Connect with us

Hi, what are you looking for?

News

ဗိုလ်တထောင် ၄၄လမ်းရှိတိုက်ခန်းကို အကြမ်းဖက်စစ်သားများဝင်စီး၍ လူငယ်ငါးဦးခုန်ချရာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

“ကလေးတွေကို လာဖမ်းတာအင်အားလည်းများတော့ ကလေးငါးယောက်က တိုက်ခေါင်မိုးပေါ် တက်ပြေးရာကနေ ခုန်ချတာ”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၄လမ်း အောက်ဘလောက်ရှိ တိုက်ခန်းတစ်ခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းစဥ် အဆိုပါတိုက်ခန်းရှိ လူငယ်ငါးဦးကခုန်ချရာ နှစ်ဦးမှာ သေဆုံးသွားပြီး သုံးဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါလမ်းနေပြည်သူတစ်ဦးက People’s Spring သို့ပြောသည်။

“ကလေးတွေကို လာဖမ်းတာအင်အားလည်းများတော့ ကလေးငါးယောက်က တိုက်ခေါင်မိုးပေါ် တက်ပြေးရာကနေ ခုန်ချတာ”ဟု ၎င်းက ပြောသည်။

ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားပြီး ခုန်ချရာမှ ဒဏ်ရာရရှိသည့် လူငယ်သုံးဦးကိုလည်း အကြမ်းဖက်စစ်သား များက ရိုက်နှက်ခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယနေ့မွန်းလွဲပိုင်း ၁ နာရီ ၄၅ မိနစ်လောက်က ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းရှိ YMBA အဆောက်အဦးကို လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရပြီးနောက် ရန်ကုန်မြို့လယ်ရှိ လမ်းမနေရာအများအပြားကို စစ်သားများက တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာ အသက် (၇၁)နှစ်အရွယ် အမျိုးသမီး ၁ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ