Connect with us

Hi, what are you looking for?

News

အာဏာသိမ်းစစ်တပ်ကပစ်သတ်မှုကြောင့် ကျဆုံးခဲ့သည့်ပြည်သူ ၉၃၉ဦးအထိရှိပြီဟု အေအေပီပီထုတ်ပြန်

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ဦးအနက်မှ မျက်ကွယ်သေဒဏ် ချမှတ်ခြင်းခံထားရသူ ၃၉ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ်ချမှတ် ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

-ဖမ်းဆီးချုပ်နှောင်ထားသူ ၅၄၄၂ဦးရှိပြီး ၂၅၅ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရ

စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့ (ဇူလိုင်၂၉ရက်)အထိ ၉၃၉ ဦးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် အေအေပီပီမှ ကောက်ယူရရှိထားသည့် အရေ အတွက်ဖြစ်ပြီး အဆိုပါအရေ အတွက်ထက် ပိုများနေနိုင်သည်ဟု ဆိုသည်။

ယမန်နေ့က ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်နှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူသုံးဦး၏ အချက်အလက်များကို ယနေ့ကောက်ယူရရှိနိုင်ခဲ့ပြီး ယနေ့ကျဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း အေအေပီပီက ထုတ်ပြန်သည်။

အေအေပီပီ၏ မှတ်တမ်းများအရ ဖေဖော်ဝါရီ၁ ရက်မှ ယနေ့(ဇူလိုင်၃၀ ရက်)အထိ ဖမ်းဆီးချုပ်နှောင် ခြင်းခံ ထားရသူ စုစုပေါင်း ၅၄၄၂ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း ဖော်ပြ ထားသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချ မှတ်ခံထားရကြောင်း အေအေပီပီက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ဦးအနက်မှ မျက်ကွယ်သေဒဏ် ချမှတ်ခြင်းခံထားရသူ ၃၉ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ်ချမှတ် ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ယမန်နေ့ (ဇူလိုင် ၂၉) ညနေပိုင်းက အရပ်ဝတ်များ ဝတ်ဆင်ထားသော အကြမ်းဖက်စစ်အုပ်စုမှ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မြတောင်ကျောင်းတိုက်အတွင်းရှိ ရွှေဝါဝင်းကျောင်းတိုက်၊ ဇမ္ဗူအေးစာချ ကျောင်းတိုက်နှင့် သာယာဝန်းကျောင်းတိုက်တို့ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ရွှေဝါဝင်းကျောင်းတိုက်၏ လက်ထောက်ဆရာတော် ဦးကောသလ၊ ဝိစာချကျောင်းတိုက်ဆရာတော် ဦးဩဘာသ နှင့် ကျောင်းသား နှစ်ဦးတို့ကို ဖမ်းဆီးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အကြမ်းဖက်စစ်အုပ်စုကမူ မြတောင်ကျောင်းတိုက်အတွင်း ဖောက်ခွဲရေးတာဝန်ခံ နေလဝင်း(ခ)နို့ဆီဘူးအား ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု စွပ်စွဲထုတ်ပြန်ထားသည်။ ရွှေဝါဝင်းကျောင်းတိုက်အတွင်း မွှေနှောက် ရှာဖွေနေသည့်အချိန်၌ သေတ္တာများကို ရိုက်ဖွင့်သည့်အသံများ၊ အော်ဟစ်သံများနှင့် ကျောင်းတွင်ရှိသည့် အမျိုးသမီးတစ်ဦးကို ရိုက်နှက်သည့် အသံများကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းခံထားရ၍ အောက်ဆီဂျင်ရှူနေရသည့် ရွှေဝါဝင်းကျောင်းတိုက်ဆရာတော် ဦးပညာသီရိဘိဝံသသည် အမောဖောက် လာသည့်အတွက် ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ ပျံလွန်တော်မူသွားကြောင်းလည်း ဖော်ပြထားသည်။
ထို့အပြင် ယမန်နေ့ (ဇူလိုင် ၂၉) ညအချိန်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာ နှင့် လဘန်ကျေးရွာကြားရှိ ခလရ (၅၈) ၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် ခလရ (၅၈) တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ခလရ (၅၈) မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်သည် လဘန်ကျေးရွာရှိ ကုမ္ပဏီဝင်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့၍ ကုမ္ပဏီလုပ်သား ကိုအောင်းလီကိုထိမှန်ကာ ကျဆုံးသွားခဲ့ပြီး ကျန်အလုပ်သမားတစ်ဦးသည်လည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု အေအေပီပီက ဆိုသည်။
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကြည့်ငိုတောင်တွင် ယမန်နေ့ (ဇူလိုင် ၂၉ရက်) က အကြမ်းဖက်စစ်အုပ်စု၏ တပ်မှ ထောင်ထားသည့် မိုင်းနင်းမိပြီး သစ်ညီနောင်ကျေးရွာမှ အရပ်သားနှစ်ဦးဖြစ်သည့်ကိုမင်းထိုက်နှင့် ကိုနိုင်မင်း တို့ ကျဆုံးသွားခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်းစစ်တပ်က ဆုံးရှုံးထားတဲ့မြို့အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေးဦးမော့လာချိန်မှာ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းမှာတော့ တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းတွေကို မတ်လ ဒုတိယအပါတ်မှာ ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ် ။

သတင်း

မတ်-၁၉၊ ၂၀၂၆။သော်မွန်/People’s Spring ပြည်သူလူထု ရွေးချယ်တင်မြှောက်ခဲ့တဲ့ အရပ်သားအစိုးရဆီကနေ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေက ၂၀၂၆ စစ်တပ်လွှတ်တော်ကို ဦးဆောင်သူတွေ ဖြစ်လာပါတယ်။ စစ်အာဏာသိမ်းမှု ဦးဆောင်သူတွေထဲ ပါဝင်မှုကြောင့် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက...