Connect with us

Hi, what are you looking for?

News

ဘယ်လိုအခက်အခဲပဲရှိရှိ ပြည်သူတွေရဲ့လိုလားတောင့် တမှုကို အကောင်အထည်ဖော်ရမယ်လို့ NUG ယာယီသမ္မတပြော

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးကို ဒီနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ယာယီသမ္မတက NUG ဟာ ပြည်သူလူထုက ယုံကြည်စိတ်ချစွာ တာဝန်အပ်နှင်းထားခြင်းခံရသူတွေပီပီဘယ်လိုပင် အခက်အခဲရှိစေကာမူ ပြည်သူတွေရဲ့လိုလားတောင့်တမှုကို အကောင်အထည်ဖော်ရ မယ်လို့ပြောပါတယ်။

ပြည်သူတွေလိုလားတောင့်တတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစံစနစ်တည်ဆောက်ရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းသာယာဝ ပြောရေးတို့ကို မျက်ခြေမပြတ် သတိဝီရိယကြီးစွာ အကောင်အထည်ဖော်ဖို့လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးကို ဒီနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ယာယီသမ္မတက NUG ဟာ ပြည်သူလူထုက ယုံကြည်စိတ်ချစွာ တာဝန်အပ်နှင်းထားခြင်းခံရသူတွေပီပီဘယ်လိုပင် အခက်အခဲရှိစေကာမူ ပြည်သူတွေရဲ့လိုလားတောင့်တမှုကို အကောင်အထည်ဖော်ရ မယ်လို့ပြောပါတယ်။

NUG အစိုးရအဖွဲ့ဟာ မကြာခင် ပိုမို ခက်ခဲတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ကြရတော့မှာ ဖြစ်တာကြောင့် ကြိုတင်တွက်ဆကာ စီမံချက်တွေချထားရန်လိုအပ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ၃၃ နှစ် မြောက် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အမှတ်တရအခမ်းအနားတွေကို နိုင်ငံတကာမှာ ကျင်းပနိုင်ခဲ့တာကြောင့် ပြည်ပရောက်မြန်မာ တွေကိုကျေးဇူးတင်ကြောင်းနဲ့ ပြည်တွင်းမှာလည်း အခက်အခဲ အဖမ်းအဆီးတွေကြားထဲကပင် တော်လှန်ရေးလုပ်ဆောင်နေတဲ့ပြည်သူတွေကို ကျေးဇူးတင်ကြောင်းပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတွေဟာ ကပ်ရောဂါဒဏ်ဖိစီးနှိပ်စက်နေတဲ့ကြားထဲကပင် တော်လှန်ရေးအတွက် ဘယ်တော့မှ သွေးမအေးသွားဘူးဆိုတာကို သက်သေပြလိုက်တာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့အရေးကိစ္စအတွက် အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်လိုက်တဲ့အတွက် ကြိုဆိုကြောင်းနဲ့ မကြာခင်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့တွေ့ဆုံဖို့ရှိတဲ့အကြောင်း ဝန်ကြီးချုပ်က အသိပေးပါတယ်။

NUG ဘက်က ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနတွေကို ကောင်းစွာသုံးသပ်ပြီး ဝိုင်းဝန်းအဖြေရှာပေးနိုင်မယ်လို့လည်း မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမဆန်မှုတွေအတွက် ယခုတစ်ပတ်အတွင်းမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ လူ့အခွင့်အရေးဝန်ကြီး၊ တရားရေးဝန်ကြီးတွေ ဦးဆောင်ပြီး အချက်အလက်များစုဆောင်းကာ အကြမ်းဖက်စစ်ကောင်စီကို တရားစွဲ ဆိုနိုင်တဲ့အထိ အစီရင်ခံစာထွက်နိုင်ဖို့ကြိုးပမ်းနေတယ်လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။