Connect with us

Hi, what are you looking for?

LuduNwayOo

News

အောက်စီဂျင်ရရန် စက်ရုံတွင်တန်းစီ​နေသူ​တွေကို စစ်​ကောင်စီတပ် ​သေနတ်ဖြင့်ပစ်လူစုခွဲ

စစ်​ကောင်စီက​အောက်စီဂျင်စက်ရုံ​တွေကို ပုဂ္ဂလိက ​ရောင်းချ​နေတာ​တွေကိုတားမြစ်တဲ့အပြင် ​အောက်စီဂျင်အိုး​ရောင်းတာ​တွေကိုပါရပ်ဖို့ ​နေရာအချို့မှာ ဖိအား​ပေး​နေတယ်လို့ ​ဒေသခံအချို့က​ ပြောပါတယ်။

ရန်ကုန်မြို့ ​တောင်ဒဂုံစက်မှုဇုန်မှာ ​အောက်စီဂျင်ရဖို့အတွက် ညအချိန်ထိတန်းစီ​စောင့်ဆိုင်း​နေသူ​တွေကို အာဏာသိမ်း​စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက ယခုည ၁၀ နာရီ ၂၀ မီနစ်ဝန်းကျင်မှာ ​သေနတ်နဲ့ပစ်လူစုခွဲခဲ့ပါတယ်။

အခြားမြို့​တွေလိုပဲ ရန်ကုန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ​တွေများတာ​ကြောင့် ​အ​ရေး​ပေါ်အောက်စီဂျင်လိုအပ်​နေသူ​တွေများ​နေတာမှာ ​အောက်စီဂျင်ရတဲ့​နေရာတိုင်းမှာ လူ​တွေကနာရီ​ပေါင်းများစွာ​တန်းစီ စောင့်ဆိုင်းကြရပါတယ်။

ဒီည ( ဇူလိုင် ၁၂ ) မှာ​တောင်ဒဂုံစက်မှုဇုန်က ​အောက်စီဂျင်စက်ရုံမှာ လူ​ပေါင်းရာ​ပေါင်းများစွာက ည ၁၀ နာရီ​ကျော်ချိန်အထိ တန်းစီ​စောင့်ဆိုင်း​နေတာမှာ ည ၁၀ နာရီ ၂၀ မီနစ်ဝန်းကျင်မှာ အာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက မကူညီဘဲ ​သေနတ်နဲ့ပစ်ပြီးလူစုခွဲခိုင်းတယ်လို့ အဲဒီ​နေရာကို​ရောက်ရှိ​နေသူအချို့က ​ပြောပါတယ်။

ပြည်သူ​တွေက ​အောက်စီဂျင်မလိုဘဲနဲ့ဝယ်​နေကြတဲ့အတွက် ​အောက်စီဂျင်စက်စုံ​တွေကို ပြည်သူ​တွေကို​ရောင်းမ​ပေးဖို့ ကန့်သတ်ထားတယ်လို့ အာဏာသိမ်းစစ်​ကောင်စီရဲ့ ​​ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်​ဇော်မင်းထွန်းက ဒီ​နေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အောက်ဆီဂျင် နဲ့ပတ်သက်ပြီး ပုဂ္ဂလိက ပိုင်တဲ့ဟာကို ကန့်သတ်တာရှိပါတယ်။ တစ်ဦးချင်းကိုဖြည့်မပေးဘဲနဲ့ အဓိကလိုအပ်တဲ့ဆေးရုံတွေကိုသာဖြည့်ပေးဖို့ ကန့်သတ်ချက်ရှိတယ်။ တကယ်လိုအပ်သူတွေအနေနဲ့ သက်ဆိုင်ရာနယ်မြေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းရဲ့ ထောက်ခံချက်နဲ့သွားရောက်ဖြည့်ဆည်းနိုင်ပါတယ်၊ အောက်ဆီဂျင်နဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ လိမ်လည်မှုတွေရှိနေကာ ပြည်သူတွေကလည်း မလိုဘပ်ဘဲ အောက်ဆီဂျင်ဖြည့်နေတဲ့အတွက် ကန့်သတ်လိုက်ရတာဖြစ်တယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

စစ်​ကောင်စီက​အောက်စီဂျင်စက်ရုံ​တွေကို ပုဂ္ဂလိက ​ရောင်းချ​နေတာ​တွေကိုတားမြစ်တဲ့အပြင် ​အောက်စီဂျင်အိုး​ရောင်းတာ​တွေကိုပါရပ်ဖို့ ​နေရာအချို့မှာ ဖိအား​ပေး​နေတယ်လို့ ​ဒေသခံအချို့က​ ပြောပါတယ်။

အာဏာသိမ်းစစ်​ကောင်စီလက်ထက်မှာကိုဗစ်တတိယလှိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါးကြုံ​နေရပြီး ပြည်သူ​တွေက ကိုယ့်အားကိုယ်ကိုးရင်ဆိုင်​နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီလက်အောက်ခံ Non CDM များ အလင်းဝင်ရန် တိုက်တွန်းချက်များ ဆက်တိုက်ထုတ်ပြန်နေသည်။

သတင်း

ကောလင်းမြို့၊မီးရထားရပ်ကွက်အတွင်း စစ်ကောင်စီအုပ်စုရောက်ရှိနေစဉ် ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က နေ့လယ်၂နာရီ ၂၀မိနစ်၌ အနီးကပ်ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်​ကြောင်းသိရသည်။

သတင်း

အဆိုပါ ပစ်ခတ်မှုသည် ယမန်နေ့ (ဇူလိုင်၂၂ ရက်) ညနေ ၆နာရီခန့်က ဇင်းကျိုက်မြို့၊ ဥတ္တံတားကျေးရွာ ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးဘေးရှိ ကျော်ကြီးစားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။