Connect with us

Hi, what are you looking for?

News

စစ်တပ်လုပ်ငန်းခွင်မှ လူ၂၅ဦး သတ်ဖြတ်ခံရမှု စုံစမ်းနေစဉ် KNDO ဦးစီးချုပ်ကို ရာထူးမှ ယာယီရပ်ဆိုင်း

“အခုက စုံစမ်းစစ်ဆေးရေးအဖွဲ့ရှိတယ်လေ။ သူတို့မေးမြန်းရအုံးမှာပေါ့ စစ်ဆေးရအုံးမှာပေါ့ ။စုံစမ်းစစ်ဆေးမှု လုပ်တဲ့ကာလအတွင်းမှာ ယာယီ ရပ်ဆိုင်းထားတယ် အဲဒီလို ထင်တာပေါ့။စုံစမ်းစစ်ဆေးမှု ဆက်လုပ်ရအုံးမှာ” ဟု KNU နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါလေမြို့ ကနဲလေးကျေးရွာအနီးတွင် စစ်တပ်၏ တံတားတည် ဆောက်ရေး လုပ်ငန်းခွင်မှ လူ၂၅ ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ် ကို ကရင်အမျိုးသားအစည်းအရုံး(KNU)က စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းစုံစမ်းနေစဉ် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို ရာထူးမှ ယာယီရပ်ဆိုင်းခဲ့သည်။

KNDOဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ နှင့် ဗိုလ်ကြီး စောဘာဝါ ကို တာဝန်မှ ယာယီ ရပ်ဆိုင်းကြောင်း စာကို ဇူလိုင် ၈ရက်က KNU ကာကွယ်ရေးဌာန တာဝန်ခံ ပဒိုစောရောဂျာခင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“အခုက စုံစမ်းစစ်ဆေးရေးအဖွဲ့ရှိတယ်လေ။ သူတို့မေးမြန်းရအုံးမှာပေါ့ စစ်ဆေးရအုံးမှာပေါ့ ။စုံစမ်းစစ်ဆေးမှု လုပ်တဲ့ကာလအတွင်းမှာ ယာယီ ရပ်ဆိုင်းထားတယ် အဲဒီလို ထင်တာပေါ့။စုံစမ်းစစ်ဆေးမှု ဆက်လုပ်ရအုံးမှာ” ဟု KNU နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မေလ ၃၁ရက်က ကနဲလေးကျေးရွာအနီးတွင် KNU လက်အောက်ခံ KNDO တပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ တာဝန်ယူ ဆောက်လုပ်နေသည့် ကနဲလေး – မော်ခီး သွားလမ်းရှိ တံတားလုပ်ငန်းခွင်မှ ၄၇ဦးကို KNDOက ဖမ်းဆီးခဲ့ခြင်းကြောင့် ဖြစ်သည်။

ဖမ်းဆီးသွားသူများသည် အရပ်သားများဖြစ်ပြီး ၂၅ဦးကို KNDO မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့ရာ KNDO ကမူ ၎င်းတို့ သတ်ဖြတ်ခဲ့သူများသည် အရပ်သား အသွင်ယူထားသည့် စစ်ထောက်လှမ်းရေးသမားများဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

ယင်းနှင့်ပတ်သက်၍ KNU အနေဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇွန်လတွင် သတင်းထုတ်ပြန်ခဲ့သည်။

KNU အနေဖြင့် လက်နက်ကိုင်တိုက်ခိုက်မှု အတွင်းအရပ်သားများကို သတ်ဖြတ်သည့် ဖြစ်စဉ်များတို့ကို လက်ခံနိုင်ခြင်းမရှိသည့် ဂျီနီဗာကွန်ဗန်းရှင်း ကို လိုက်နာပြီး ထိုကဲ့သို့သောကိစ္စရပ်များနှင့် ပတ်သက်၍လည်း KNU၏ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူမှုများ ပြုုလုပ်ရန် သတ်မှတ်ချက်များရှိကြောင်းထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် KNU စုံစမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုများ မပြီးပြတ်သေးမီ KNDO စစ်ဦးစီးချုပ်နှင့် အရာရှိတစ်ဦးကို ရာထူးမှ ယာယီဆိုင်းငံထားခြင်းဖြစ်သည်။ KNDO ဦးစီးချုပ် ရာထူးကို KNU လက်အောက်ခံတပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ရုံးချုပ်မှ ခန့်အပ်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။