Connect with us

Hi, what are you looking for?

LuduNwayOo

News

ဗိုလ်တထောင် ၄၄လမ်းရှိတိုက်ခန်းကို အကြမ်းဖက်စစ်သားများဝင်စီး၍ လူငယ်ငါးဦးခုန်ချရာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

“ကလေးတွေကို လာဖမ်းတာအင်အားလည်းများတော့ ကလေးငါးယောက်က တိုက်ခေါင်မိုးပေါ် တက်ပြေးရာကနေ ခုန်ချတာ”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၄လမ်း အောက်ဘလောက်ရှိ တိုက်ခန်းတစ်ခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းစဥ် အဆိုပါတိုက်ခန်းရှိ လူငယ်ငါးဦးကခုန်ချရာ နှစ်ဦးမှာ သေဆုံးသွားပြီး သုံးဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါလမ်းနေပြည်သူတစ်ဦးက People’s Spring သို့ပြောသည်။

“ကလေးတွေကို လာဖမ်းတာအင်အားလည်းများတော့ ကလေးငါးယောက်က တိုက်ခေါင်မိုးပေါ် တက်ပြေးရာကနေ ခုန်ချတာ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားပြီး ခုန်ချရာမှ ဒဏ်ရာရရှိသည့် လူငယ်သုံးဦးကိုလည်း အကြမ်းဖက်စစ်သား များက ရိုက်နှက်ခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယနေ့မွန်းလွဲပိုင်း ၁ နာရီ ၄၅ မိနစ်လောက်က ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းရှိ YMBA အဆောက်အဦးကို လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရပြီးနောက် ရန်ကုန်မြို့လယ်ရှိ လမ်းမနေရာအများအပြားကို စစ်သားများက တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။