Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံအားပေးနေတယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးပြော

ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ပတ်သက်လို့ ဗြိတိန်အပါအဝင် အနောက်နိုင်ငံအချို့ကလည်း မြန်မာပြည်သူ လူထုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ အခြေခံအကျဆုံးလွတ်လပ်ခွင့်တွေကို‌ လေးစားတန်ဖိုးထားဖို့တောင်းဆိုနေကြသူတွေကို အမေရိကန်ကဆက်လက်ထောက်ခံအားပေးနေတယ်လို့ နိုင်ငံခြား ရေးဝန်ကြီး ဘလင်ကင်က မနေ့က ထုတ်ဖော်ပြောဆိုပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ၃၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ဆယ်စုနှစ်များစွာကြာအောင် ရုန်းကန်လှုပ်ရှားနေကြရတဲ့ မြန်မာပြည်သူလူထုကို အမှတ်ရဂုဏ်ပြုတယ်လို့လည်း အန်တိုနီယိုဘလင်ကင်က တွစ်တာမှာရေးသားဖော်ပြပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ပတ်သက်လို့ ဗြိတိန်အပါအဝင် အနောက်နိုင်ငံအချို့ကလည်း မြန်မာပြည်သူ လူထုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ဗြိတိန်ဟာ အာဏာသိမ်းမှုနဲ့ အပြစ်မဲ့အရပ်သားအပေါ် အကြမ်းဖက်မှုကို တစိုက်တမတ်ဆန့်ကျင်ပြီး မြန်မာ နိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ပေးရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။