Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရှစ်​လေးလုံးပြည်သူ့အရေးတော်ပုံ ၃၅ နှစ်မြောက်လူထုဆန္ဒပြပွဲ လန်ဒန်တွင်ကျင်းပမည်

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim) အပါအဝင် ယူကေရှိ တော်လှန်ရေးမိသားစုဝင်များက ၂၆မိုင် လမ်းလျှောက်၍နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေကြမည် ဖြစ်ကြောင်းလည်း စီစဥ်သူများထံမှသိရသည်။

ရှစ်​လေးလုံးပြည်သူ့အရေးတော်ပုံ ၃၅ နှစ်မြောက်လူထုဆန္ဒပြပွဲ လန်ဒန်တွင်ကျင်းပမည်
ရှစ်​လေးလုံးပြည်သူ့အရေးတော်ပုံ ၃၅ နှစ်မြောက်လူထုဆန္ဒပြပွဲ လန်ဒန်တွင်ကျင်းပမည်

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် လာမည့် သြဂုတ် ၅ ရက်၌ ရှစ်​လေးလုံး(၈၈၈၈) ပြည်သူ့အရေးတော်ပုံ ၃၅ နှစ်မြောက် အထိမ်းအမှတ် လူထုဆန္ဒပြပွဲ ကျင်းပမည် ဖြစ်သည်။

အဆိုပါ လူထုဆန္ဒပြပွဲကို သြဂုတ် ၅ ရက် နေ့လည် ၂ နာရီတွင် ပါလီမန်ရင်ပြင်တွင် စတင်ကျင်းပမည် ဖြစ်ပြီး ယင်းရင်ပြင်မှ ဗြိတိနိဝန်ကြီးချုပ်နေထိုင်ရာ ဒေါင်းနမ်းလမ်းသို့ ချီတက်ဆန္ဒပြမည် ဖြစ်ကြောင်း ယူကေရှိ တော်လှန်ရေးမိသားစုဝင်များက ဖော်ပြထားသည်။​ဒေါင်းနင်းလမ်းတွင် ၁ နာရီ ခန့် ဆန္ဒထုတ်​ဖော်ကြမည်ဟုသိရသည်။

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim) အပါအဝင် ယူကေရှိ တော်လှန်ရေးမိသားစုဝင်များက ၂၆မိုင် လမ်းလျှောက်၍နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေကြမည် ဖြစ်ကြောင်းလည်း စီစဥ်သူများထံမှသိရသည်။

၈၈၈၈ ကာလမှ ယခုထက်ထိတိုင် တော်လှန်နေသူများကို ဂုဏ်ပြုလေးစားသည့်အနေဖြင့်​ရော ၊ ဗြိတိန်အစိုးရနှင့် နိုင်ငံတကာကို မြန်မာပြည်ဖွားများက သွေးမအေးကြောင်း ပြသသည့်အ​နေဖြင့်​ရော လူထုဆန္ဒပြပွဲနှင့် လမ်းလျှောက်ရန်ပုံငွေပွဲတို့တွင် ပါဝင်ပေးကြရန် ယူကေရှိ တော်လှန်ရေးမိသားစုဝင်များက တိုက်တွန်းခဲ့သည်။

Public Service Announcement

Public Service Announcement

“၈၈၈၈ အရေးတော်ပုံဟာ ၃၅နှစ်ပြည့်တော့မယ်။ အဲဒီကတည်းက တောင်းယူလာခဲ့တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ဒီမိုကနေစီစနစ်ကတော့ အခုထိ ပြည်သူ့လက်ထဲ မရောက်သေးပါဘူး။ ဒါပေမဲ့ ရောင်နီသန်းလို့ မကြာမီ မိုးလင်းလာပါတော့မယ်။ ဒီအချိန်မှာ အားလုံးစုစည်းပါဝင်နေကြောင်း နိုင်ငံ

တကာကို ပြဖို့ လိုသလို စစ်အာဏာရူးတွေကိုလည်း ပြဖို့ လိုပါတယ်။ ဒီလောက်တော့ မြန်မာပြည်ဖွားတိုင်း လုပ်နိုင်ကြမယ်လို့ ထင်ပါတယ်။ ၈၈၈၈ အထိမ်းအမှတ်ပွဲများကို ကမ္ဘာတဝှမ်း တတ်နိုင်သလောက် ပါဝင်ပေးကြပါ” ဟု ယူကေမိသားစုဝင်များက နှိုးဆော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီမှ လုံခြုံရေး အထူးတင်းကြပ်ထားသည့် ကြားမှ ယမန်နေ့က လူထုသပိတ်တိုက်ပွဲတရပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့်အတူ ကိုနန်းလင်းနှင့် သပိတ်အင်အားစုများက ယမန်နေ့တွင် မြောက်ဒဂုံဈေး၌ ပြုလုပ်ခဲ့သည်။

နိုင်ငံတကာ

ထိုင်းလွှတ်တော်ဟာ ဇူလိုင် ၂၇ ရက်မှာ ဝန်ကြီးချုပ်သစ်ကို မဲခွဲဆုံးဖြတ် ရွေးချယ်ဖို့ ရှိနေပြီး ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ PTPက ဘယ်သူ့ကို အဆိုပြုမလဲ ဆိုတာကို အကျေအလည် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

သတင်း

ဒီဖြစ်ရပ်မှာ အိန္ဒိယဘက်က စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ကန့်ကွက်မှုမလုပ်သလို လေပိုင်နက် ကျုးကျော်ခံရတာမျိုးမရှိတဲ့အပြင် ပိုက်နက်နယ်မြေထဲ ဗုံးကျတာမရှိဘူးလို့ တုံ့ပြန်ခဲ့တာရှိခဲ့ပါတယ်။

သတင်း

မြန်မာပြည်တွင်းတွင် ပြည်သူများက အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန့်ကျင်ဆန္ဒပြကြ သကဲ့သို့ ယူကေရောက် တိုင်းရင်းသားညီအစ်ကို မောင်နှမများကလည်း လန်ဒန်မြို့လယ်ရှိ Trafalgar Square တွင် ဆန္ဒပြပွဲ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။