Connect with us

Hi, what are you looking for?

News

ကုလမြန်မာကိုယ်စားလှယ်ရုံးရဲ့ ဝဘ်ဆိုက်ဖွင့်လှစ်လိုက်တယ်လို့ NUG ကြေညာ

တဲ့ ဝဘ်ဆိုက်(https://www.myanmarmissionnewyork.org/) မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးရဲ့ ဆောင်ရွက်နေမှုများ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့လှုပ်ရှားဆောင်ရွက်ချက်များကို ထုတ်လွှင့်တင်ဆက်သွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးရဲ့ တရားဝင်ဝဘ်ဆိုက်ကို ဖွင့်လှစ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြေညာပါတယ်။
လက်ရှိ ကုလသမဂ္ဂဌာနချုပ် နယူးယောက်မှာ မြန်မာပြည်သူလူထုနဲ့ NUG ကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရုံးထိုင်နေပြီး သူ့ကိုပဲကုလသမဂ္ဂက အခုထိ အသိအမှတ်ပြုလက်ခံထားပါတယ်။

အခုဖွင့်လှစ်လိုက်တဲ့ ဝဘ်ဆိုက်(https://www.myanmarmissionnewyork.org/) မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးရဲ့ ဆောင်ရွက်နေမှုများ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့လှုပ်ရှားဆောင်ရွက်ချက်များကို ထုတ်လွှင့်တင်ဆက်သွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံသား ၃၇ သန်းကျော်၊ နိုင်ငံလူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းအထိ ဆင်းရဲမွဲတေမှုထဲ နစ်မြုပ်လာပါတယ်။”

သတင်း

မြန်မာနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲအနေနဲ့ အမေရိကန် အစိုးရဟာ အာဏာသိမ်း စစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လာကြောင်း ရိုက်တာသတင်းဌာနရဲ့အထူးသတင်း​ပေးပို့ချက်က​ဖော်ပြလိုက်ပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

Facebook