Connect with us

Hi, what are you looking for?

News

နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ ချက်ချင်းလွှတ်ရန် စစ်ကောင်စီကို NUG သတိပေး၊ နိုင်/ကျဉ်းများအား ကိုဗစ်ရောဂါဖြင့် သေဆုံးစေရန် စစ်ကောင်စီ လုပ်နေ

အကျဉ်းထောင်များတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားသေဆုံးမှုများ ဖြစ်ပွားလျက်ရှိ သည့်ကိစ္စနှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီအား ပြင်းထန်စွာ သတိပေးကြောင်း အမိန့်ကြော်ငြာစာကို ကော်မရှင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(​တောင်ဒဂုံစက်မှုဇုန်တွင် ယမန်​နေ့ညက ​​အောက်ဆီဂျင်ဖြည့်ရန် စု​ဝေး​စောင့်ဆိုင်း​နေကြသူများ)

ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော နိုင်ငံရေးအကျဉ်း သားများကို COVID-19 ရောဂါ ကူးစက်ပြီး ထိခိုက်သေဆုံးစေရန် အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင် ၏ ယနေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အကျဉ်းထောင်များတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားသေဆုံးမှုများ ဖြစ်ပွားလျက်ရှိ သည့်ကိစ္စနှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီအား ပြင်းထန်စွာ သတိပေးကြောင်း အမိန့်ကြော်ငြာစာကို ကော်မရှင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံအကျဉ်းသားများအနေဖြင့် COVID-19 ရောဂါကူးစက်မှုကြောင့် ထိခိုက်သေဆုံးမှုများ မဖြစ်ပွားစေရန်နှင့် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူရရှိနိုင်စေရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် သတိပေးကြောင်း ဖော်ပြခဲ့သည်။

သို့တည်းမဟုတ်ပါက ဖြစ်ပေါ်လာသော အကျိုးဆက်များအားလုံးကို အကြမ်းဖက် စစ်ကောင်စီက တာဝန်ယူရမည်ဖြစ်ပြီး လူမဆန်သောအဆိုပါလုပ်ရပ်များအတွက် ပြည်သူ့ဆန္ဒအရ တရား ဥပဒေနှင့်အညီ ပြင်းပြင်း ထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုလက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွား၊ သေဆုံးမှုများ ကြောက်ခမန်းလိလိ ဖြစ်ပွားလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီသည် လူသားချင်း စာနာထောက်ထားမှုမရှိဘဲ မိမိအာဏာတည်မြဲရေး ကိုသာရှေးရှု၍ ပြည်သူလူထုအားဖိနှိပ်ရာတွင် COVID-19 ရောဂါကို လက်နက်သဖွယ် အသုံးချလျက်ရှိသည်ကို တွေ့မြင်နေရကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ထို့အပြင် လူ့အခွင့်အရေးတစ်ရပ်ဖြစ်သော လူတိုင်း လွတ်လပ်စွာ ဆေးကုသ ပိုင်ခွင့်ကို နည်းမျိုးစုံဖြင့် ပိတ်ပင်တားဆီးလျက်ရှိနေသည်ကို သက်သေသာဓက အမြောက်အမြားနှင့်တကွ တွေ့ရှိနေရကြောင်း၊ ယခုအချိန်အခါတွင် ပြည်သူလူထုသည် “ပြေးစရာ မြေမရှိ” ဆိုသကဲ့သို့ စိတ်ဓာတ် လုံခြုံမှု မရှိဘဲ နေ့စဉ်နှင့်အမျှ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲကြီးစွာ ခံစားနေရသည်ကိုလည်း ကြားသိနေရသည်ဟု NUGက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။