စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ရှိ ဆားလင်းကြီးမြို့ မြောက်ဘက်ကမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် တော်လှန်ရေး ၁၅၂ရက်မြောက်အဖြစ် ယနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံကြောင်းချီတက်ဆန္ဒပြခဲ့ကြသည်။
ထို့အပြင် ကဗျာဆရာခက်သီကျဆုံးခြင်း ၃လပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ‘ကဗျာဆရာကို သတ်တာဟာ ကောင်းကင်ကို မီးရှို့တာပဲ’ စာရွက်များကိုင်ဆောင်၍ အနက်ရောင်ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း ပြည်သူ့ မီဒီယာ ကွန်ယက်-မုံရွာက ထုတ်ပြန်သည်။