Connect with us

Hi, what are you looking for?

News

အောက်စီဂျင်ရရန် စက်ရုံတွင်တန်းစီ​နေသူ​တွေကို စစ်​ကောင်စီတပ် ​သေနတ်ဖြင့်ပစ်လူစုခွဲ

စစ်​ကောင်စီက​အောက်စီဂျင်စက်ရုံ​တွေကို ပုဂ္ဂလိက ​ရောင်းချ​နေတာ​တွေကိုတားမြစ်တဲ့အပြင် ​အောက်စီဂျင်အိုး​ရောင်းတာ​တွေကိုပါရပ်ဖို့ ​နေရာအချို့မှာ ဖိအား​ပေး​နေတယ်လို့ ​ဒေသခံအချို့က​ ပြောပါတယ်။

ရန်ကုန်မြို့ ​တောင်ဒဂုံစက်မှုဇုန်မှာ ​အောက်စီဂျင်ရဖို့အတွက် ညအချိန်ထိတန်းစီ​စောင့်ဆိုင်း​နေသူ​တွေကို အာဏာသိမ်း​စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက ယခုည ၁၀ နာရီ ၂၀ မီနစ်ဝန်းကျင်မှာ ​သေနတ်နဲ့ပစ်လူစုခွဲခဲ့ပါတယ်။

အခြားမြို့​တွေလိုပဲ ရန်ကုန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ​တွေများတာ​ကြောင့် ​အ​ရေး​ပေါ်အောက်စီဂျင်လိုအပ်​နေသူ​တွေများ​နေတာမှာ ​အောက်စီဂျင်ရတဲ့​နေရာတိုင်းမှာ လူ​တွေကနာရီ​ပေါင်းများစွာ​တန်းစီ စောင့်ဆိုင်းကြရပါတယ်။

ဒီည ( ဇူလိုင် ၁၂ ) မှာ​တောင်ဒဂုံစက်မှုဇုန်က ​အောက်စီဂျင်စက်ရုံမှာ လူ​ပေါင်းရာ​ပေါင်းများစွာက ည ၁၀ နာရီ​ကျော်ချိန်အထိ တန်းစီ​စောင့်ဆိုင်း​နေတာမှာ ည ၁၀ နာရီ ၂၀ မီနစ်ဝန်းကျင်မှာ အာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက မကူညီဘဲ ​သေနတ်နဲ့ပစ်ပြီးလူစုခွဲခိုင်းတယ်လို့ အဲဒီ​နေရာကို​ရောက်ရှိ​နေသူအချို့က ​ပြောပါတယ်။

ပြည်သူ​တွေက ​အောက်စီဂျင်မလိုဘဲနဲ့ဝယ်​နေကြတဲ့အတွက် ​အောက်စီဂျင်စက်စုံ​တွေကို ပြည်သူ​တွေကို​ရောင်းမ​ပေးဖို့ ကန့်သတ်ထားတယ်လို့ အာဏာသိမ်းစစ်​ကောင်စီရဲ့ ​​ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်​ဇော်မင်းထွန်းက ဒီ​နေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ အောက်ဆီဂျင် နဲ့ပတ်သက်ပြီး ပုဂ္ဂလိက ပိုင်တဲ့ဟာကို ကန့်သတ်တာရှိပါတယ်။ တစ်ဦးချင်းကိုဖြည့်မပေးဘဲနဲ့ အဓိကလိုအပ်တဲ့ဆေးရုံတွေကိုသာဖြည့်ပေးဖို့ ကန့်သတ်ချက်ရှိတယ်။ တကယ်လိုအပ်သူတွေအနေနဲ့ သက်ဆိုင်ရာနယ်မြေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းရဲ့ ထောက်ခံချက်နဲ့သွားရောက်ဖြည့်ဆည်းနိုင်ပါတယ်၊ အောက်ဆီဂျင်နဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ လိမ်လည်မှုတွေရှိနေကာ ပြည်သူတွေကလည်း မလိုဘပ်ဘဲ အောက်ဆီဂျင်ဖြည့်နေတဲ့အတွက် ကန့်သတ်လိုက်ရတာဖြစ်တယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

စစ်​ကောင်စီက​အောက်စီဂျင်စက်ရုံ​တွေကို ပုဂ္ဂလိက ​ရောင်းချ​နေတာ​တွေကိုတားမြစ်တဲ့အပြင် ​အောက်စီဂျင်အိုး​ရောင်းတာ​တွေကိုပါရပ်ဖို့ ​နေရာအချို့မှာ ဖိအား​ပေး​နေတယ်လို့ ​ဒေသခံအချို့က​ ပြောပါတယ်။

အာဏာသိမ်းစစ်​ကောင်စီလက်ထက်မှာကိုဗစ်တတိယလှိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါးကြုံ​နေရပြီး ပြည်သူ​တွေက ကိုယ့်အားကိုယ်ကိုးရင်ဆိုင်​နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

နိုင်ငံတကာ

လူတွေ အစုလိုက် သေဆုံးခဲ့တဲ့ ဘွန်ဒီကမ်းခြေ အကြမ်းဖက် ပစ်ခတ်မှုကြီး အပြီးမှာတော့ ဩစတြေးလျ အစိုးရဟာ အရပ်သားတွေဆီက သေနတ်တွေကို ပြန်လည် ဝယ်ယူ သိမ်းဆည်းဖို့ စီစဉ်နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ လုံးထွေး သတ်ပုတ်ရာက မြန်မာ လူငယ် တစ်ဦးဟာ အသက် ၇၀ အရွယ် ထိုင်းအမျိုးသားကြီး တစ်ဦးကို သေနတ်နဲ့ ပစ်သတ်မိခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

ခုနှစ်ပေခန့်ရှည်ပြီး သစ်သားဖြင့်လုပ်ထားသည့် အပေါက် ခြောက်ပေါက်ပါ ထိပ်တုံး (​ခေါ်) ခြောက်ပေါက်တွင် သေနတ် နှစ်လက် ထိပ်တုံးမိျနသည်။ ရဲ​ဘော် ၂ ဦးကသေနတ် ၂ လက်ကိုသက်ရှိများအလား ထိပ်တုံးခတ်လိုက်ခြင်းဖြစ်၏ ။

Facebook