ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၃) နှစ်မြောက်နေ့တွင်ရန်ကုန်မြို့လယ် ဆူလေလမ်းနှင့် အနော်ရထာလမ်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက လိုင်စင်မပါသော Nissanကားတစ်စီးဖြင့် လှည့်လည်နေကြောင်း မျက်မြင်တွေရှိသူအချို့က ပြောသည်။
နစ်ဆန်း Clipper အမျိုးအစား နံပတ်မပါကားဖြင့် လှည့်လည်နေခြင်းဖြစ်သည်။ထိုကားမှာတစ်ခါတစ်ရံတွင် 5G- ဖြင့်စသောနံပတ်ကိုတပ်ထားကြောင်း မြင်တွေ့ဖူးသူအချို့က ပြောသည်။
ထိုကားသည် ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင် ယခင်အပတ်က ဆန္ဒပြမည်ဟုသတင်းရသောနေရာတွင် စစ်ကောင်စီတပ်များက အရပ်ဝတ်ဖြင့် လာရောက်စောင့်ဆိုင်းစဥ် ထိုကားမှာလည်း အဆိုပါနေရာအနီးတွင်ရှိခဲ့ကြောင်း မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။
