Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ ဖမ်းခေါ်သွားသည့် စစ်ရှောင်ပြည်သူ ၂၂ဦးအနက် နှိပ်စက်သတ်ဖြတ်ထားသည့် အလောင်း ၁၆လောင်းတွေ့ရှိဟု ကနီPDF ထုတ်ပြန်

စစ်ကောင်စီအကြမ်းဖက်အဖွဲ့သည်မိမိတို့၏ အာဏာရရှိရေးအတွက် ပြည်သူလူထု၏ အသက် အိုး အိမ် စည်းစိမ်များကိုဌာပနာ၍ အဓမ္မလုပ်ဆောင်လျက်ရှိနေသည်ကို နိုင်ငံတကာမှ သိစေလိုပြီးမြန်မာပြည်သူအများ အလိုအပ်ဆုံးသောဒီမိုကရေစီရရှိရေးအတွက် ဝိုင်းဝန်းကူညီပေးပါရန် မေတ္တာရပ်ခံကြောင်း ကနီ PDFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည့် ကနီမြို့နယ် ကျေးရွာဒေသခံ အများစု ပါဝင်သော စစ်ရှောင်ပြည်သူ ၂၂ဦးအနက် ပြည်သူ ၁၆ဦး၏ ရုပ်အလောင်းကို နှိပ်စက်သတ်ဖြတ်ခံရသည့် ဒဏ်ရာ များဖြင့် ပြန်လည်တွေ့ရှိကြောင်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့သတင်းထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် ဇူလိုင် ၉ရက်က ကနီမြို့နယ် ၊ ချင်းတွင်းမြစ်ကမ်းအရှေ့ဘက်ရှိဗမာ တိုင်းရင်းသား အများစုနေထိုင်ရာ ယင်းကျေးရွာအုပ်စုအတွင်းသို့ ဝင်ရောက်လာရာ ယင်းရွာ နှင့် ကုန်းသာ ကျေး ရွာများမှအရပ်သားပြည်သူများ ၊ အခြားရွာများမှ စစ်ဘေးရှောင် ပြည်သူ များသည် တောတောင်များနှင့် ယာခင်း များဆီသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ယင်းသို့ ထွက်ပြေးတိမ်းရှောင်ရာနေရာများသို့ စစ်ကောင်စီတပ်များ လိုက်လံပစ်ခတ်ရာဖွေခဲ့ရာ ဇူလိုင် ၉ရက်နှင့် ၁၀ရက်နေ့များတွင် ပြည်သူ ၂၆ဦးကို ဖမ်းခေါ်သွားပြီး ယင်းတို့အထဲမှာ အမျိုးသမီးလေးဦးကို ပြန်လွှတ်ပေး ခဲ့ကြောင်း၊ ကျန်နေသူများကို စစ်ကောင်စီတပ်များက ရက်စက်စွာနှိပ်စက်ညှင်းပမ်း သတ်ဖြတ်ခဲ့ ကြောင်း ကနီ PDFက ထုတ်ပြန်သည်။

ထိုသို့ သတ်ဖြတ်ခဲ့ရာ ဇူလိုင် ၁၁ရက်တွင် ယင်းရွာမှ စစ်ဘေးရှောင်အမျိုးသား(၂)ဦးနှင့် ကုန်းသာ ရွာမှ စစ်ဘေးရှောင်အမျိုးသား (၁)ဦး၏ ရုပ်အလောင်းများကိုလည်း ကောင်း၊ ဇူလိုင် ၁၂ရက်တွင်ယင်းရွာမှ စစ်ဘေးရှောင် အမျိုးသား(၁၁)ဦး နှင့် ထောက်ကြံ့ကုန်းရွာမှ စစ်ဘေးရှောင်အမျိုးသား(၁)ဦး၊ ရေဦးမြို့နယ် ပလူဇဝရွာမှ စစ်ဘေးရှောင် အမျိုးသား ၁ဦး တို့၏ ရုပ်အလောင်းများကို လည်းကောင်း ကုန်းသာရွာအနီး တောထဲ၌ တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များ သတ်ဖြတ်ခဲ့သည့် အရပ်သားပြည်သူများ၏ ရုပ်အလောင်းများတွင် ခန္ဓာကိုယ်၊ မျက်နှာ ၊ လည်ပင်း ၊ ဦးခေါင်း ၊ ဝမ်းဗိုက်တို့ကို ဓားဖြင့်မွှန်းခံထားရသည်ကို တွေ့ရသည်ဟု ဆိုသည်။

ထို့ပြင် ခြေထောက်ကိုကြိုးတုတ်လက်နောက်ပြန်ကြိုးတုတ် ၊ ဝတ်ဆင်ထားသောအင်္ကျီဖြင့် မျက်နှာကို လှန်အုပ်ကာသေဆုံးလျက်ရှိခြင်း၊ အချို့သော အလောင်းများမှာ လက်နှင့်ခြေထောက်များ ဖြတ်ခံထားရခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံး ရိုက်နှက်ခံထားရသောဖူးယောင်နေသည့် ဒဏ်ရာများကိုတွေ့ရခြင်း ၊ သေနက်ဒဏ်ရာ များကို ဦးခေါင်းနှင့် နဖူးတွင်တွေ့ရခြင်း ၊ လေးယောက်တစ်တွဲ ၊ နှစ်ယောက်တစ်တွဲ ၊တစ်ယောက်ချင်း ကြိုးတုတ်၍ ခြောက်ကမ်းပါးများ ၊ တောင်အတတ်အဆင်းများ ၊ မြေပဲခင်းများနှင့် တောအစပ်များတွင် ခွဲ၍ သတ်ခံထားရခြင်းများ တွေ့ရှိရသည်ဟု ကနီ PDFက ထုတ်ပြန်သည်။

ယင်းကဲ့သို့ စစ်ကောင်စီ၏ လုပ်ရပ်များသည်နိုင်ငံ တကာဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါလူ့အခွင့်အရေးများကို ပြောင်ပြောင် တင်းတင်း ခြိုးဖောက်သည့် လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှု့ကိုကျုးလွန်ခြင်းသာဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့သည်မိမိတို့၏ အာဏာရရှိရေးအတွက် ပြည်သူလူထု၏ အသက် အိုး အိမ် စည်းစိမ်များကိုဌာပနာ၍ အဓမ္မလုပ်ဆောင်လျက်ရှိနေသည်ကို နိုင်ငံတကာမှ သိစေလိုပြီးမြန်မာပြည်သူအများ အလိုအပ်ဆုံးသောဒီမိုကရေစီရရှိရေးအတွက် ဝိုင်းဝန်းကူညီပေးပါရန် မေတ္တာရပ်ခံကြောင်း ကနီ PDFက ထုတ်ပြန်သည်။

ယခုကဲ့သို့ မိမိတို့မြို့နယ်အတွင်းရှိပြည်သူအများ၏ အသက်အိုးအိမ်စည်းစိမ်များပျက်စီး ဖျက်ဆီးခံခဲ့ရ ၊ အရပ်သားပြည်သူ (၁၆)ဦးကို အစုလိုက် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်း၏ အဓိကအကြောင်းအရင်းမှာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ မတရား အာဏာသိမ်းခဲ့၍ဖြစ်ရာ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြည်သူအများ ယုံကြည်အားထားရသော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လမ်းညွှန်ဦးတည်ချက်များနှင့်အညီ မြန်မာ့နွေဦးတော်လှန်ရေး ဒီမိုကရေစီအောင်ပွဲရရှိသည်အထိရရာလက်နက်ကိုင်စွဲ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ စော်ဘွားရေရှင်ကျေးရွာအနီးကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီလ ၁၈ရက်) နံနက် ၇နာရီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပါတ်မြို့နှင့် အင်းတော်မြို့နယ်၊ မော်လူးမြို့တို့တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီက ပိိုက်စိပ်တိုက်စစ်ဆေးရာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း အဆိုပါမြို့နယ်ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇန်နဝါရီ ၁၇ရက်)သတင်းထုတ်ပြန်သည်။