေအတွက်အများကြီးပိုများနိုင်တယ်လို့ သုံးသပ်နေတာတွေလည်းရှိပါတယ်။

Public Service Announcement

Public Service Announcement


“ရန်ကုန်ဆေးရုံးကြီးဆို သွားစောင့်နေမှ ရမယ် ၊ ဒါတောင် ၁၂ နာရီနောက်ပိုင်းကုတင်ရဖို့မလွယ်ဘူးလို့ကြားတယ် ၊စောစောသွားနိုင်မှ ရမယ် ၊ကုတင်လွတ်မှ လက်ခံနိုင်မယ့်အနေအထားရှိပါတယ် ၊ အဲတော့ အပြင်မထွက်ကြနဲ့ တတ်နိုင်သမျှ အိမ်မှာနေကြပါ” လို့ တောင်ဒဂုံမြို့နယ်ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


လူနာတွေ ဆေးရုံတက်ခွင့်ရဖို့အဆုံးအဖြတ်ပေးတဲ့ ကုတင်စီမံမှုကော်မတီက လူနာရဲ့ ဆေးမှတ်တမ်းတွေကိုကြည့်ရှုပြီး ကုတင်လစ်လပ်မှုအပေါ်မူတည်ပြီးတော့ လူနာကိုလွှဲပြောင်းဖို့ ဒါမှမဟုတ် မြို့နယ်မှာပဲ ဆက်ထိန်းထားပြီးကုသမှုပေးဖို့ ကုတင်စီမံမှုကော်မတီက ညွှန်ကြားချက်ပေးတယ်လို့ မှော်ဘီမြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စောမြထွန်း က ရှင်းပြပါတယ်။
” လူနာ ၂၀၀ ကျော်ကို ခုလောလောဆယ်ကုသနေပါတယ်။ ကိုဗစ်ပြင်းထန်လူနာတွေကိုတော့ ရန်ကုန်ကိုလွှတ်ရပါတယ်။ အဲဒီမှာ ဘာပြသနာရှိသလဲဆိုတော့ ကျွန်တော်တို့က ကုတင်စီမံမှုကော်မတီရဲ့ ခွင့်ပြုချက်ရမှ လူနာကိုလွှဲခွင့်ရှိပါတယ်၊ ကော်မတီက လွှဲပြောင်းခွင့်မပေးရင် ကျွန်တော်တို့က တတ်နိုင်သလောက်ကြည့်ထားပေးပါတယ်” လို့ ဒေါက်တာ စောမြထွန်းက ပြောပါတယ်။
ဒါပေမယ့် မှော်ဘီမြို့နယ်ဆေးရုံကြီးမှာ အောက်စီဂျင်ပေးနိုင်တဲ့အရေအတွက်က ၈ ယောက်ကနေ၊ ၁၀ ယောက်အများဆုံးပဲရှိတယ်လို့ ဆရာကြီးက ပြောပါတယ်။
ကိုဗစ်လူနာရှင်မိသားစုဝင်တစ်ဦးကတော့ ဆေးရုံတွေကို ပတ်ပို့ရတဲ့ အခြေအနေကို အခုလိုပြောပြပါတယ်။


“အမေက အောက်စီဂျင် ၇၀ အောက်တွေထိကျတော့ မေဓာဝီဆေးရုံသွားတယ်။ ကုတင်မရှိလို့ အိမ်မှာပဲ အောက်စီဂျင်ရှာရှူဖို့ပြောတယ်။ အင်းယားစင်တာကိုသွားတော့ အထဲက ဆရာဝန်နဲ့ဖုန်းပြောရတယ် နာရီဝက်လောက်ကြာတယ် ဘယ်လိုတောင်းပန်ပန်မရဘူး။ ရန်ကုန်ဆေးရုံကြီးဆိုတံခါးတွေပါပိတ်ထားတာ လုံခြုံရေးတော့ ထွက်လာဖြေတယ် သူတို့ဘာမှမသိပါဘူးတဲ့”

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

PSCက တရုတ်ဟာ ကပ်ရောဂါအပေါ် အောင်ပွဲရယူ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောပေမယ့် ကပ်ရောဂါဆိုး ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေအပေါ် လျှော့မတွက်ဖို့တော့ ပြည်သူတွေကို အလေးအနက် သတိပေးထားပါတယ်။